Connect with us

Videos

၅၄ ကြိမ်မြောက် မြန်မာ့ ကျောက်မျက် ရတနာ ပြပွဲကျင်းပ

နေပြည်တော် ၊ သြဂုတ် ၂ ရက်(ဆင်ဟွာ)

၅၄ ကြိမ်မြောက် မြန်မာ့ ကျောက်မျက် ရတနာ ပြပွဲအား နေပြည်တော်ရှိ မဏိရတနာ ကျောက်စိမ်း ခန်းမ၌ ယနေ့သြဂုတ် ၂ ရက်တွင် စတင် ကျင်းပရာ ကျောက်မျက် အတွဲပေါင်း ၃၂၆ တွဲ ၊ ကျောက်စိမ်း အတွဲပေါင်း ၆၅၆၁ တွဲ စုစုပေါင်း ကျောက်မျက် ၊ ကျောက်စိမ်း အတွဲပေါင်း ၆၈၈၇ တွဲ တင်ပြ ရောင်းချသွားမည် ဖြစ်ကြောင်း ပြပွဲ ဗဟို ကော်မတီမှ သိရသည်။

ပြပွဲတွင် ကျောက်စိမ်း ၊ ကျောက်မျက် အတွဲများကို အခြေခံ ဈေးနှုန်း သတ်မှတ်၍ အိတ်ဖွင့် တင်ဒါ စနစ် တစ်မျိုးတည်းဖြင့်သာ ရောင်းချမည် ဖြစ်ကြောင်း သိရသည်။

၅၄ ကြိမ်မြောက် ကျင်းပသည့် မြန်မာ့ ကျောက်မျက် ရတနာ ပြပွဲသို့ယခင် ပြပွဲများထက် ပြည်တွင်း ၊ ပြည်ပ ရတနာ ကုန်သည်များ ပိုမို တက်ရောက်ခဲ့ကြောင်း သိရသည်။

ယခုနှစ်တွင် ပြပွဲသို့ပြည်ပမှ ရတနာ ကုန်သည်များ တက်ရောက်မှု များပြားရခြင်းသည် အာမခံ စပေါ်ငွေ သွင်းသည့် နှုန်းထားသည် ပြည်တွင်း ရတနာ ကုန်သည်များ နှင့် တန်းတူ ညီအောင် သတ်မှတ် လိုက်ခြင်း ကြောင့်လည်း ပါဝင်သကဲ့သို့စိတ်ဝင်စားသူ များပြားသည့် အတွက် ပိုမို တက်ရောက်လာခဲ့ခြင်း ဖြစ်ကြောင်း ပြပွဲ စီမံရေးရာ လုပ်ငန်း ကော်မတီ ဒုတိယ ဥက္ကဋ္ဌ ဦးသန်းဇော်ဦးက ဆင်ဟွာသို့ပြောသည်။

ရတနာ ပြပွဲတွင် မြန်မာနိုင်ငံမှ ထွက်ရှိသော ကျောက်စိမ်း ၊ ကျောက်မျက် အရိုင်းတုံးများ ၊ သွေးပြီး အချောထည်များ ၊ လက်ဝတ် ရတနာများ ၊ ရုပ်ထုရုပ်ထွင်းများ ၊ ကျောက်ကပ် ပန်းချီကားများကို နိုင်ငံခြားငွေ (ယူရို) ဖြင့် ရောင်းချမည် ဖြစ်ကြောင်း သိရသည်။

၅၄ ကြိမ်မြောက် မြန်မာ့ ကျောက်မျက် ရတနာ ပြပွဲသို့ ဒုတိယ သမ္မတ ဦးဟန်နရီ ဗန်ထီးယူ ၊ သယံဇာတ နှင့် သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးအုန်းဝင်း အပါအဝင် တာဝန်ရှိသူများ တက်ရောက် ကြည့်ရူခဲ့ကြသည်။

သယံဇာတ နှင့် သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၏ ကြီးကြပ်မှုဖြင့် မြန်မာ့ ကျောက်မျက် ရတနာ ပြပွဲ ဗဟို ကော်မတီသည် ၂၀၁၇ ခုနှစ် ၊ (၅၄)ကြိမ်မြောက် မြန်မာ့ ကျောက်မျက် ရတနာ ပြပွဲကို နေပြည်တော် ၊ မဏိရတနာ ကျောက်စိမ်း ခန်းမ၌ သြဂုတ်လ ၂ ရက်မှ ၁၁ ရက်ထိ ကျင်းပ ပြုလုပ်မည် ဖြစ်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.