Connect with us

China

တရုတ်ကွန်မြူနစ်ပါတီ တည်ထောင်သည့် နှစ်(၁၀၀)ပြည့် အထိမ်းအမှတ်နှင့် အမိမြေသို့ ဟောင်ကောင်ပြန်လည်ရောက်ရှိခြင်း (၂၄)နှစ်ပြည့် အထိမ်းအမှတ်အခမ်းအနားများကို ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသတွင် ကျင်းပ

တရုတ်ကွန်မြူနစ်ပါတီ တည်ထောင်သည့် နှစ်(၁၀၀)ပြည့် အထိမ်းအမှတ်နှင့် အမိမြေသို့ ဟောင်ကောင်ပြန်လည်ရောက်ရှိခြင်း (၂၄)နှစ်ပြည့်အထိမ်းအမှတ်အခမ်းအနားဖွင့်ပွဲကို ဇူလိုင် ၁ ရက်က ဟောင်ကောင်ကွန်ဗင်းရှင်းနှင့်ပြပွဲစင်တာ(HKCEC)တွင် ကျင်းပစဉ်(ဆင်ဟွာ)

ဟောင်ကောင်၊ ဇူလိုင် ၂ ရက် (ဆင်ဟွာ)

တရုတ်ကွန်မြူနစ်ပါတီ တည်ထောင်သည့် နှစ်(၁၀၀)ပြည့် အထိမ်းအမှတ်နှင့် အမိမြေသို့ ဟောင်ကောင်ပြန်လည်ရောက်ရှိခြင်း (၂၄)နှစ်ပြည့်အထိမ်းအမှတ်အခမ်းအနားဖွင့်ပွဲကို ဟောင်ကောင်ဂုဏ်ပြုပွဲကော်မတီက ဇူလိုင် ၁ ရက် နံနက်ပိုင်းတွင် ဟောင်ကောင်ကွန်ဗင်းရှင်းနှင့်ပြပွဲစင်တာ(HKCEC)၌ ကျင်းပခဲ့သည်။ အခမ်းအနားကို ဟောင်ကောင်ဒေသ နယ်ပယ်အသီးသီးမှကိုယ်စားလှယ်များ ရာနှင့်ချီတက်ရောက်ခဲ့ကြပြီး အခမ်းအနားကို အတူတကွဖွင့်လှစ်ခဲ့ကြသည်။

ဟောင်ကောင်ကွန်ဗင်းရှင်းနှင့်ပြပွဲစင်တာ(HKCEC)တွင် ဇူလိုင် ၁ ရက်က ကျင်းပသည့် တရုတ်ကွန်မြူနစ်ပါတီ တည်ထောင်သည့် နှစ်(၁၀၀)ပြည့် အထိမ်းအမှတ်နှင့် အမိမြေသို့ ဟောင်ကောင်ပြန်လည်ရောက်ရှိခြင်း (၂၄)နှစ်ပြည့်အထိမ်းအမှတ်အခမ်းအနားဖွင့်ပွဲသို့ ဧည့်သည်တော်များ တက်ရောက်လာသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံအလံနှင့် ဟောင်ကောင်အထူးဒေသအလံ ချိတ်ဆွဲထားသည့် သင်္ဘောများ ဗစ်တိုးရီးယားဆိပ်ကမ်းတွင် မောင်းနှင်နေသည်ကို ဇူလိုင် ၁ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

တရုတ်နိုင်ငံအလံနှင့် ဟောင်ကောင်အထူးဒေသအလံ ချိတ်ဆွဲထားသည့် သင်္ဘောများ ဗစ်တိုးရီးယားဆိပ်ကမ်းတွင် မောင်းနှင်နေသည်ကို ဇူလိုင် ၁ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

တရုတ်နိုင်ငံအလံနှင့် ဟောင်ကောင်အထူးဒေသအလံ ချိတ်ဆွဲထားသည့် သင်္ဘောများ ဗစ်တိုးရီးယားဆိပ်ကမ်းတွင် မောင်းနှင်နေသည်ကို ဇူလိုင် ၁ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

