Connect with us

Africa & Middle East

ဆူဒန်နိုင်ငံရေးအကျပ်အတည်း ညှိနှိုင်းနိုင်မည်ဟု မျှော်လင့်ရကြောင်း ကုလသမဂ္ဂအထူးသံတမန် ပြောကြား

ဆူဒန်နိုင်ငံ ခါတွမ်းမြို့ တွင် အသွင်ကူးပြောင်းရေးအစိုးရအဖွဲ့အား ထောက်ခံသူများက လမ်းတွင် အတားအဆီးများပြုလုပ်၍ ဆန့်ကျင်ဆန္ဒပြနေသည်ကို အောက်တိုဘာ ၂၇ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း၊ နိုဝင်ဘာ ၂ ရက်(ဆင်ဟွာ)

ဆူဒန်နိုင်ငံရေးအကျပ်အတည်းကို ဖြေရှင်းသည့် ပြည်တွင်းနှင့်နိုင်ငံတကာ ညှိနှိုင်းဆောင်ရွက်ကြိုးပမ်းမှုများ အားထားလုပ်ဆောင်လျက်ရှိရာ လာမည့်ရက်ပိုင်းအတွင်း ရလဒ်ရရှိလာလိမ့်မည်ဟု မျှော်လင့်ရကြောင်း ကုလသမဂ္ဂအထွေထွေအတွင်ရေးမှူးချုပ်၏ ဆူဒန်ရေးရာ အထူးကိုယ်စားလှယ်နှင့် ဆူဒန်အသွင်ကူးပြောင်းရေးကာလ ကုလသမဂ္ဂအထွေထွေကူညီပံ့ပိုးရေးအဖွဲ့ အကြီးအကဲ Volker Perthesက နိုဝင်ဘာ ၁ ရက် တွင် ပြောကြားခဲ့သည်။

 ဆူဒန်နိုင်ငံ အသွင်ကူးပြောင်းရေးအစိုးရ ဝန်ကြီးချုပ် Abdalla Hamdokအား မြို့တော် ခါတွမ်း သတင်းစာရှင်းလင်းပွဲတွင် ၂၀၂၀ပြည့်နှစ် ဩဂုတ် ၁၅ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ဆူဒန်အသွင်ကူးပြောင်းရေးအစိုးရ ဝန်ကြီးချုပ် Abdalla Hamdokက ထိန်းသိမ်းခံထားရသည့် အစိုးရဝန်ကြီးများကို လွှတ်ပေးရန် ယင်းနေ့တွင် တောင်းဆိုခဲ့ပြီး အသွင်ကူးပြောင်းရေးအစိုးရ ပြည်လည်ထူထောင်ခြင်းသည် ဆူဒန်အခြေအနေကို ဖြေရှင်းရန် လမ်းခင်းခြင်းဖြစ်ကြောင်း ဆိုသည်။ ထိုမတိုင်မီ စစ်တပ်က ဆူဒန်အသွင်ကူးပြောင်းရေးအစိုးရကို ဖျက်သိမ်းခဲ့ပြီး Abdalla Hamdokကို ၎င်း၏နေအိမ်တွင် အကျယ်ချုပ်ထားခဲ့သည်။

Volker Perthesသည် နိုဝင်ဘာ ၁ ရက်က ဆူဒန်နိုင်ငံ မြို့တော် ခါတွမ်းမှ ဗွီဒီယိုလင့်ခ်ဖြင့် ကုလသမဂ္ဂရုံးချုပ်၌ကျင်းပသော သတင်းစာရှင်းလင်းပွဲသို့တက်ရောက်ခဲ့ရာတွင် ၎င်းက ဆူဒန်၏အခြေအနေ တည်ငြိမ်သော်လည်း အလွန်တင်းမာမှုများရှိနေကြောင်း ၊ ၎င်းအနေဖြင့် Abdalla Hamdokနှင့်အကြိမ်ပေါင်းများတွေ့ဆုံပြီး ဆွေးနွေးညှိနှိုင်းမှုများ လုပ်ဆောင်လျက်ရှိကြောင်း ဆိုသည်။
“ခါတွမ်းမှာ ဘက်ပေါင်းစုံက ညှိနှိုင်းဖြေရှင်းမှုအမျိုးမျိုး ကြိုးပမ်းဆောင်ရွက်နေတယ်”၊ “ကျွန်တော်တို့အနေနဲ့ ညှိနှိုင်းရန် ကြိုးပမ်းမှုတစ်စိတ်တစ်ပိုင်းကို ထောက်ခံခဲ့တယ်၊ အဆိုပြုချက်နှင့်အမြင်သဘောထားတွေ ထုတ်ဖော်ပြောဆိုခဲ့တယ်၊ ပြီးတော့ ညှိနှိုင်းမှုသက်ဆိုင်ရာအချို့နဲ့ ပူးပေါင်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်”၎င်းက ပြောကြားခဲ့သည်။ လာမည့်ရက်ပိုင်းအတွင်း ဖြေရှင်းမည့်နည်းလမ်း ရုပ်လုံးပေါ်လာလိမ့်မည်ဟု မျှော်လင့်ရကြောင်း ဆိုသည်။

