Connect with us

Africa & Middle East

ကာဇက်စတန်နိုင်ငံရှိ CSTO ငြိမ်းချမ်းရေးထိန်းသိမ်းမှု တပ်ဖွဲ့များအား စတင် ရုပ်သိမ်းနေပြီဖြစ်

ကာဇက်စတန်နိုင်ငံ အဲလ်မတ်တီမြို့တွင် စုပေါင်းလုံခြုံရေးစာချုပ်အဖွဲ့(CSTO) ငြိမ်းချမ်းရေးထိန်းသိမ်းမှုတပ်ဖွဲ့ နှုတ်ဆက်ပွဲအခမ်းအနား ဇန်နဝါရီ ၁၃ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

နျူ-ဆူလ်တန်၊ ဇန်နဝါရီ ၁၄ ရက် (ဆင်ဟွာ)

စုပေါင်းလုံခြုံရေးစာချုပ်အဖွဲ့ (CSTO) ငြိမ်းချမ်းရေးတပ်ဖွဲ့များကို ယနေ့မှစပြီး ကာဇက်စတန်မှ ရုပ်သိမ်းသွားမည်ဖြစ်ပြီး စစ်တပ်ရုပ်သိမ်းမှု ၁၀ ရက်အတွင်း အပြီးဆောင်ရွက်သွားမည်ဖြစ်ကြောင်း CSTO အထွေထွေအတွင်းရေးမှူးချုပ် Stanislav Zasက ဇန်နဝါရီ ၁၃ ရက် အဲလ်မတ်တီမြို့တွင် ကြေညာခဲ့သည်။

ကာဇက်စတန်နိုင်ငံ အဲလ်မတ်တီမြို့တွင် စုပေါင်းလုံခြုံရေးစာချုပ်အဖွဲ့(CSTO) ငြိမ်းချမ်းရေးထိန်းသိမ်းမှုတပ်ဖွဲ့ နှုတ်ဆက်ပွဲအခမ်းအနား ဇန်နဝါရီ ၁၃ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

CSTO အထွေထွေအတွင်းရေးမှူးချုပ် Stanislav Zasနှင့် CSTOငြိမ်းချမ်းရေးထိန်းသိမ်းမှု တပ်ဖွဲ့ဝင် ကိုယ်စားလှယ်များက ကာဇက်စတန်နိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာန၊ အဲလ်မတ်တီမြို့ တာဝန်ရှိသူများနှင့်အတူ အဲလ်မတ်တီတွင် အမှတ်တရဓါတ်ပုံ ရိုက်ကူးနေသည်ကို ဇန်နဝါရီ ၁၃ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ကာဇက်စတန်နိုင်ငံ နျူ-ဆူလ်တန်မြို့တွင် ကာဇက်စတန် သမ္မတ တိုကာယက်ဗ် (လက်ယာ ပုံ၂) က CSTO အထွေထွေအတွင်းရေးမှူးချုပ် Stanislav Zas (လက်ဝဲ ပုံ၂) နှင့် သမ္မတအိမ်တော်တွင် ဇန်နဝါရီ ၁၂ ရက်က တွေ့ဆုံဆွေးနွေးနေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ- Kazakhstan’s presidential press service/Handout via Xinhua)

ကာဇက်စတန်နိုင်ငံ နျူ-ဆူလ်တန်မြို့တွင် ကာဇက်စတန် သမ္မတ တိုကာယက်ဗ်က CSTO အထွေထွေအတွင်းရေးမှူးချုပ် Stanislav Zasနှင့် သမ္မတအိမ်တော်တွင် ဇန်နဝါရီ ၁၂ ရက်က တွေ့ဆုံဆွေးနွေးနေသည်ကို တွေ့ရစဉ်(ဆင်ဟွာ)

ကာဇက်စတန်နိုင်ငံ အဲလ်မတ်တီမြို့တွင် စုပေါင်းလုံခြုံရေးစာချုပ်အဖွဲ့(CSTO) ငြိမ်းချမ်းရေးထိန်းသိမ်းမှုတပ်ဖွဲ့ နှုတ်ဆက်ပွဲအခမ်းအနား ဇန်နဝါရီ ၁၃ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ယင်းနေ့က အဲလ်မတ်တီမြို့တွင် CSTO တပ်ဖွဲ့များ နှုတ်ဆက်ပွဲအခမ်းအနား ကျင်းပခဲ့သည်။ တစ်ချိန်တည်းတွင်ပင် ကာဇက်စတန် အမျိုးသား အကြမ်းဖက်တိုက်ဖျက်ရေးညွှန်ကြားမှုဌာနက နိုင်ငံလုံခြုံရေးအခြေအနေ တည်ငြိမ်နေပြီဖြစ်ကြောင်း၊ နိုင်ငံတစ်ဝန်း ဒေသ ၁၄ ခုတွင် အကြမ်းဖက်တိုက်ဖျက်ရေးလှုပ်ရှားမှုများ ပြီးမြောက်အောင်ဆောင်ရွက်နိုင်ခဲ့ရာ “အနီရင့်ရောင်”အကြမ်းဖက်အန္တရာယ် သတိပေးချက်ကို ပယ်ဖျက်ကြောင်း ကြေညာခဲ့သည်။ အဲလ်မတ်တီပြည်နယ်နှင့် ဂျန်ဘောလ်ပြည်နယ်၏ အကြမ်းဖက်တိုက်ဖျက်ရေးလှုပ်ရှားမှုများ ဆက်လက် ဆောင်ရွက်နေကြောင်း ဆိုသည်။

