Connect with us

Videos

တရုတ်ရေတပ် စစ်သင်္ဘောများ မြန်မာနိုင်ငံ ချစ်ကြည်ရေး ခရီးစဉ် ပြီးဆုံး

ရန်ကုန် ၊ အောက်တိုဘာ ၄ ရက်(ဆင်ဟွာ)

မြန်မာ နိုင်ငံ သို့ ချစ်ကြည်ရေး ခရီး ရောက်ရှိ နေသည့် တရုတ် နိုင်ငံ ရေတပ် အမှတ်စဉ် ၂၃ ရေယာဉ် ကာကွယ်ရေး တပ်ဖွဲ့မှ XiangTan နှင့် ZhouShan စစ်သင်္ဘော တို့သည် မြန်မာနိုင်ငံသို့ ၅ ရက်ကြာ လည်ပတ်ရေး ခရီးစဉ် ပြီးဆုံးပြီး သီလဝါ ဆိပ်ကမ်း မှ ယနေ့တွင် ပြန်လည် ထွက်ခွာ သွားခဲ့ကြောင်း သိရသည်။

အောက်တိုဘာ ၂ ရက်နေ့တွင်စစ်သင်္ဘောပေါ်၌

ညစာ ဧည့်ခံပွဲ တစ်ရပ် ကျင်းပ ခဲ့ပြီး မြန်မာ ရေတပ်မတော်မှ စစ်ဦးစီးအရာရှိချုပ်(ရေ) ဗိုလ်ချုပ် မိုးအောင် နှင့် တပ်မတော် အရာရှိများ ၊ ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ၊ မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စတာဟုန်လျန် ၊ မြန်မာ နိုင်ငံ ဆိုင်ရာ စစ်သံမှူး များ နှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက် ခဲ့ပါသည်။

တရုတ်ရေတပ်မှ စစ်သဘောၤများသည် သီလဝါ ဆိပ်ကမ်းသို့ စက်တင်ဘာ ၃၀ ရက်နေ့တွင် ရောက်ရှိခဲ့ကြပြီးအောက်တိုဘာ ၃ ရက်နေ့တွင် သန်လျင်မြို့ရှိ သန်လျင် လူငယ် သင်တန်းကျောင်းသို့ သွားရောက်ခဲ့ကြသည်။ ယနေ့အောက်တိုဘာလ ၄ရက်နေ့တွင် မြန်မာနိုင်ငံခရီးစဉ်အဆုံးသတ်ပြီး သီလဝါဆိပ်ကမ်းမှပြန်လည်ထွက်ခွာသွားခဲ့ကြကြောင်းသိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.