Connect with us

International Organizations

ဂျပန်ဝန်ကြီးချုပ် ဖူမီအို ခီရှီဒါ အစိုးရအဖွဲ့သစ် ဖွဲ့စည်း

တိုကျိုမြို့ ဝန်ကြီးချုပ်အိမ်တော်တွင် ဂျပန်ဝန်ကြီးချုပ် ဖူမီအိုခီရှီဒါနှင့် အဖွဲ့ဝင်ဝန်ကြီးများစုပေါင်းအမှတ်တရ ဓါတ်ပုံရိုက်ကူးနေသည်ကို အောက်တိုဘာ ၄ ရက်က တွေ့ရစဉ်(ဓါတ်ပုံ- Yoshikazu Tsuno/Pool via Xinhua)

တိုကျို၊ အောက်တိုဘာ ၅ ရက်(ဆင်ဟွာ)

လစ်ဘရယ်ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌသစ် ဖူမီအို ခီရှီဒါသည် အောက်တိုဘာ ၄ ရက်တွင် ဂျပန်နိုင်ငံ၏ အယောက် (၁၀၀)မြောက် ဝန်ကြီးချုပ်အဖြစ် ရွေးချယ်ခံရပြီးနောက် အစိုးရသစ်ချက်ချင်းဖွဲ့စည်းခဲ့ကြောင်း သိရသည်။အစိုးရအဖွဲ့အတွင်းရေးမှူးချုပ် Hirokazu Matsunoက အစိုးအဖွဲ့ဝင်အမည်စာရင်းကို ဝန်ကြီးချုပ် အိမ်တော်တွင် ကြေညာခဲ့သည်။

ယင်းနေ့ညပိုင်းက ဂျပန်ဘုရင့်နန်းတော်တွင် ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝန်ကြီးများ ခန့်အပ်သည့်အခမ်းအနားကို ကျင်းပခဲ့ပြီး အစိုးရအဖွဲ့သစ်ကို တရားဝင် ဖွဲ့စည်းခဲ့သည်။

ဖူမီအို ခီရှီဒါ၏ ဝန်ကြီးအဖွဲ့တွင် အဖွဲ့ဝင် စုစုပေါင်း ၂၀ ဦး ရှိရာ ၎င်းတို့အနက် ၁၃ ဦးမှာ ပထမဆုံး အစိုးရအဖွဲ့သို့ ဝင်ရောက်ခြင်းဖြစ်ပြီး အမျိုးသမီးဝန်ကြီး ၃ ဦး ပါဝင်ကြောင်း သိရသည်။ ဝန်ကြီးအဖွဲ့ ဖွဲ့စည်းပုံသည် ဖူမီအို
ခီရှီဒါ၏ သဘောဆန္ဒကို ထင်ဟပ်စေကြောင်း သိရသည်။

ယိုရှီဟီဒဲဆူဂါ၏ အဖွဲ့ဝင် ဝန်ကြီး ၃ ဦး အစိုးရအဖွဲ့သစ်တွင် ပြန်လည်ပါဝင်ခဲ့ရာ ၎င်းတို့အနက် နိုင်ငံခြားရေးဝန်ကြီးToshimitsu Motegiနှင့် ကာကွယ်ရေးဝန်ကြီး Nobuo Kishi တို့ကို မူလနေရာတွင် ထားရှိပြီး မူလ ပညာရေး၊ ယဉ်ကျေးမှု၊ အားကစားနှင့် သိပ္ပံနည်းပညာ ဝန်ကြီးKōichi Hagiudaကို စီးပွားရေး၊ကုန်သွယ်ရေးနှင့်စက်မှုဝန်ကြီးအဖြစ် ပြောင်းလဲခန့်အပ်ခဲ့ကြောင်း သိရသည်။ အဖွဲ့ဝင်စီမံခန့်ခွဲမှုကတစ်ဆင့် ဖူမီအို ခီရှီဒါ၏ စီးပွားရေး၊ သံတမန်ရေးနှင့်လုံခြုံရေးစသည့် ကဏ္ဍများတွင် ရှင်ဇိုအာဘေးနှင့် ယိုရှီဟီဒဲဆူဂါ၏လမ်းစဉ်အတိုင်း လျှောက်ဖွယ်ရှိရာ အပြောင်းအလဲကြီးကြီးမားမား မရှိနိုင်ဟု သုံးသပ်သူတစ်ချို့က ယူဆကြသည်။

အောက်တိုဘာ ၄ ရက် နံနက်ပိုင်းတွင် ယိုရှီဟီဒဲဆူဂါ အစိုးရအဖွဲ့သည် ယာယီအစိုးရအဖွဲ့အစည်းအဝေးတွင် ရာထူးမှ နုတ်ထွက်ကြောင်း ကြေညာခဲ့သည်။ (Xinhua)

———————————–
(Chinese Version)
(国际)日本首相岸田文雄组建新内阁
2021-10-04 18:07:03
新华社东京10月4日电(记者姜俏梅)日本自民党新总裁岸田文雄4日当选日本第100任首相后立即组建内阁。新任内阁官房长官松野博一在首相官邸公布了岸田内阁阁僚名单。
当晚在日本皇宫举行首相任命和内阁大臣认证仪式后,新内阁将正式成立。
岸田内阁阁僚共20人,其中13位为首次入阁,女性内阁成员有3人。内阁阵容体现了岸田平衡派阀的用意。
菅义伟内阁3位阁僚再次入阁,其中外务大臣茂木敏充和防卫大臣岸信夫留任,前文部科学大臣萩生田光一转任经济产业大臣。此间分析认为,这一人事安排反映出岸田内阁在经济、外交和安全等方面将沿袭安倍晋三和菅义伟内阁路线,难有太大变化。
4日上午,菅义伟内阁在临时内阁会议上宣布辞职。(完)
图说1:10月4日,日本首相岸田文雄(前排中)在东京的首相官邸率阁僚合影。 新华社发(Pool图片,斯坦尼斯拉夫•小菊摄)