Connect with us

CHINA

ကိုဗစ်ကာကွယ်ဆေးထိုးနှံထားခြင်းမရှိသူ၏ အထူးကြပ်မတ်ကုသခံရမှုနှင့်သေဆုံးမှုနှုန်း ၁၅ ဆ ပို၍ မြင့်မားဟု ဆို

ပေကျင်း၊ နိုဝင်ဘာ ၁၀ ရက်(ဆင်ဟွာ)

ကိုဗစ်ကာကွယ်ထိုးနှံထားခြင်းမရှိသည့် သူလူအုပ်စုသည် ကာကွယ်ဆေးအပြည့်အဝထိုးနှံထားသူနှင့် နှိုင်းယှဉ်ပါက ရောဂါကူးစက်ပြီးနောက် ရောဂါပြင်းထန်နိုင်မှု သို့မဟုတ် သေဆုံးနိုင်မှုသည် ၁၅ ဆ ပို၍ မြင့်မားကြောင်း ဩစတြေးလျနိုင်ငံ နယူးဆောက်သ် ဝေးလ်ပြည်နယ် ကျန်းမာရေးဝန်ကြီးဌာနက နိုဝင်ဘာ ၈ ရက် ထုတ်ပြန်သည့် အစီရင်ခံစာတွင် ဖော်ပြထားသည်။ယင်းပြည်နယ်ကျန်းမာရေးဝန်ကြီးဌာန၏ ကိန်းဂဏန်းများ၌ ယခုနှစ် ဇွန် ၁၆ ရက်မှ အောက်တိုဘာ ၇ ရက်တွင် သေဆုံးခဲ့သည့် ကိုဗစ်လူနာ ၄၁၂ ဦး၏ ပျမ်းမျှအသက်မှာ ၈၂ နှစ် ရှိရာ ကာကွယ်ဆေးအပြည့်အဝ ထိုးနှံထားသူ ၁၁ ရာခိုင်နှုန်းသာ ရှိကြောင်း ဖော်ပြထားသည်။ အထူးကြပ်မတ်ကုသရန် လိုအပ်သည့် ကိုဗစ်လူနာများတွင် ကာကွယ်ဆေး အပြည့်အဝထိုးနှံထားသူ ၃ ရာခိုင်နှုန်းသာရှိကြောင်း ၊ အတည်ပြုလူနာ ၆၁,၈၀၀ ဦးတွင် ၆၃ ရာခိုင်နှုန်းကျော်က ကာကွယ်ဆေး မထိုးနှံရသေးသူများဖြစ်ကြောင်း သိရသည်။

“ကာကွယ်ဆေး နှစ်ကြိမ်ထိုးနှံဖူးတဲ့လူငယ်တွေရဲ့ ကူးစက်နိုင်မှုနှုန်းက နည်းပါတယ်၊ ရောဂါလက္ခဏာပြင်းထန်တာ မရှိသလောက်ပါပဲ။ အဲ့ဒီအသက်အပိုင်းအခြားတစ်ခုမှာပဲ ကာကွယ်ဆေးမထိုးထားတဲ့သူတွေရဲ့ ကူးစက်မှုနဲ့ ဆေးရုံတင်ရမှုအန္တရာယ်က ပိုများတယ်”ဟု နယူးဆောက်သ်ဝေးလ်ပြည်နယ် ကျန်းမာရေးအရာရှိ Kerry Chantက ကြေညာချက်တစ်ခုတွင် ဖော်ပြထားသည်။

ဩစတြေးလျနိုင်ငံ နယူးဆောက်သ်ဝေးလ်ပြည်နယ်၏အစီရင်ခံစာရလဒ်နှင့် အမေရိကန်နိုင်ငံ ရောဂါထိန်းချုပ်နှင့်ကာကွယ်ရေးစင်တာ(CDC)၏ ထိုမတိုင်မီထုတ်ပြန်ခဲ့သည့် ကိန်းဂဏန်းများနှင့် ကိုက်ညီမှုရှိကြောင်း သိရသည်။ ကာကွယ်ဆေး မထိုးနှံရသေးသူသည် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရမှုကြောင့် သေဆုံးနိုင်ခြေသည် ကာကွယ်ဆေးအပြည့်အဝထိုးနှံထားသူ၏ ၁၁ ဆဖြစ်ကြောင်း အမေရိကန် ရောဂါထိန်းချုပ်နှင့်ကာကွယ်ရေးစင်တာ(CDC)က စက်တင်ဘာတွင် ပြောကြားခဲ့သည်။

