Connect with us

China

ဆောင်းရာသီ အိုလံပစ်ပြိုင်ပွဲကို စီစဉ်ထားသည့်အတိုင်း ကျင်းပနိုင်ခြင်းက တရုတ်နိုင်ငံ၏လက်တွေ့စွမ်းရည်အား ပေါ်လွင်စေသလို ကမ္ဘာ့ ရေခဲနှင်းအားကစား၏ ခေတ်သစ်ကို ဖွင့်လှစ်နိုင်ခြင်းဖြစ်ကြောင်း အပြည်ပြည်ဆိုင်ရာ အိုလံပစ်ကော်မတီ ဥက္ကဋ္ဌ Thomas Bachက ပြောကြား

အပြည်ပြည်ဆိုင်ရာ အိုလံပစ်ကော်မတီ ဥက္ကဋ္ဌ Thomas Bachက ပေကျင်းမြို့တွင် ဆင်ဟွာသတင်းဌာနက တစ်ဆင့် တရုတ်နှစ်သစ်ကူး ဆုမွန်ကောင်းစကား ပြောကြားနေသည်ကို ဇန်နဝါရီ ၃၁ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း၊ ဖေဖော်ဝါရီ ၁ ရက်(ဆင်ဟွာ)

ဇန်နဝါရီ ၂၂ ရက် ပေကျင်းမြို့ကို ရောက်ရှိပြီးနောက် အပြည်ပြည်ဆိုင်ရာ အိုလံပစ်ကော်မတီ ဥက္ကဋ္ဌ Thomas Bach၏ ခရီးစဉ်နှင့်အလုပ်များ အလွန်များပြားရာ ကျန်းကျားခို ပြိုင်ပွဲကွင်း၊ ဆောင်းရာသီအိုလံပစ်အားကစားရုံအသီးသီးသို့ သွားရောက် ကြည့်ရှုခဲ့သည်။ တရုတ်နှစ်သစ် အကြိုနေ့ ညနေပိုင်း ၄ နာရီတွင် ဆင်ဟွာ သတင်းဌာန၏ သီးသန့်မေးမြန်းမှုအား အချိန်ပေးဖြေကြားခဲ့သည်။

တွေ့ဆုံမေးမြန်ခန်းမစတင်မီ Thomas Bachက ချမ်းသာသုခဟု အနက်ရှိသော “福” တရုတ်စာလုံးကို ကိုင်ဆောင်ကာ ကျားနှစ် နှစ်သစ်တွင် ပျော်ရွှင်ချမ်းမြေ့၊ အောင်မြင်ပါစေကြောင်း တရုတ်ပြည်သူများအတွက် နှစ်ကူး ဆုမွန်ကောင်း ပေးခဲ့သည်။ “ဆောင်းရာသီအိုလံပစ်နဲ့နွေဦးပွဲတော် ကြုံကြိုက်တာက အလွန်ပြည့်စုံပါတယ်။ ‘ကျား’က ရဲဝံ့ခြင်း၊အင်အားနဲ့ အောင်မြင်မှုရဲ့ ပြယုဂ်ပါ၊ ဒါကလည်း နွေဦးပွဲတော်မှာ ကျွန်တော်က တရုတ်ပြည်သူများကို ပေးပို့ချင်တဲ့ဆုတောင်းစကားပါ”ဟု ၎င်းက ပြောကြားခဲ့သည်။

အပြည်ပြည်ဆိုင်ရာ အိုလံပစ်ကော်မတီ ဥက္ကဋ္ဌ Thomas Bachက ပေကျင်းမြို့တွင် ဆင်ဟွာသတင်းဌာနသီးသန့်တွေ့ဆုံမေးမြန်းခန်း၌ ပြောကြားနေသည် ဇန်နဝါရီ ၃၁ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

အပြည်ပြည်ဆိုင်ရာ အိုလံပစ်ကော်မတီ ဥက္ကဋ္ဌ Thomas Bachက ပေကျင်းမြို့တွင် ဆင်ဟွာသတင်းဌာနသီးသန့်တွေ့ဆုံမေးမြန်းခန်း၌ ပြောကြားနေသည် ဇန်နဝါရီ ၃၁ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

