Connect with us

Media

ရေပြင်ရှိအမှိုက်များအားအလိုအလျောက်သိမ်းနိုင်သည့်အမှိုက်သိမ်းကိရိယာများ

ချင်းဟွမ်တောင်၊ ဟဲပေ၊ ဒီဇင်ဘာ ၁၆ ရက် (ဆင်ဟွာ)

တရုတ်သုတေသီအဖွဲ့တစ်ဖွဲ့သည် တရုတ်နိုင်ငံမြောက်ပိုင်း ဟဲပေပြည်နယ် ချင်းဟွမ်တောင်ဆိပ်ကမ်းရှိ ပင်လယ်အတွင်းအမှိုက်များကို အလိုအလျောက်စုဆောင်းသိမ်းဆည်းနိုင်မည့် အမှိုက်စုပ်ယူသိမ်းဆည်းပေးသော ကိရိယာကိုတီထွင်ခဲ့သည်။

ချင်းဟွမ်တောင် ဆိပ်ကမ်းမှ  အကြီးတန်းအင်ဂျင်နီယာ ဖြစ်သူ  ကျန်း ချွန်မင်း က “ ကျွန်တော်တို့ ပင်လယ်ထဲက အမှိုက်တွေကို ပုံမှန်ဆိုရင်တော့ တုတ်ချောင်းရှည်တစ်ချောင်းနဲ့ သိမ်းခဲ့ရပါတယ်၊ အဲဒီလိုလုပ်ဆောင်တာဟာ သိပ်အန္တရာယ်များသလို ပုံမှန်လှည့်လည်စစ်ဆေးမှုတွေလည်းလုပ်ရပါတယ်” ဟု ဆိုသည်။

အလိုအလျောက်သိမ်းနိုင်သည့်အမှိုက်သိမ်းဗူးများကို ကျန်းနှင့် လုပ်ဖော်ကိုင်ဖက်များက အပြင်ဘက်ပုံးတစ်ပုံး အတွင်းဘက်ပုံးတစ်ပုံးနှင့်စုပ်ယူသည့် ပန့် တစ်ခု  တပ်ဆင်ကာ အမှိုက်သိမ်းနိုင်ရန် တီထွင်ခဲ့သည်။

ကျန်းက “ ပုံးတွေကို သံမဏိနဲ့ ပြုလုပ်ထားတာဖြစ်ပြီးတော့ ပင်လယ်ရေတိုက်စားမှုကိုခံနိုင်ရည်ရှိစေရန်လုပ်ဆောင်ထားတာဖြစ်ပါတယ်” ဟုဆိုသည်။

လက်ရှိတွင် အမှိုက်သိမ်းဗူး၄ ခု အား ဆိပ်ကမ်း၌ အသုံးပြုလျက်ရှိကာ မူလ သန့်ရှင်းရေး လုပ်ဆောင်မှုများနှင့်နှိုင်းယှဉ်ပါက အမှိုက်သိမ်းဆည်းမှုစွမ်းအင်  ၈၀ ရာခိုင်နှုန်းခန့်အထိလျော့ကျစေခဲ့ကြောင်းသိရသည်။ (Xinhua)

………………………….

(English Version)

GLOBALink | Automatic marine trash cans put into use in north China port

QINHUANGDAO, Hebei, Dec. 14 (Xinhua) –Trash cans that can automatically collect and clean up garbages in the sea have been put into use in a northern Chinese port.

Produced by Xinhua Global Service