Connect with us

Latin America

ကိုလံဘီယာရှိ တပ်စခန်းတစ်ခု ကားဗုံးဖြင့် တိုက်ခိုက်ခံရ ၊ တပ်ဖွဲ့ဝင် ၃၆ ဦးဒဏ်ရာရရှိ

ကိုလံဘီယာ စစ်တပ် မှ တပ်ဖွဲ့ဝင်တစ်ဦး လက်နက်အပြည့်အစုံဖြင့် ကင်းလှည့်နေသည်ကို မြင်တွေ့ရစဉ်(ဆင်ဟွာ)

ကာရာကာ ၊ ဇွန် ၁၆ ရက် (ဆင်ဟွာ)

ကိုလံဘီယာ နိုင်ငံမြောက်ပိုင်း Cúcuta မြို့ရှိ စစ်တပ်တပ်စခန်းတစ်ခုသည် ကားဗုံးဖြင့်တိုက်ခိုက်ခံခဲ့ရသဖြင့် တပ်ဖွဲ့ဝင် ၃၆ ဦးဒဏ်ရာရရှိခဲ့ကြောင်း ကာကွယ်ရေးဝန်ကြီး Diego Molano Aponte က ဇွန် ၁၅ ရက် ညနေပိုင်းတွင် အတည်ပြုပြောကြားခဲ့သည်။

ကာကွယ်ရေးဝန်ကြီး Diego Molano Aponte က ရုပ်မြင်သံကြားမှတစ်ဆင့် မိန့်ခွန်းပြောကြားရာတွင် သံသယရှိသူနှစ်ဦးက ဇွန် ၁၅ ရက် ညနေ ၃ နာရီခန့်တွင် ခရီးကြမ်းနှင် ကားတစ်စင်းဖြင့် စစ်တပ်တပ်စခန်းအတွင်းသို့ အပြင်းမောင်းဝင်လာခဲ့ကြောင်း ၊ ပေါက်ကွဲစေနိုင်သည့် ပစ္စည်းများတင်ဆောင်ထားသည့် ယင်းကားသည် တပ်စခန်းအတွင်း နှစ်ကြိမ်ပေါက်ကွဲခဲ့ကြောင်း ၊ ပေါက်ကွဲမှုကြောင့် တပ်စခန်းအတွင်းရှိ အဆောက်အဦအချို့ ပျက်စီးသွားကြောင်းနှင့် လူများစွာဒဏ်ရာရရှိခဲ့ကာ ၃ ဦးမှာ ဒဏ်ရာပြင်းထန်ကြောင်းပြောကြားခဲ့သည်။

Diego Molano Aponte က ယင်းတိုက်ခိုက်မှုသည် ကိုလံဘီယံအကြီးဆုံးသော အစိုးရဆန့်ကျင်ရေး လက်နက်ကိုင်အဖွဲ့အစည်း ဖြစ်သည့် အမျိုးသားလွတ်မြောက်ရေးတပ်မတော် “National Liberation Army” နှင့် ပတ်သက်ဆက်နွယ်ဖွယ်ရာရှိကြောင်း ၊ ယခင် ကိုလံဘီယာတော်လှန်ရေးတပ်မတော် “Revolutionary Armed Forces of Colombia” မှ ပုန်ကန်သူများက ဆောင်ရွက်ခြင်းလည်းဖြစ်နိုင်ကြောင်း ၊ သက်ဆိုင်ရာဌာနများအနေဖြင့် လက်ရှိတွင် တိုက်ခိုက်မှုနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများပြုလုပ်နေပြီး အကြမ်းဖက်ကျူးလွန်သူများအနေဖြင့် ပြင်းပြင်းထန်ထန် အရေးယူအပြစ်ပေးခံရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ကိုလံဘီယာ အမျိုးသားလွတ်မြောက်ရေးတပ်မတော် အနေဖြင့် လက်ရှိတွင် အဖွဲ့ဝင်အင်အား ၄ ထောင်ခန့်ရှိပြီး အဓိကအားဖြင့် ကိုလံဘီယာနိုင်ငံ အနောက်တောင်ပိုင်း Choco ပြည်နယ် ၊ Cauca ပြည်နယ် ၊ Narino ပြည်နယ် ၊ Putumayo ပြည်နယ် နှင့် အရှေ့မြောက်ပိုင်းရှိ North Santander ပြည်နယ်တို့တွင် လှုပ်ရှားလျက်ရှိကြောင်း ၊ ကိုလံဘီယာတော်လှန်ရေးတပ်မတော် သည် တစ်ချိန်က ကိုလံဘီယာနိုင်ငံအတွင်းရှိ အတိုင်းအတာအကြီးမားဆုံးသော ၊ ဖွဲ့စည်းမှုအတောင့်တင်းဆုံးသော အစိုးရဆန့်ကျင်ရေးလက်နက်ကိုင်အဖွဲ့အစည်းတစ်ခုဖြစ်ကြောင်း ၊ ၂၀၁၇ ခုနှစ် စက်တင်ဘာ တွင် တရားဝင်လက်နက်စွန့်လွှတ်၍ နိုင်ငံရေးနယ်ပယ်သို့ဝင်ရောက်လာပြီး “Common Alternative Revolutionary Force” နိုင်ငံရေးပါတီကို ထူထောင်ခဲ့ကြောင်း သိရသည်။ (Xinhua)

———————————–
(Chinese Version)
(国际)哥伦比亚军营遭汽车炸弹袭击致36人受伤
2021-06-16 12:38:02 分类: 突发事件
新华社加拉加斯6月15日电(记者徐烨)波哥大消息:哥伦比亚国防部长莫拉诺15日证实,当天下午北部城市库库塔一处军营遭汽车炸弹袭击,造成36人受伤。
莫拉诺在电视讲话中说,两名嫌犯当天下午3时左右驾驶一辆越野车闯进军营,载有炸药的车辆在军营内共发生两次爆炸,造成军营设施损坏和人员受伤,其中3人伤势较重。
他说,该袭击可能与哥伦比亚最大的反政府武装组织“民族解放军”有关,也不排除是原“哥伦比亚革命武装力量”反叛分子所为,有关部门正在就袭击展开调查,恐怖主义行为将受到严厉惩罚。
“民族解放军”现有成员约4000人,主要分布在哥西南部乔科、考卡、纳里尼奥、普图马约和东北部北桑坦德等省份。“哥伦比亚革命武装力量”曾是哥境内规模最大、组织最严密的反政府武装,2017年9月正式宣布弃武从政,成立政党“大众革命替代力量”。(完)

Photo
全副武装的哥伦比亚军人在哥中部梅塔省马卡莱纳市郊区的路上巡逻。新华社发(莱昂•索拉诺摄)