အပြည်ပြည်ဆိုင်ရာ အိုလံပစ်ကော်မတီ ဥက္ကဋ္ဌ Thomas Bachက ပေကျင်းမြို့တွင် ဆင်ဟွာသတင်းဌာနသီးသန့်တွေ့ဆုံမေးမြန်းခန်း၌ ပြောကြားနေသည် ဇန်နဝါရီ ၃၁ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

အပြည်ပြည်ဆိုင်ရာ အိုလံပစ်ကော်မတီ ဥက္ကဋ္ဌ Thomas Bachက ပေကျင်းမြို့တွင် ဆင်ဟွာသတင်းဌာနသီးသန့်တွေ့ဆုံမေးမြန်းခန်း၌ ပြောကြားနေသည် ဇန်နဝါရီ ၃၁ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ဆောင်းရာသီအိုလံပစ်ပွဲ စီစဉ်ထားသည့်အတိုင်း ကျင်းပနိုင်ခြင်းက တရုတ်နိုင်ငံ၏ လက်တွေ့စွမ်းရည်ကို ထပ်မံပေါ်လွင်စေ

လွန်ခဲ့သည့် ၆ နှစ်ကျော် မလေးရှားနိုင်ငံ ကွာလာလမ်ပူတွင် ၂၀၂၂ ခုနှစ် ဆောင်းရာသီအိုလံပစ်ပွဲကို ပေကျင်း အိမ်ရှင်အဖြစ်ကျင်းပမည်ဖြစ်ကြောင်း Thomas Bachကြေညာခဲ့သည်။ ၆ နှစ်ကျော်ကြာကာလတွင် ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားမှုများနှင့် ကြုံတွေ့ခဲ့ရသော်လည်း ပေကျင်း ဆောင်းရာသီ အိုလံပစ်ပွဲ အကြိုပြင်ဆင်မှုလုပ်ငန်းများ မပြတ်တောက်အောင်၊ အရှိန်မလျော့အောင်နှင့်စံနှုန်းမနိမ့်အောင် ဆောင်ရွက်နိုင်ခဲ့သည်။

ပေကျင်း ဆောင်းရာသီအိုလံပစ်ကို နောက်ဆုံးတွင် စီစဉ်ထားသည့်အတိုင်း ကျင်းပနိုင်ခြင်းက အထူးသဖြင့် လက်ရှိ မျိုးရိုးဗီဇပြောင်း အိုမီခရွန် ကမ္ဘာအနှံ့တွင် ကူးစက်ပြန့်နှံ့နေသော အခြေအနေတွင် တရုတ်နိုင်ငံ၏ သန္နိဋ္ဌာန်၊ စွမ်းရည်နှင့်တက်ကြွမှုကို ထပ်မံ ပေါ်လွင်စေခြင်း ဖြစ်ကြောင်း Thomas Bachက ဆိုသည်။ “တရုတ်နိုင်ငံရဲ့ ကပ်ရောဂါတိုက်ဖျက်ရေး သန္နိဋ္ဌာန်နဲ့ ရောဂါကာကွယ်ထိန်းချုပ်ရေးများ ရရှိတဲ့ အောင်မြင်မှုတွေကို ကျွန်တော်တို့ တွေ့မြင်ခဲ့ရတယ်”ဟု ၎င်းက ဆိုသည်။

“ဆောင်းရာသီအိုလံပစ် ကြိုတင်ပြင်ဆင်မှုတွေအားလုံးက ထူးချွန်ပြောင်မြောက်တယ်။ ဒါက အိုလံပစ်ကျေးရွာထဲမှာရှိတဲ့ အားကစားသမားတွေ အထူးချီးမွမ်းထောပနာပြုတာကို ကြည့်ရင် သိနိုင်မှာပါ။ အားလုံးက အားကစားရုံးကို ချီးကျူးကြတယ်၊အားကစားကဏ္ဍတင်မဟုတ်ပါဘူး၊ အဆောက်အအုံ ဒီဇိုင်းရေးဆွဲပုံ၊ စဉ်ဆက်မပြတ်အသုံးပြုနိုင်အောင် စီစဉ်ထားမှုတွေကောပေါ့။ ဒါက ပေကျင်း၏ အိုလံပစ်အဆောက်အအုံ နှစ်ခုကြောင့်တင် မဟုတ်ပါဘူး ၊ဒီတစ်ကြိမ်မှာ အားလုံး အစိမ်းရောင် လျှပ်စစ်စွမ်းအင်ကို သုံးထားလို့ပါပဲ။ ကပ်ရောဂါဖြစ်ပွားနေတဲ့ အခြေအနေမှာ ရုံပိတ်စီမံခန့်ခွဲမှုက လက်ရှိအချိန်အထိလည်း အောင်မြင်မှုအများကြီးရှိတယ်၊ တရုတ်ပြည်သူတွေ၊အိုလံပစ်ပါဝင်သူတွေအားလုံး လုံခြုံဘေးကင်းမှုရှိတယ်လို့ ခံစားရတယ်၊ ကပ်ရောဂါကာကွယ်ရေး လက်စွဲစာအုပ်ရဲ့ သိပ္ပံနည်းကျမှုက ကျွန်တော်တို့ကို ယုံကြည့်စိတ်အပြည့်ရှိစေတယ်”ဟု Thomas Bachက ပြောကြားခဲ့သည်။