ကာဇက်စတန် သမ္မတ တိုကာယက်ဗ်သည် ဇန်နဝါရီ ၁၂ ရက်က မြို့တော် နျူ-ဆူလ်တန်တွင် Stanislav Zas ကို တွေ့ဆုံခဲ့ပြီး CSTO အဖွဲ့၏ ကာဇက်စတန်နိုင်ငံအပေါ် ယခုရက်ပိုင်း ကူညီအားပေးမှုများအတွက် ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့သည်ဟု Kazinform သတင်းဌာန၏ ဖော်ပြချက်ထားသည်။

ရုရှား ကာကွယ်ရေးဝန်ကြီးဌာန ဝက်ဘ်ဆိုက် ဇန်နဝါရီ ၁၃ ရက် ထုတ်ပြန်သည့် သတင်းများတွင် CSTO ငြိမ်းချမ်းရေးထိန်းသိမ်းမှုတပ်ဖွဲ့ဝင်များက လုံခြုံရေးတာဝန်များကို ကာဇက်စတန်တရားဥပဒေစိုးမိုးရေးဌာနအဖွဲ့အစည်းများကို ပြန်လည်လွှဲပြောင်းပေးခဲ့ကြောင်း ဖော်ပြထားသည်။ ထို့အပြင် ရုရှား ငြိမ်းချမ်းရေး ထိန်းသိမ်းမှုတပ်ဖွဲ့များက စက်ပစ္စည်းနှင့်ထောက်ပို့ပစ္စည်းများ ပြန်လည် သိမ်းဆည်းရန် စတင်ပြင်ဆင်နေပြီး ကာဇက်စတန်နိုင်ငံနှင့်ပူးပေါင်းကာ တပ်ဖွဲ့ဝင် ပြန်လည်ရုပ်သိမ်းရေးလုပ်ငန်းများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆိုသည်။

ထိုရက်တွင်ပင် ကာဂျစ္စတန်ကာကွယ်ရေးဝန်ကြီးဌာနက ကာဇက်စတန် ငြိမ်းချမ်းရေးထိန်းသိမ်းမှုတာဝန်ထမ်းဆောင်သည့် ၎င်းတို့နိုင်ငံ၏လက်နက်ကိုင်တပ်ဖွဲ့ဝင်များကို ဇန်နဝါရီ ၁၄ ရက်တွင် အဲလ်မတ်တီပြည်နယ်မှ ရုပ်သိမ်းမည် ဖြစ်ကြောင်း ဆိုသည်။ CSTO အဖွဲ့ဝင်နိုင်ငံအနေဖြင့် ကာဂျစ္စတန်နိုင်ငံသည် ယခုလ ၇ ရက်တွင် ကာဇက်စတန်ကို ငြိမ်းချမ်းရေးထိန်းသိမ်းမှု တပ်ဖွဲ့ဝင် ၁၅၀ စေလွှတ်ခဲ့သည်။