တရုတ်ကွန်မြူနစ်ပါတီ တည်ထောင်သည့် နှစ်(၁၀၀)ပြည့် အထိမ်းအမှတ်နှင့် အမိမြေသို့ ဟောင်ကောင်ပြန်လည်ရောက်ရှိခြင်း (၂၄)နှစ်ပြည့်အထိမ်းအမှတ် ပိုစတာများပါသည့် ဘတ်စ်ကားအား ဟောင်ကောင်မြို့လမ်းပေါ်တွင် ဇွန် ၂၉ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

တရုတ်နိုင်ငံအလံနှင့် ဟောင်ကောင်အထူးဒေသအလံ ချိတ်ဆွဲထားသည့် သင်္ဘောများ ဗစ်တိုးရီးယားဆိပ်ကမ်းတွင် မောင်းနှင်နေသည်ကို ဇူလိုင် ၁ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ ခေတ္တအမှုဆောင်အရာရှိချုပ် လီကျားချောင်း၊ ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ ဗဟိုပြည်သူ့အစိုးရ ဆက်သွယ်ရေးဌာန လက်ထောက်ညွှန်ကြားရေးမှူး ချန်တုန်း၊ ဟောင်ကောင်အခြေစိုက် ဗဟိုပြည်သူ့လုံခြုံရေးဌာန လက်ထောက်ညွှန်ကြားရေးမှူး လီကျန်းကျိုး၊ ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ နိုင်ငံခြားရေးဝန်ကြီးဌာန ကော်မရှင်နာရုံး ကော်မရှင်နာ လျိုကွမ်းယွမ်၊ ဟောင်ကောင်အခြေစိုက် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA) တပ်ဖွဲ့မှူး ချန်တောက်ရှန်၊ ဟောင်ကောင်အခြေစိုက် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA) တပ်ဖွဲ့ နိုင်ငံရေးကော်မရှင်နာ ချိုက်ရုံကျုံး စသည့် အဓိကဧည့်သည်တော်များနှင့် ဟောင်ကောင်ဒေသ နယ်ပယ်အသီးသီးမှ ကိုယ်စားလှယ် ရာနှင့်ချီ၍ အခမ်းအနားကို တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ဇူလိုင် ၁ ရက်သည် တရုတ်ကွန်မြူနစ်ပါတီ တည်ထောင်သည့် နှစ်(၁၀၀)ပြည့်နှစ်ဖြစ်ကြောင်း၊ ယခုအချိန်အခါတွင် မိမိတို့အနေဖြင့် အတိတ်ကို ပြန်ပြောင်းကြည့်၍ အနာဂတ်ကို တည်ဆောက်ကြမည်ဖြစ်ကြောင်း ၊ မြင့်မားသည့်အမျိုးသားရေးစိတ်ဓါတ်၊ ခိုင်မာသည့် ရည်ရွယ်ချက်ယုံကြည်ချက်၊ ပြည်သူလူထုအတွက်ဟူသော စိတ်ဓါတ်ဖြင့် “တစ်နိုင်ငံစနစ်နှစ်ခု”ကို အကောင်အထည်ဖော်ဆောင်ရွက်မည်ဖြစ်ကြောင်း၊ ဟောင်ကောင်ရေရှည်တည်ငြိမ်စည်ပင်ဝပြောရေးကို အာမခံထား၍ တရုတ်အမျိုးသား ပြန်လည်ဖွံ့ဖြိုးတိုးတက်ရေးမဟာရည်မှန်းချက်အတွက် အကျိုးဆောင်သွားကြမည်ဖြစ်ကြောင်း လီကျားချောင်းက ဆိုသည်။