Abdalla Hamdok၏တောင်းဆိုချက်၊ ရပ်တည်ချက်များကို ထုတ်ဖော်ပြောကြားဖို့ Volker Perthesက ငြင်းပယ်ထားကြောင်း ရိုက်တာ သတင်းတွင် ဖော်ပြထားသည် ။

ဆူဒန်စစ်ဦးစီးချုပ် Abdel Fattah Al-Burhanက အောက်တိုဘာ ၂၅ ရက်တွင် နိုင်ငံအရေးပေါ်အခြေအနေအဖြစ်ကြေညာခဲ့ပြီး အချုပ်အချာအာဏာပိုင်ကော်မတီနှင့်အသွင်ကူးပြောင်းရေးအစိုးရကို ဖျက်သိမ်းခဲ့သည်။ ထိုရက်တွင်ပင် အသွင်ကူးပြောင်းရေးဝန်ကြီးချုပ်အစိုးရ ရုံးက Abdalla Hamdok ပြန်ပေးဆွဲခံရပြီး Abdel Fattah Al-Burhan နေအိမ်သို့ ခေါ်ဆောင်သွားခြင်း ခံခဲ့ရကြောင်း ပြောကြားခဲ့သည်။ အောက်တိုဘာ ၂၆ ရက် ညပိုင်းတွင် Abdalla Hamdokနှင့်၎င်း၏ဇနီးဖြစ်သူ နေအိမ်သို့ ပြန်လည်ရောက်ရှိခဲ့သော်လည်း တင်းကျပ်သည့်စောင့်ကြည့်မှုများနှင့်နေရကြောင်း သိရသည်။ အသွင်ကူးပြောင်းရေးအစိုးရအဖွဲ့ ဝန်ကြီးများနှင့် အချုပ်အချာအာဏာပိုင်ကော်မတီအဖွဲ့ဝင်များက စစ်တပ်၏ ထိန်းသိမ်းခြင်းကို ခံနေရဆဲဖြစ်ပြီး နေရာအတည်တကျမသိရှိရသေးကြောင်း သိရသည်။

Abdel Fattah Al-Burhanက အာဏာသိမ်းမှုကို ငြင်းဆိုထားသည်။ ၎င်း၏ပြောကြားချက်အရ အသွင်းကူးပြောင်းရေးအစိုးရအဖွဲ့အတွင်း ဂိုဏ်းဂဏနှစ်ဖွဲ့ကွဲလွဲမှုများကြောင့် ပြည်တွင်းစစ်ဖြစ်ပွားမည်ကို ကာကွယ်ရန်အတွက် စစ်တပ်သည် အာဏာလွှဲပြောင်းထိန်းသိမ်းခြင်းဖြစ်ကြောင်း ဆိုသည်။ ရက်သတ္တတစ်ပတ်အတွင်း ဝန်ကြီးချုပ်အသစ်၊ အစိုးရသစ် ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း Abdel Fattah Al-Burhanက Sputnik သတင်းအေဂျင်စီ၏ အောက်တိုဘာ ၂၉ ရက်တွင် ဖော်ပြသည့် ဆောင်းပါး၌ ပြောကြားထားသည်။ ဝန်ကြီးချုပ်အသစ်နေရာကို ဆူဒန်အဖွဲ့အသီးသီးမှ သဘောတူညီလက်ခံသူတစ်ဦးအား တာဝန်ထမ်းဆောင်စေမည်ဖြစ်ပြီး ၎င်းမှ အစိုးရဖွဲ့စည်းသွားမည်ဖြစ်ကြောင်း ၊ စစ်တပ်အနေဖြင့် အစိုးရအဖွဲ့ဖွဲ့စည်းမှုကို စွက်ဖက်မည်မဟုတ်ဘဲ အစိုးရအသစ်နှင့်အတူ ဆူဒန်ကို ဦးဆောင်သွားမည် ဖြစ်ကြောင်း ဆိုသည်။