၂၀၂၂ ခုနှစ်အစတွင် ကာဇက်စတန်နိုင်ငံတောင်ပိုင်း Mangystauပြည်နယ်တွင် သဘာဝဓါတ်ငွေ့ရည်ဈေးနှုန်း များစွာမြင့်တက်လာမှုကြောင့် ဒေသအများအပြားတွင် ပြည်သူများက စုဝေးဆန္ဒပြမှုခဲ့ကြသည်။ ဇန်နဝါရီ ၅ ရက်တွင် အစိုးရနုတ်ထွက်မှုကို တိုကာယက်ဗ် လက်ခံခဲ့ပြီး လူမှုစီးပွားရေးရာအစည်းအဝေး ခေါ်ယူကာ ကုန်ဈေးနှုန်းတည်ငြိမ်ရေးနည်းလမ်းများကို အတည်ပြုပေးခဲ့သည်။ သို့သော် အချို့ဒေသများတွင် အဓိကရုဏ်းဆက်လက်ဖြစ်ပွားနေပြီး နေရာအများအပြားတွင် ဆူပူဆန္ဒပြသူများက အစိုးရ အဆောက်အအုံများကို စီးနင်းခြင်း၊ ရဲတပ်ဖွဲ့ဝင်များအား တိုက်ခိုက်ခြင်းစသည့် အခြေအနေဖြစ်ပေါ်ခဲ့သည်။ ထို့နောက် စုပေါင်းလုံခြုံရေးစာချုပ်အဖွဲ့(CSTO)သည် ကာဇက်စတန်သမ္မတ တိုကာယက်ဗ်၏ တောင်းဆိုချက်အရ ရေတိုအကူအညီများပေးရန် ငြိမ်းချမ်းရေးထိန်းသိမ်းမှုတပ်ဖွဲ့ဝင်များစေလွှတ်ခဲ့သည်။

Tengri News ဝက်ဘ်ဆိုက်၏ သတင်းများဖော်ပြချက်များအရ CSTO ငြိမ်းချမ်းရေးထိန်းသိမ်းမှုတပ်ဖွဲ့ဝင် အင်အား ၂,၀၃၀ ဦးအား အဲလ်မတ်တီနှင့်နျူ-ဆူလ်တန် မြို့နှစ်မြို့တွင် တပ်ဖြန်ထားခဲ့ကြောင်း သိရသည်။ (Xinhua)

…………………………………………
(Chinese Version)
(国际)集安组织维和部队开始撤离哈萨克斯坦
2022-01-13 18:45:06
新华社努尔苏丹1月13日电(记者张继业)集体安全条约组织(集安组织)秘书长扎斯13日在阿拉木图市宣布,集安组织维和部队从即日起开始撤离哈萨克斯坦,并于10日内完全撤出。
哈方当天在阿拉木图市为集安组织维和部队举行送行仪式。哈国家反恐指挥部同日宣布,当前哈安全局势整体稳定,全国14个地区已完成反恐行动并解除“深红”级别恐怖威胁预警,在阿拉木图州和江布尔州的反恐行动仍在持续。
另据哈通社报道,哈总统托卡耶夫12日在首都努尔苏丹会见扎斯,就集安组织近日给予哈方的支持与援助表示感谢。
俄罗斯国防部网站13日发布消息说,集安组织维和人员已开始将保护哈方设施的任务移交给哈执法机构。此外,俄维和部队已开始准备整理装备和物资,并将同哈方配合完成俄维和人员撤离工作。
吉尔吉斯斯坦国防部同日表示,参加在哈维和任务的吉武装部队人员将于14日从阿拉木图州撤离,返回吉国内驻地。作为集安组织成员国,吉方于本月7日向哈派遣了150名维和人员。
新年伊始,哈萨克斯坦西南部曼吉斯套州多地液化气价格大幅上涨,引发哈部分城市民众集会抗议。托卡耶夫5日接受政府辞职,并主持召开社会经济形势会议,决定采取多项稳定物价措施。但部分地区骚乱持续,多地出现骚乱者冲击政府机构、攻击警察等情况。随后,集安组织应托卡耶夫请求向哈派出短期维和部队。
据腾格里新闻网消息,集安组织维和部队人数为2030人,部署在阿拉木图和努尔苏丹两市。(参与记者:黄河)(完)

图说1:1月13日,在哈萨克斯坦阿拉木图,集安组织维和部队在送行仪式上接受检阅。新华社发(阿里汗•萨里耶夫 摄)
图说2:1月13日,在哈萨克斯坦阿拉木图,集安组织维和部队在送行仪式上接受检阅。新华社发(阿里汗•萨里耶夫 摄)
图说3:1月13日,集安组织秘书长扎斯(前排中)和集安组织维和部队官兵代表同哈国防部和阿拉木图市官员在哈萨克斯坦阿拉木图合影。新华社发(阿里汗•萨里耶夫 摄)
图说4: 1月12日,在哈萨克斯坦努尔苏丹,哈萨克斯坦总统托卡耶夫(右二)在总统府会见集安组织秘书长扎斯(左二)。新华社发(哈萨克斯坦总统府供图)
图说5:1月12日,在哈萨克斯坦努尔苏丹,哈萨克斯坦总统托卡耶夫(右)在总统府会见集安组织秘书长扎斯。新华社发(哈萨克斯坦总统府供图)
图说6:1月13日,在哈萨克斯坦阿拉木图,集安组织维和部队在送行仪式上接受检阅。新华社发(阿里汗•萨里耶夫 摄)