ပေကျင်းဆောင်းရာသီအိုလံပစ်က တစ်ကမ္ဘာလုံးအတွက် ကြွယ်ဝသည့်အမွေအနှစ်များ ချန်ရစ်ပေးလိမ့်မည်

တရုတ်နိုင်ငံသည် လူသန်းပေါင်း ၃၀၀ ကို ရေခဲနှင်းအားကစားတွင် ပါဝင်လာဖို့ တိုက်တွန်းမည့် သန္နိဋ္ဌာန်နှင့်စွမ်းအားသည် ချီးကျူးဖွယ်ကောင်းကြောင်း Thomas Bachက ယခုနှစ်ပိုင်းများတွင် နေရာအများအပြား၌ ပြောကြားခဲ့သည်။ ယနေ့အခါ ယင်း ရည်မှန်းချက် ကြိုတင်အကောင်အထည်ဖော်နိုင်ခဲ့ပြီဖြစ်ခြင်းကြောင့် Thomas Bachက ၎င်းမှာ တရုတ်လူမျိုးများ ပို၍ကျန်းမာသည့်နေထိုင်မှုပုံစံကို ရရှိစေရုံသာမက ကမ္ဘာလုံးဆိုင်ရာ ရေခဲနှင်းအားကစား ခေတ်သစ်ကို ဖွင့်လှစ်လိုက်ခြင်း ပို၍ပင် ဖြစ်ကြောင်း ဆိုသည်။

“တရုတ်လူမျိုးတွေအတွက် ပြောရမယ်ဆိုရင် ဒါဟာ ကိုယ်စိတ်နှလုံးကျန်းမာရေးအတွက် မြှင့်တင်မှုကြီးဖြစ်ပါတယ် ”၊ “ကမ္ဘာ့အတိုင်းအတာနဲ့ပြောရရင် ဆောင်းရာသီ အားကစားကဏ္ဍ၏ ခေတ်ကာလကို ပေကျင်း ဆောင်းရာသီအိုလံပစ် မတိုင်မီ အစောပိုင်းခေတ်နဲ့ နောက်ပိုင်းခေတ်လို့ ခွဲပြောနိုင်တယ်၊ ဘာဖြစ်လို့လဲဆိုတော့ လူသန်းပေါင်း ၃၀၀ ပါဝင်သည့် ရေခဲနှင်းအားကစားသည် ခေတ်သစ်ကို ဖွင့်လှစ်ပေးမှာ ဖြစ်တယ်”ဟု ၎င်းက ပြောကြားခဲ့သည်။

အပြည်ပြည်ဆိုင်ရာ ဆောင်းရာသီအားကစားအဖွဲ့အနေဖြင့် ၎င်းတို့၏အားကစားကဏ္ဍများကို ဖွံ့ဖြိုးတိုးတက်အောင် တိုးချဲ့နိုင်သလို အားကစားသမားနှင့်အားကစားကဏ္ဍအတွက်လည်း ပို၍ဆွဲဆောင်မှုရှိစေကြောင်း ထပ်မံရှင်းလင်း ပြောကြားခဲ့သည်။

၂၀၀၈ ခုနှစ် မှ ၂၀၂၂ ခုနှစ်ရောက်ရှိသည့်အခါ တရုတ်နိုင်ငံ ကဏ္ဍစုံတွင် ကြီးမားသောဖွံ့ဖြိုးတိုးတက်မှုများကို အကောင်အထည်ဖော်ဆောင်နိုင်ခဲ့

