Videos
၂၀၁၅ ရွေးကောက်ပွဲ အောင်မြင်ဖို့ ပူးပေါင်းဆောင်ရွက်မယ်လို့ မြန်မာ့တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကတိပြု
တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားမှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ် မှူးကြီးမင်းအောင်လှိုင်က လာမယ့် ၂၀၁၅ ရွေးကောက်ပွဲဟာ မြန်မာနိုင်ငံအတွက် ဒီမိုကရေဒီစနစ်ဖော်ဆောင်ရာမှာ အရေးကြီးတဲ့ မှတ်တိုင်ဖြစ်တာမို့ တပ်မတော်အနေနဲ့ ရွေးကောက်ပွဲအောင်မြင်အောင် တာဝန်ရှိတဲ့အဖွဲ့အစည်းတွေ၊ ပြည်သူတွေနဲ့အတူ လက်တွဲဆောင်ရွက်သွားပြီး တည်ငြိမ်အေးချမ်းရေးနဲ့ တရားဥပဒေစိုးမိုးရေးကို နှောင့်ယှက်ဖျက်ဆီးပြီး ရွေးကောက်ပွဲမှာ လက်နက်ကိုင် ဖိအားပေး မဲထည့်ခိုင်းတာတွေ၊ လက်နက်နဲ့ ခြိမ်းခြောက်မဲထည့်ခိုင်းတာတွေကို အဖြစ်ခံမှာ မဟုတ်ဘူးလို့ ပြောပါတယ်။