Connect with us

CHINA

ရှီက Yin Ruins တွင် တရုတ်ယဉ်ကျေးမှုကို ပိုမိုနက်ရှိုင်းစွာ နားလည်သဘောပေါက်ရန် လိုအပ်ကြောင်းပြောကြား

ပေကျင်း၊ မေ ၁၈ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်က တရုတ်နိုင်ငံအလယ်ပိုင်း ဟဲနန် ပြည်နယ်ရှိ အန်းယန် မြို့သို့ ၂၀၂၂ ခုနှစ် အောက်တိုဘာလနှောင်းပိုင်း နေ့လယ်ခင်းတစ်ခုတွင် သွားရောက်ခဲ့သော ၎င်း၏ စစ်ဆေးရေးခရီးစဉ်အတွင်း Yinxu သို့မဟုတ် Yin Ruins သို့ သွားရောက်လည်ပတ်ခဲ့ကြောင်း သိရသည်။

အန်းယန် မြို့သည် ဟွမ်ဟဲ မြစ်ကမ်းနားတွင် တည်ရှိသော နှစ်ပေါင်း ၃၃၀၀ သက်တမ်းရှိ Yin Ruins သည် ဆန်းမင်းဆက်နှောင်းပိုင်း (ဘီစီ ၁၆၀၀ ပြည့်နှစ် မှ ဘီစီ ၁၀၄၆ ခုနှစ်မှ) တွင်တည်ရှိခဲ့သော မြို့ဟောင်းအမွေအနှစ်နေရာ တစ်ခုဖြစ်သည်။

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ ၏ အထွေထွေ အတွင်းရေးမှူးချုပ်နှင့် ဗဟိုစစ်ကော်မရှင် ဥက္ကဋ္ဌလည်း ဖြစ်သူ ရှီက Yinxu ပြတိုက်ထဲသို့ သွားရောက်ပြီး ကြေးထည်ပစ္စည်းများ၊ ကျောက်စိမ်းပစ္စည်းများ၊ လိပ်ခွံ သို့မဟုတ် အရိုးတွင် ရေးထိုးထားသော ကမ္ဗည်းစာနှင့် အခြားတူးဖော်တွေ့ရှိထားသော ရုပ်ကြွင်းများကို ဂရုတစိုက်လေ့လာကြည့်ရှုခဲ့သည်။

အဆိုပါ လိပ်အခွံ (သို့မဟုတ်) အရိုးတွင် ရေးထိုးထားသော ကမ္ဗည်းစာများသည် လွန်ခဲ့သည့်နှစ်ပေါင်း ၃,၀၀၀ မှ တရုတ်ဘာသာစကားဖြင့် ရေးသားထားသော အထောက်အထားများကို ဆက်လက်ထိန်းသိမ်းထားနိုင်ခဲ့ပြီး မှတ်တမ်းတင်ထားသော တရုတ်သမိုင်းသည် ယခင်ယုံကြည်ထားသည်ထက် နှစ်ပေါင်း ၁,၀၀၀ နီးပါး ပို၍ရှေးကျသည်ကို တွေ့ရှိစေခဲ့ကြောင်း သိရသည်။

၁၈၉၉ ခုနှစ်တွင် ပထမဆုံးတွေ့ရှိခဲ့သော လိပ်အခွံ(သို့) အရိုးဖြင့်ရေးထိုးထားသော ကမ္ဗည်းစာ များသည် ကမ္ဘာ့ရှေးဟောင်းအက္ခရာ လေးခုအနက် မှ တစ်ခုအဖြစ်သတ်မှတ်ခံထားရပြီး ယူနက်စကို၏ Memory of the World Register တွင် မှတ်တမ်းဝင်အဖြစ်ထည့်သွင်းခြင်းခံခဲ့ရသည်။ (Xinhua)
…………………………….
(English Version)
Xi Focus-Closeup: Gaining a deeper understanding of Chinese civilization at Yin Ruins
BEIJING, May 18 (Xinhua) — On an afternoon in late October 2022, President Xi Jinping visited Yinxu, or the Yin Ruins, during his inspection tour to Anyang City in central China’s Henan Province.
Situated on the banks of the Huanhe River in Anyang, the 3,300-year-old Yin Ruins have been confirmed as the capital site of the late Shang (Yin) Dynasty (1600 B.C.-1046 B.C.).
Walking slowly into the Yinxu Museum, Xi, also general secretary of the Communist Party of China Central Committee and chairman of the Central Military Commission, attentively observed the bronze ware, jade ware, oracle bone inscriptions, and other unearthed relics.
Xi pointed out that oracle bone inscriptions retained evidence of the Chinese written language from 3,000 years ago, helping to extend recorded Chinese history to nearly 1,000 years earlier than previously believed.
First discovered in 1899, oracle bone inscriptions are considered one of the world’s four ancient characters and have been included in the UNESCO Memory of the World Register.