၁၄ နှစ်ကြာကာလအတွင်း တရုတ်နိုင်ငံကို ကြိမ်ဖန်များစွာ ရောက်ရှိခဲ့ရာတွင် ဘယ်နှစ်ကြိမ်ရောက်ရှိခဲ့လဲဆိုသည်ကို Thomas Bach မမှတ်မိတော့ဘူးဟု ဆိုသည်။ ၂၀၀၈ ခုနှစ်နှင့်နှိုင်းယှဉ်ပါက တရုတ်နိုင်ငံသည် အားကစားကဏ္ဍတွင်သာမက လူမှု၊စီးပွားစသည့် ကဏ္ဍစုံတွင် ကြီးကြီးမားမား ပြောင်းလဲမှုတွေရှိခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။

“၂၀၀၈ ခုနှစ် အိုလံပစ်ပွဲ ပြင်ဆင်ချိန်တုန်းက ခင်ဗျားတို့အနေနဲ့ တခါတလေ စိတ်လှုပ်ရှားပြီး မသေချာမရေရာမှုတွေ ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ အခုအခါမှာတော့ တရုတ်နိုင်ငံက ကြီးမားတဲ့ဖွံ့ဖြိုးတိုးတက်မှုနဲ့ပြောင်းလဲလာမှုတွေကို အကောင်အထည်ဖော်နိုင်ခဲ့ပါပြီ၊ သိပ္ပံနည်းပညာ၊ ယဉ်ကျေးမှု၊ စီးပွားရေး၊ အားကစား စတဲ့ ကဏ္ဍအားလုံးဟာ ကမ္ဘာ၏ အရေးကြီးတဲ့နေရာမှာ ရှိတယ်”ဟု Thomas Bachက ဆိုသည်။

ပြီးခဲ့သည့်နှစ် အိုလံပစ် ”ပိုမို မြန်ဆန်၊ ပိုမိုမြင့်မား၊ ပိုမိုတောင့်တင်း”သော ဆောင်ပုဒ်နောက်တွင် “ပိုမို စည်းလုံးခြင်း”ဟုထပ်ဖြည့်လောင်းခဲ့ရာ ပေကျင်းဆောင်းရာသီ အိုလံပစ်ဆောင်ပုဒ်”လက်တွဲတူညီ အနာဂတ်ဆီသို့”နှင့်”ပိုမို သွေးစည်းညီညွတ်ရေး”ကို ဝမ်းသာဖွယ်တွေ့မြင်ရကြောင်း Thomas Bachက ပြောကြားခဲ့သည်။
“လက်ရှိကမ္ဘာကြီးမှာ အထူးသဖြင် ကပ်ရောဂါအခြေအနေအောက်မှာ ပို၍သွေးစည်းညီညွတ်မှသာ ပြဿနာများကို အတူတကွဖြေရှင်းနိုင်မှာ ဖြစ်တယ်”ဟု ၎င်းက ဆိုသည်။

ဖွင့်ပွဲအခမ်းအနား ငှက်သိုက်အားကစားရုံကို ဝင်သည့်အခါ သတိရမိတာက ……

ပေကျင်းဆောင်းရာသီအိုလံပစ် ဖွင့်ပွဲအခမ်းအနားကို ဖေဖော်ဝါရီ ၄ ရက်တွင် ကျင်းပမည် ဖြစ်သည်။ ၂၀၀၈ ခုနှစ် ကြီးကျယ်ခမ်းနားသော အိုလံပစ် ဖွင့်ပွဲအခမ်းအနားသည် လူပေါင်းများစွာအတွက် မေ့ပျောက်မရသော အမှတ်တရများဖြစ်စေခဲ့ခြင်းကြောင့် ပေကျင်းဆောင်းရာသီအိုလံပစ် ဖွင့်ပွဲအခမ်းအနားကိုလည်း အများက စိတ်ဝင်တစားစောင့်မျှော်နေကြသည်။

