Connect with us

Media

အာဖဂန်နစ္စတန်နိုင်ငံအာဏာပိုင်များက ကန်ဒါဟာပြည်နယ်တွင် လမ်းများ၊ တံတားများ ပြန်လည်ပြင်ဆင် တည်ဆောက်

ကဘူးလ်၊ ဒီဇင်ဘာ ၁၆ ရက် (ဆင်ဟွာ)

အာဖဂန်နစ္စတန်နိုင်ငံတောင်ပိုင်း ကန်ဒါဟာ ပြည်နယ်တွင် ပြီးခဲ့သည့် နှစ်ပေါင်း ၂၀ ကာလအတွင်း ပျက်စီးသွားသော လမ်းများ တံတားများကို အာဏာပိုင်များက ပြန်လည်ပြုပြင်တည်ဆောက်လျက်ရှိကြောင်း ဒေသခံအရာရှိတစ်ဦးကဆိုသည်။

ပြည်သူ့လုပ်ငန်းဆိုင်ရာ ပြည်နယ်အကြီးအကဲ Mullah Nematullah Saraji ၏ အဆိုအရ စုစုပေါင်း တံတား၅၃စင်း နှင့်ရေနှုတ်မြောင်းပေါင်း ၁၀၃ ခုကို ပြန်လည်တည်ဆောက်ပြီးဖြစ်ကာ ကျန်သည့် အပိုင်းများကိုလည်းဆက်လက်တည်ဆောက်နေဆဲဖြစ်ကြောင်းဆိုသည်။

ကန်ဒါဟာမြို့ နှင့်  Spin Boldak and Shorabak ခရိုင်များအား ချိတ်ဆက်သည့် လမ်းများအားပြန်လည်ပြုပြင်ရေးလုပ်ငန်းများကို လုပ်ဆောင်လျက်ရှိကြောင်းနှင့်မကြာမီပြီးစီးတော့မည်ဖြစ်ကြောင်းတာဝန်ရှိသူကဆိုသည်။

ပြီးခဲ့သည့် ဆယ်စုနှစ် နှစ်ခုအတွင်း ကန်ဒါဟာပြည်နယ်၌ ဖြစ်ပွားခဲ့သည့် စစ်ပွဲများကြောင့် ပျက်စီးခဲ့သည့် ကျန်းမာရေးဆေးပေးခန်းများနှင့် ကျောင်းများကိုလည်း ပြန်လည်ပြုပြင်သွားမည်ဟု တာဝန်ရှိသူက ထပ်လောင်းပြောကြားခဲ့သည်။

စီမံကိန်းမန်နေဂျာ ဖြစ်သူ Nasir Ahmad  က “  ဒီမှာ လုပ်ကိုင်နေတဲ့ စီမံကိန်း ကတော့ စစ်ပွဲ ကြောင့် ပျက်စီးသွားတာတွေကိုပြန်ပြီးပြင်ဆင်နေရတာပါ၊ ကျွန်တော်တို့  ဒီနေရာကိုပြန်ပြင်ဖို့ပါ ၊  ဒီ ပြန်လည်တည်ဆောက်ရေးစီမံကိန်းတွေဟာ ကန်ဒါဟာမှာ တော်တော်အဆင်ပြေနေပါတယ် နောက်ပြီးခင်ဗျားတို့မြင်တွေ့နေရသလိုပါပဲ  ဒေသခံ တွေကလည်းကျွန်တော်တို့နဲ့လာပြီးကူညီပေးနေပါတယ်၊ ဒါဟာ သိပ်ကောင်းပါတယ် ၊ အားလုံးဟာဒီလိုကူညီပေးရလို့ပျော်ရွှင်နေကြပါတယ်” ဟုဆိုသည်။ (Xinhua)

………………………

(English Version)

GLOBALink | Afghan authorities rebuild bridges, roads in southern Kandahar province

KABUL, Dec. 15 (Xinhua) — Authorities in Afghanistan’s southern Kandahar province have been working on the reconstruction of bridges and roads that had been damaged during the war over the past two decades, a local official has said.

A total of 53 bridges and culverts out of 103 have been reconstructed while the rest are still being rebuilt, according to the provincial head of public work Mullah Nematullah Saraji.

The official noted that reconstruction work of roads connecting the city of Kandahar with Spin Boldak and Shorabak districts is ongoing and will be completed in the near future.

Health clinics and schools damaged during the war in the past two decades will also be rebuilt in parts of the Kandahar province, the official added.

 

 

 

Produced by Xinhua Global Service