Connect with us

North America

ကနေဒါ နှင့် အမေရိကန် နိုင်ငံရှိ အချို့ဒေသများတွင် အပူလှိုင်းဖြတ်၍ သမိုင်းတစ်လျှောက် အမြင့်ဆုံးအပူချိန် စံချိန်တင်

ကနေဒါနိုင်ငံ British Columbia ပြည်နယ်ရှိ Victoria ကမ်းခြေတွင် ဇွန် ၂၈ ရက်၌ လူများ အပူသက်သာရန် ရေကစားနေသည်ကိုမြင်တွေ့ရစဉ်(ဓာတ်ပုံ-Xinhua/Reuters)

အော့တဝ ၊ ဇွန် ၃၀ ရက် (ဆင်ဟွာ)

ကနေဒါ နိုင်ငံ နှင့် အမေရိကန် နိုင်ငံ ရှိ အချို့သော ဒေသများတွင် အပူလှိုင်းဖြတ်သန်း တိုက်ခတ်မှုကြောင့် အပူချိန်သည် သမိုင်းတစ်လျှောက် အမြင့်ဆုံး စံချိန်သစ်များ တင်ခဲ့ကြောင်း သိရသည်။ကနေဒါနိုင်ငံ သတင်းမီဒီယာ၏ ဖော်ပြချက်အရ ကနေဒါနိုင်ငံ အနောက်တောင်ပိုင်း British Columbia ပြည်နယ်ရှိ Lytton ရွာ၏ အပူချိန်သည် ၄၇.၉ ဒီဂရီဆဲလ်စီယပ်စ် အထိရောက်ရှိခဲ့ပြီး ကနေဒါနိုင်ငံ ၏ မှတ်တမ်းများအတွင်း အမြင့်ဆုံးအပူချိန်အဖြစ် စံချိန်သစ်တင်ခဲ့ကြောင်း သိရသည်။

လွန်ခဲ့သည့်အပတ်က ကနေဒါနိုင်ငံ British Columbia ပြည်နယ်ရှိ နေရာပေါင်း ၄၀ ကျော်၏ အပူချိန်သည် ယခင်က ရှိခဲ့သော အမြင့်ဆုံး အပူချိန်ကို စံချိန်ဖြတ်ကျော်ခဲ့ပြီး နာမည်ကျော် နှင်းလျောစီးသည့် စကိတ်ကွင်းတည်ရှိရာ Whistler မြို့လည်းပါဝင်ကြောင်း သိရှိရသည်။

အမေရိကန်နိုင်ငံ သတင်းမီဒီယာ၏ ဖော်ပြချက်အရ ကနေဒါနိုင်ငံ နှင့် နီးကပ်သည့် အမေရိကန်နိုင်ငံ အနောက်မြောက်ပိုင်းဒေသများတွင်လည်း အပူလှိုင်းဖြတ်သန်းတိုက်ခတ်မှုဖြစ်ပွားခဲ့ကြောင်း ၊ အမေရိကန်နိုင်ငံ ဝါရှင်တန် ပြည်နယ် Seattle မြို့၏ ဇွန် ၂၈ ရက်အပူချိန်သည် ၄၂ ဒီဂရီဆဲလ်စီယပ်စ် အထိရောက်ရှိခဲ့ကြောင်း ၊ Oregon ပြည်နယ်၏ အကြီးဆုံးမြို့ဖြစ်သည့် Portland မြို့၏ နေ့စဉ် အပူချိန်မှာ အဆက်မပြတ် စံချိန်သစ်များတင်ခဲ့ပြီး ဇွန် ၂၈ ရက်တွင် အပူချိန်က ၄၆ ဒီဂရီဆဲလ်စီယပ်စ် ကျော်အထိ ရောက်ရှိခဲ့ကြောင်း သိရှိရသည်။

ကမ္ဘာ့ရာသီဥတုအဖွဲ့ (World Meteorological Organization) ၏ ယခုနှစ် ဧပြီ၌ ထုတ်ပြန်ချက်အရ ၂၀၁၁ ခုနှစ် မှ ၂၀၂၀ ပြည့်နှစ် အထိ ၁၀ နှစ်တာ ကာလ မှတ်တမ်းတွင် အပူချိန်အမြင့်ဆုံး ၁၀ စုနှစ် တစ်ခုဖြစ်ကြောင်း ဖော်ပြထားသည်။ (Xinhua)

——————————————————–
(Chinese Version)

(科技)北美部分地区遭遇热浪袭击

新华社渥太华6月29日电连日来,加拿大和美国部分地区遭遇热浪袭击,多地气温创下历史最高纪录。
据加拿大媒体报道,加拿大西南部不列颠哥伦比亚省利顿村28日最高气温达到47.9摄氏度,创下加拿大有记录以来气温最高值。
在刚刚过去的周末,加拿大不列颠哥伦比亚省40多地气温破当地纪录,包括以滑雪场著称的惠斯勒镇。

据美国媒体报道,邻近加拿大的美国西北部多地也遭到热浪袭击。美国华盛顿州西雅图市28日气温高达42摄氏度。俄勒冈州最大城市波特兰连日来不断刷新该市最高气温纪录,28日气温超过46摄氏度。
据世界气象组织今年4月发布的报告,2011年至2020年是有记录以来最热的10年。(完)

Photo
6月28日,人们在加拿大不列颠哥伦比亚省维多利亚的海滩消暑。新华社/路透