Videos
၂ဝ၁၆ ခုနှစ် ဇီဝကမ္မဗေဒနှင့် ဆေးပညာဆိုင်ရာ နိုဘယ်လ်ဆု ဂျပန် ဇီဝဗေဒပညာရှင် ရရှိ
စတော့ခ်ဟိုးမ်၊ အောက်တိုဘာ ၄ ရက် (ဆင်ဟွာ)
၂၀၁၆ ခုနှစ်အတွက် ဇီဝကမ္မဗေဒနှင့် ဆေးပညာဆိုင်ရာ နိုဘယ်လ်ဆုကို ဂျပန်လူမျိုး ဇီဝဗေဒပညာရှင် ယိုရှီနိုရီ အိုဆုမိ(Yoshinori Ohsumi) က ရရှိခဲ့ကြောင်း အောက်တိုဘာလ ၃ ရက်တွင် ဆုရွေးချယ်ရေး ကော်မတီက ကြေညာလိုက်သည်။
ဂျပန်လူမျိုး ဇီဝဗေဒပညာရှင် ယိုရှီနိုရီ အိုဆုမိက ခန္ဓာကိုယ်တွင်း ဆဲလ်အစိတ်အပိုင်းများ သဘာဝအလျှောက် ပျက်စီးကာ ဆဲလ်အသစ်များ ပြန်လည် ဖြစ်ပေါ်ခြင်းဟူသော Autophagy ၏ ဖြစ်စဉ်အား ရှာဖွေတွေ့ရှိခဲ့သည့် အတွက် ယခုလို နိုဘယ်လ်ဆု ရရှိခဲ့ခြင်း ဖြစ်သည်။
Autophagy တွင် မျိုးဗီဇ သန္ဓေပြောင်းလဲမှုကြောင့် ကင်ဆာ၊ ဦးနှောက်နှင့် အာရုံကြောရောဂါ အပါအဝင် ရောဂါများ ဖြစ်ပွားစေနိုင်ကြောင်း သတင်းထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
အိုဆုမိအား ၁၉၄၅ ခုနှစ်တွင် ဂျပန်နိုင်ငံ ဖူကူအိုကာတွင် မွေးဖွားခဲ့ပြီး ၁၉၇၄ ခုနှစ်တွင် တိုကျို တက္ကသိုလ်မှ Ph.D ဘွဲ့ရရှိခဲ့သည်။ လက်ရှိတွင် အိုဆုမိသည် တိုကျို နည်းပညာ တက္ကသိုလ်၌ ပရော်ဖက်ဆာအဖြစ် လုပ်ကိုင်လျက်ရှိသည်။(Xinhua)