Media
ရေတွင်းထဲ ပြုတ်ကျနေသော အသက် ၂ နှစ်အရွယ် ကလေးငယ်အား မီးသတ်သမားများက ၁၀ နာရီကြာ ကယ်တင်ခဲ့ရ
ကူမင်း၊ ဇွန် ၇ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ်တွင် အသက် ၂ နှစ်အရွယ် မိန်းကလေး တစ်ဦးသည် အချင်း ၄၀ စင်တီမီတာသာ ကျယ်ဝန်းသည့် ရေတွင်းထဲသို့ ပြုတ်ကျသွားခဲ့သည်။
ကလေးငယ်လေးပိတ်မိနေခဲ့သည့် ရေတွင်းအနီးတွင် မီးသတ်သမားများက မြေတူးစက်များအသုံးပြုကာ နောက်ထပ်အပေါက်တစ်ခုထပ်မံ တူးဖော်ပြီး ကလေးငယ်ဆီရောက်ရန် ကြိုပမ်းလုပ်ဆောင်ခဲ့ကြသည်။ အချိန် ၁၀ နာရီကျော်ကြာ ခက်ခက်ခဲခဲ တူးဖော် ပြီးနောက် မီးသတ်သမားများသည် ကလေးငယ်အားဘေးကင်းစွာ ကယ်ဆယ်နိုင်ခဲ့ပြီး ဆေးရုံသို့ပို့ဆောင်ပေးနိုင်ခဲ့ကြောင်းသိရသည်။ (Xinhua)