ဒယ်လ်တာ ဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်သည် ယခုနှစ် ဇွန်လပိုင်းမှစပြီး ဩစတြေးလျတွင် ပြန့်နှံ့ခဲ့ခြင်းဖြစ်သည်။ ထို့နောက်မကြာမီ ဩစတြေးလျနိုင်ငံ မြို့တော် ကင်ဘာရာနနှင့် ဆစ်ဒနီ၊ မဲလ်ဘုန်းစသည့် မြို့ကြီးများကို လော့ခ်ဒေါင်း လနှင့်ချီ ချမှတ်ခဲ့သည်။ ကာကွယ်ဆေးထိုးနှံမှုရာခိုင်နှုန်း ၇၀ မှ ၈၀ ထိ ရောက်ရှိလာချိန် ယင်းမြို့များ၏ ရောဂါထိန်းချုပ်ကာကွယ်ရေးနည်းလမ်းများကို ဖြေးဖြေးချင်း ပြန်လည်ဖြေလျှော့ပေးခဲ့ကြောင်း သိရသည်။

ဩစတြေးလျနိုင်ငံတွင် ယနေ့အထိ ကိုဗစ်အတည်ပြုလူနာ စုစုပေါင်း ၁၈၃,၀၀၀ နီးပါးရှိရာ ၎င်းတို့အနက် ၈၇ ရာခိုင်နှုန်းသည် ဒယ်လ်တာကိုရိုနာဗိုင်းရပ်း ကူးစက်ခြင်း ဖြစ်ပြီး စုစုပေါင်း သေဆုံးသူ ၁,၈၄၁ ဦး ရှိရာ ၎င်းတို့အနက် ၅၀ ရာခိုင်နှုန်းကျော်သည် ဒယ်လ်တာ ကူးစက်ခြင်း ခံရသူများ ဖြစ်ကြောင်း သိရသည်။ (Xinhua)

——————————————-
(Chinese Version)

研究报告:未接种新冠疫苗者重症监护和死亡几率高15倍

新华社北京11月9日电 澳大利亚新南威尔士州卫生部门8日发布报告称,未接种新冠疫苗人群相比已全程接种者,染疫后需要重症监护或死亡的可能性高15倍。
新州卫生部门数据显示,今年6月16日至10月7日,412例新冠死亡病例平均年龄为82岁,仅11%完成新冠疫苗全程接种。需要重症监护的新冠病例中仅约3%完成全程接种。6.18万名确诊患者中超过63%没有接种新冠疫苗。

2月22日,护士麦迪•威廉姆斯(左)在澳大利亚首都堪培拉新冠疫苗接种诊所接种疫苗。威廉姆斯是堪培拉市第一位新冠疫苗接种者。(新华社发,储晨摄)

新州首席卫生官克丽•钱特在一份声明里说:“接种过两剂疫苗的年轻人感染率较低,几乎没有出现重症。而同一年龄段未接种疫苗的群体染疫且住院的风险较大。”

新州报告结论与美国疾病控制和预防中心先前公布的数据相符。美国疾控中心9月说,未接种疫苗的人因感染新冠病毒死亡的可能性是完成全程接种者的11倍。

变异新冠病毒德尔塔毒株今年6月开始在澳大利亚蔓延。澳大利亚首都堪培拉以及悉尼、墨尔本等大城市随后“封城”数月。鉴于疫苗接种率达到70%甚至80%,这些城市已开始逐步放宽疫情防控措施。

澳大利亚迄今累计确诊病例近18.3万例,其中约87%感染德尔塔毒株;累计新冠死亡病例1841例,其中逾50%感染德尔塔毒株。(林淑婷)