အပြည်ပြည်ဆိုင်ရာ အိုလံပစ်ကော်မတီ၏ ဥက္ကဋ္ဌဖြစ်သူ Thomas Bachက ဆောင်းရာသီအိုလံပစ်ဖွင့်ပွဲအခမ်းအနားအကြောင်းအရာကို မသိရှိဘဲနေမည် မဟုတ်သော်လည်း ယင်းအကြောင်းအရာနှင့်ပတ်သတ်သည့် မေးမြန်းမှုကိုမူ Thomas Bachက ထုတ်ဖော်ပြောကြားခြင်း မရှိခဲ့ပေ။
သို့သော် Thomas Bachက”ကျွန်တော် ဒီနေ့မနက် ငှက်သိုက်အားကစားရုံကိုသွားတယ်၊ ဒါရိုက်တာအဖွဲ့ကိုလည်း တွေ့ပါတယ်၊ ဒီတစ်ခါတာဝန်ယူတဲ့ ဒါရိုက်တာချုပ်ကလည်း ၂၀၀၈ ခုနှစ် ပေကျင်းအိုလံပစ် ဖွင့်ပွဲအခမ်းအနားကို တာဝန်ယူခဲ့သူပါ။ ကျွန်တော်ယုံကြည်ပါတယ်၊ ဒီတစ်ခါ ဖွင့်ပွဲအခမ်းအနားက ၂၀၀၈ ခုနှစ်နဲ့ လုံးဝမတူညီဘဲ အဲဒီတုန်းက ဖွင့်ပွဲအခမ်းအနားနဲ့ထပ်တူ ပြောင်မြောက်တဲ့ ဖွင့်ပွဲအခမ်းအနား ဖြစ်လာမှာ သေချာတယ်” ဟု ပြောကြားခဲ့သည်။

“ဖေဖော်ဝါရီ ၄ ရက် ငှက်သိုက်အားကစားရုံကို ဝင်တဲ့အခါ ဘယ်လိုခံစားချက်ဖြစ်နိုင်မလဲ”ဟု သတင်းထောက်၏ မေးမြန်းမှုကို Thomas Bachက”ကျွန်တော် (Fencing) ဓားထိုးအားကစားသမားတစ်ဦးအနေနဲ့ ပြိုင်ပွဲဝင်ခဲ့တဲ့ အချိန်ကို ပြန်အောက်မေ့မိမယ်ထင်တယ်။ ပြိုင်ပွဲကို ပိုပြီးအာရုံစိုက်မိမယ်၊ ပြီးခဲ့တဲ့ ဖြတ်သန်းခဲ့တဲ့ အခက်အခဲတွေ၊ဒီအတွက် ကြိုးပမ်းခဲ့ရမှုတွေအားလုံးကို ပြိုင်ပွဲမှ ထူးချွန်မှုရအောင် အင်အားအဖြစ် ပြောင်းလဲခဲ့တယ်။အဲဒီတုန်းက ကျွန်တော့်နည်းပြဆရာက ကျွန်တော့်ကို ပြောခဲ့ဖူးတယ်။ ပြိုင်ပွဲမတိုင်မီ ဖြစ်နိုင်ခြေတွေအားလုံးကို ကြိုတင်လေ့လာပြီး တကယ်လို့ ပြိုင်ပွဲမှာ ကျွန်တော်တို့မလေ့လာသေးတဲ့အဖြစ်အပျက်တွေ ရှိခဲ့ရင်တောင်မှ ဒါတွေဟာ အောင်မြင်မှုကို ဆွတ်ခူးဖို့ အတားအဆီးဖြစ်မှာမဟုတ်ဘူးဆိုတဲ့ စကားပေါ့”ဟု ပြောကြားခဲ့သည်။ (Xinhua)

