Connect with us

China

တရုတ်ကုမ္ပဏီလုပ်ငန်းမှ တာဝန်ယူတည်ဆောက်သည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ Payraတံတားကြီး တရားဝင် စတင် ဖွင့်လှစ်

ဘင်္ဂလားဒေ့ရှ်နိုင်ငံ Patuakhaliတွင် ရိုက်ကူးသည့် Payra တံတားကြီးအား အောက်တိုဘာ ၁၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဒါကာ၊ အောက်တိုဘာ ၂၆ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ Longjian Road and Bridge Co., Ltd.မှ တာဝန်ယူတည်ဆောက်သည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ Payraတံတားကြီးကို ပြီးခဲ့သည့်ရက်ပိုင်းက တရားဝင်စတင်ဖွင့်လှစ်ခဲ့သည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ Patuakhaliတွင် ရိုက်ကူးသည့် Payra တံတားကြီးဖွင့်ပွဲအခမ်းအနားအား အောက်တိုဘာ ၁၄ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ဘင်္ဂလားဒေ့ရှ်နိုင်ငံ Patuakhaliတွင် ရိုက်ကူးသည့် Payra တံတားကြီးအား အောက်တိုဘာ ၁၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တံတားဖွင့်ပွဲအခမ်းအနားကို ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဝန်ကြီးချုပ် Sheikh Hasina က မြို့တော် ဒါကာမှ ဗွီဒီယိုလင့်ခ်ဖြင့် ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး အမှာစကားပြောကြားရာတွင် တရုတ်နိုင်ငံစသည့် မိတ်ဖက်များက ဘင်္ဂလားဒေ့ရှ် အခြေခံအဆောက်အဦးတည်ဆောက်ရေးတွင် ထောက်ခံအားပေးသည့်အတွက် ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့သည်။

Payraတံတားကြီးသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ တောင်ပိုင်း Barisalဒေသတွင် တည်ရှိပြီး Payraမြစ်ကို ကန့်လန့်ဖြတ်၍ ပင်လယ်ဝနှင့် အကွာအဝေး ၉၈ ကီလိုမီတာခန့်တွင် တည်ဆောက်ထားခြင်း ဖြစ်သည်။ ပင်မတံတားသည် တာဝါတိုင်နိမ့် ကေဘယ်လ်ကြိုးတံတားဖြစ်ပြီး စီမံကိန်းလမ်းကြောင်း စုစုပေါင်းအရှည် ၂,၇၄၀ မီတာ၊ တံတားအရှည် ၁,၄၇၀ မီတာ ရှိကြောင်း၊ စီမံကိန်း စုစုပေါင်းရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ သန်း ၁၅၀ ရှိပြီး ရင်းနှီးငွေကြေးမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံအစိုးရနှင့်နိုင်ငံတကာချေးငွေမှ ဖြစ်ကြောင်း သိရသည်။

စီမံကိန်းစတင်ဆောင်သည့်အချိန်မှစ၍ တရုတ်နိုင်ငံ ဆောက်လုပ်ရေးသမားများ ပထဝီပတ်ဝန်းကျင်အနေအထားရှုပ်ထွေးခြင်း၊ ရာသီဥတုကြမ်းတမ်းခြင်း၊ ကပ်ရောဂါဖြစ်ပွားခြင်း စသည့် အခက်အခဲများနှင့် ရေနက်ပလက်ဖောင်းဆောက်လုပ်ခြင်း၊ရေနက်ပလက်ဖောင်းထောက်တိုင်တည်ဆောက်ခြင်း စသည့် နည်းပညာအခက်အခဲများကို ကျော်လွှားပြီး ဘင်္ဂလားဒေ့ရှ်တံတားတည်ဆောက်မှု မှတ်တမ်းများကို အောင်မြင်စွာ ဖန်တီးနိုင်ခဲ့သည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် မြစ်ချောင်းပေါများရာ Payraတံတားကြီး အဆင်ပြေချောမွေးစွာ ဖွင့်လှစ်သွားလာနိုင်ခြင်းက ၎င်းနိုင်ငံ၏ တောင်-မြောက် စီးပွားရေးချိတ်ဆက်မှုကို အားဖြည့်စေသလို ဘင်္ဂလားဒေ့ရှ်အနောက်တောင်ပိုင်းဒေသစီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ရာတွင် အရေးပါသည့် အခန်းကဏ္ဍမှ ပါဝင်ကြောင်း သိရသည်။ (Xinhua)

———————————–
(Chinese Version)
(经济)中企承建的孟加拉国帕亚拉大桥正式通车
2021-10-25 21:43:46
新华社达卡10月25日电(记者刘春涛)由来自中国的龙建路桥股份有限公司承建的孟加拉国帕亚拉大桥日前正式通车。孟加拉国总理哈西娜在首都达卡通过视频方式为通车仪式剪彩,并在致辞中感谢中国等伙伴对孟基础设施建设的支持。
帕亚拉大桥位于孟加拉国南部的巴里萨尔地区,横跨帕亚拉河,距离入海口约98公里。主桥为矮塔斜拉桥,项目路线总长2740米,桥梁长1470米。项目总投资约1.5亿美元,资金来源为孟政府及国际信贷资金。
自项目开工以来,中方建设者克服地理环境复杂、气候恶劣、疫情肆虐等困难,突破深水平台施工、深水高桩承台施工等技术壁垒,成功创造多项孟加拉国建桥记录。
孟加拉国河流众多,帕亚拉大桥顺利通车对孟加拉国加强南北经济联系,促进孟西南部区域经济发展具有重要作用。(完)
图说1:这是10月14日在孟加拉国博杜阿卡利拍摄的帕亚拉大桥。新华社发
图说2:这是10月24日在孟加拉国博杜阿卡利拍摄的帕亚拉大桥通车仪式现场。新华社发
图说3:这是10月24日在孟加拉国博杜阿卡利拍摄的帕亚拉大桥。新华社发