AFP သတင်း၏ဖော်ပြချက်အရ Abdalla Hamdokသည် နိုဝင်ဘာ ၁ ရက်က နေအိမ်တွင် အမေရိကန်၊ ဗြိတိန်နှင့်နော်ဝေး သံအမတ်တို့နှင့် တွေ့ဆုံခဲ့သည်။ ထိုသို့ တွေ့ဆုံရာတွင် Abdalla Hamdokက “၎င်းအစိုးရနှင့်အသွင်ကူးပြောင်းရေးအဖွဲ့၏ တရားဝင်မှုကို လက်ကိုင်ထားကြောင်း” နှင့် “ဝန်ကြီးများကို လွှတ်ပေးပြီး အသွင်ကူးပြောင်းရေးအစိုးရကို ဘက်စုံ ပြန်လည်တည်ထောင်ပြီး ဖြေရှင်းရန် လမ်းခင်းရမယ်”ဟု ပြောကြားခဲ့ကြောင်း ဆူဒန် အသွင်းကူးပြောင်းရေးအစိုးရ ပြန်ကြားရေးဌာနက ယင်းနေ့ လူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြခဲ့သည်။ ၎င်းအနေဖြင့် ဆူဒန်၏အခြေအနေကို စစ်တပ်အာဏာမယူမီအခြေအနေသို့ ပြန်လည်ရောက်ရှိအောင် တောင်းဆိုထားကြောင်း သိရသည်။ (Xinhua)

———————————-
(Chinese Version)
联合国特使:苏丹政局危机有望获调解
2021-11-02 15:52:07
Image Carouse
新华社北京11月2日电 联合国秘书长苏丹问题特别代表兼联合国苏丹过渡时期综合援助团团长弗尔克尔•佩尔特斯1日说,致力于解决苏丹政局危机的国内和国际多项调解努力正在展开,有望在未来几天内取得成果。
苏丹过渡政府总理阿卜杜拉•哈姆杜克当天要求释放遭扣押的过渡政府部长,说恢复过渡政府将为解决苏丹局势铺路。苏丹过渡政府先前遭军方解散,哈姆杜克被软禁在其住所。
10月27日,在苏丹喀土穆,过渡政府支持者在道路上设置路障以示抗议(手机拍摄)。(新华社记者马意翀摄)
佩尔特斯1日在苏丹首都喀土穆视频出席在纽约联合国总部举行的记者会。他说,苏丹局势“稳定但非常紧张”,他与哈姆杜克多次会面,多项谈判正在展开。
“在喀土穆,多方正在展开多种调解努力,”他说,“我们支持部分(调解)努力,提出倡议和想法,并与一些调解方配合”,希望“解决方案的轮廓”会在未来几天显现。
路透社报道,佩尔特斯拒绝透露哈姆杜克和军方的要求、条件或立场。
这是2020年8月15日,苏丹过渡政府总理哈姆杜克在首都喀土穆参加新闻发布会。(新华社发,穆罕默德•海德尔摄)
苏丹武装部队总司令阿卜杜勒•法塔赫•布尔汉10月25日宣布国家实施紧急状态、解散主权委员会和过渡政府。过渡政府总理办公室同一天说,哈姆杜克“遭绑架”,被带至布尔汉家中。10月26日晚,哈姆杜克与妻子返回居所,但处于“严密监视”下。数名过渡政府部长和主权委员会成员仍被军方扣押,地点不明。
布尔汉否认军方发动政变。按照他的说法,军方接管政权是为防止过渡政府中两派分歧触发内战。布尔汉在俄罗斯卫星通讯社10月29日发表的采访文章中说,他将在一周内任命新总理、组建新政府。新总理将由一名获得苏丹各派别人士一致同意的技术官僚担任,由其组建内阁。军方不会干预组阁工作,将与新政府共同领导苏丹。
按法新社说法,哈姆杜克11月1日在家中与美国、英国和挪威大使会面。苏丹过渡政府新闻部当天在社交媒体上说,哈姆杜克在会面时“坚持其政府和过渡机构的合法性”,称“释放内阁部长和全面恢复(过渡)政府将为解决方案铺路”。他要求苏丹局势恢复到军方接管前的状态。(刘曦)