………………………………………
(Chinese Version)
(北京冬奥会)冬奥如期举办彰显中国实力 全球冰雪运动开启新时代——专访国际奥委会主席巴赫
2022-02-01 00:32:43
新华社北京1月31日电 冬奥如期举办彰显中国实力 全球冰雪运动开启新时代
——专访国际奥委会主席巴赫
新华社记者姬烨 罗鑫 董意行
在1月22日抵达北京之后,国际奥委会主席巴赫的行程异常繁忙,张家口赛区、各大冬奥场馆等,都留下了他的足迹。在除夕这一天下午四点,他抽出一个小时接受了新华社记者专访。
在采访开始前,巴赫手里拿着福字,通过新华社向中国人民拜年,祝大家虎年开心、成功。“冬奥会和春节相逢是完美的组合,虎象征着勇气、力量和成功,这也是我在春节向中国人民送出的祝福。”
(小标题)冬奥如期举办 再次彰显中国实力
6年多前,正是巴赫在马来西亚吉隆坡宣布北京成为2022年冬奥会东道主。过去6年多里,即便遭遇新冠肺炎疫情,北京冬奥筹办工作做到了工作没间断、力度没减弱、标准没降低。
巴赫认为,北京冬奥会最终如期举办,尤其是在当前奥密克戎毒株在世界蔓延的情况下,再次彰显了中国的决心、高效与活力。“我们看到了中国应对疫情的决心,以及中国在防疫方面取得的成功。”
“冬奥各项筹办工作均非常出色,这从冬奥村里运动员的高度赞扬就可见一斑。大家对场馆的称赞,不仅是从体育层面,还包括建筑设计;对可持续的称赞,不仅是因为北京的双奥场馆,还因为这次全部使用绿电。而在疫情之下,闭环管理到目前为止也很成功,让中国百姓和涉奥人员都感到非常安全,我们对于《防疫手册》的科学方法充满信心。”巴赫说。
(小标题)北京冬奥会将给全世界留下丰厚遗产
近年来,巴赫在多个场合都表示,中国带动三亿人参与冰雪运动的决心和力度令他赞叹。如今,这一目标已经提前实现,巴赫认为这不仅仅将让中国人收获更加健康的生活方式,更会为全球冰雪运动开启新时代。
“对于中国人来说,这将极大促进人们的身体和心理健康。”巴赫说,“而从世界范围来看,冬季运动的时代可以划分为北京冬奥会之前和之后,因为三亿人参与冰雪运动,将为冰雪运动开启新时代。”
他进一步解释说,对于国际冬季单项体育组织来说,他们可以更好地开拓和发展他们的体育项目,而对运动员和体育项目来说,也可以吸引更多关注。
(小标题)从2008到2022 中国各领域实现巨大发展
从2008年到2022年,从北京夏奥会到北京冬奥会,巴赫赞叹中国在这14年间实现了巨大发展。
这14年间,巴赫已经记不清来中国多少次。他认为,与2008年相比,中国不仅仅在体育方面取得了长足进步,在经济、社会等各方面都发生了巨大改变。
“2008年的奥运筹办过程中,你们可能有时候会感到紧张和不确定。而现在,中国实现了巨大发展变化,在科技、文化、商业、政治、体育等各方面,都在世界拥有举足轻重的地位。”巴赫说。
去年,奥林匹克格言在“更快、更高、更强”之后,加入了“更团结”,巴赫说,很高兴看到北京冬奥会口号“一起向未来”与“更团结”相呼应。“在当今世界,尤其是在疫情之下,只有更团结,才能一起解决问题。”
(小标题)开幕式走进鸟巢,我会想起……
北京冬奥会将于2月4日开幕,2008年气势恢宏的奥运会开幕式,给无数人留下了难以磨灭的记忆。因此,人们对北京冬奥会的开幕式也非常期待。
作为国际奥委会的掌门人,巴赫不可能不知道冬奥会开幕式的内容。但当记者问他可否透露一下时,巴赫还是将保密进行到底。
不过他说:“我今天早上去了鸟巢,见到了导演团队,我知道这次的总导演也执导了2008年北京奥运会开幕式,我相信这次我们可以期待一场与2008年完全不同、但同样精彩的开幕式。”
“当2月4日走进鸟巢,你会是什么心情?”
巴赫的回答是:“我想,我会回忆起我作为击剑运动员登上赛场的那一刻,我会更加专注于比赛,把过往经历的一切困难、为此付出的一切努力,都在这个时刻转化为赛场上的出色发挥。我当年的教练曾告诉我,比赛前,我们已经研究过所有可能出现的问题,因此如果在赛场上发生了我们没有研究过的,那些肯定都不会成为阻挡我们取得成功的障碍。”(完)
图说1:1月31日,国际奥委会主席巴赫在北京通过新华社向中国人民拜年。新华社记者 鞠焕宗 摄
图说2-5:1月31日,国际奥委会主席巴赫在北京接受新华社记者专访。 新华社记者 鞠焕宗 摄