လွန်ခဲ့သည့် (၂၄)နှစ်က ယနေ့အချိန်အခါတွင် အမိမြေ၏ရင်ခွင်သို့ ဟောင်ကောင်ပြန်လည်ရောက်ရှိခဲ့ရာ “တစ်နိုင်ငံစနစ်နှစ်ခု”နှစ်တစ်ရာ မဟာလုပ်ငန်းစဉ်တွင် ဟောင်ကောင်ပါဝင်လာခဲ့ကြောင်း၊ တရုတ်ကွန်မြူနစ်ပါတီ၏ ခိုင်မာသည့်ဦးဆောင်မှုနှင့် အင်အားကြီးမားသည့်အမိမြေနိုင်ငံကို နောက်ခံထား၍ “တစ်နိုင်ငံစနစ်နှစ်ခု”ကို အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ပြီး အမိမြေပြည်သူများနှင့်အတူ အမျိုးသားပြန်လည်ဖွံ့ဖြိုးတိုးတက်ရေး သမိုင်းတာဝန်ကို ထမ်းဆောင်၍ အမိမြေ၏စည်ပင်သာယာဝပြောမှု၏ ဂုဏ်ရောင်ကို အတူ ခံစားကြမည်ဖြစ်ကြောင်း ချန်တုန်းက ပြောကြားခဲ့သည်။

ဟောင်ကောင်ဂုဏ်ပြုပွဲကော်မတီ ဥက္ကဋ္ဌ ကျွမ်းရှန်က ဇူလိုင် ၁ ရက်သည် တရုတ်နိုင်ငံအမိမြေကို ဟောင်ကောင် ပြန်လည်ရောက်ရှိသည့် အထိမ်းအမှတ်အနေ့ဖြစ်ပြီး တရုတ်ကွန်မြူနစ်ပါတီတည်ထောင်သည့် နှစ်(၁၀၀)ပြည့် အထိမ်းအမှတ်နှင့်လည်းတိုက်ဆိုင်နေခြင်းကြောင့် ပျော်ရွှင်ဖွယ်ရာမင်္ဂလာအချိန်အခါဖြစ်ကြောင်း ဆိုသည်။ နိုင်ငံကောင်းလျှင် ဟောင်ကောင်လည်း ကောင်းမွန်မည်ဆိုသည်မှာ ဟောင်ကောင်မြို့နေပြည်သူများ၏ ရိုးရှင်းသည့်ခံစားမှုဖြစ်သလို တူညီသည့် ရင်ထဲကအသံလည်းဖြစ်ကြောင်း ၊ အထူးဒေသအစိုးရ၏ ကြိုးပမ်းဆောင်ရွက်မှုနှင့်အတူ နိုင်ငံကို ချစ်သည့်စိတ်၊ ဟောင်ကောင်ကို ချစ်သည့်စိတ်တို့ဖြင့် တစ်စိတ်တစ်ဝမ်းတည်းအတူ “တစ်နိုင်ငံ စနစ်နှစ်ခု ”၏ အားသာချက်ဖြင့် “အရှေ့တိုင်း၏ပုလဲမြေ” ဟောင်ကောင်ကို ပိုမိုထွန်းပြောင်စေမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ထို့နောက် သီဆိုဖျော်ဖြေမှုများ စတင်ကျင်းပခဲ့ကြောင်း သိရသည်။
ယခုနှစ် ဇူလိုင် ၁ ရက်၌ ဟောင်ကောင်တွင် ကျင်းပသည့် တရုတ်ကွန်မြူနစ်ပါတီတည်ထောင်ခြင်း နှစ်(၁၀၀)ပြည့် ဂုဏ်ပြုပွဲနှင့် တရုတ်နိုင်ငံအမိမြေသို့ ဟောင်ကောင်ပြန်လည်ရောက်ရှိခြင်း (၂၄)နှစ်ပြည့်အထိမ်းအမှတ်အခမ်းအနားများတွင် နိုင်ငံတော်အလံ၊ ဒေသအလံ ချိတ်ဆွဲထားသည့် သင်္ဘောအစီး (၁၀၀) က ဗစ်တိုးရီးယားဆိပ်ကမ်းတွင် လှည့်လည်ခြင်း ၊ အခမ်းအနားအထိမ်းအမှတ် ပိုစတာများပါသည့် ဘတ်စ်ကား အစီး(၁၅၀)မြို့ထဲတွင် မောင်းနှင်ခြင်း၊ ဟောင်ကောင်ပြဇာတ်ရုံများတွင် “၁၉၂၁”ဟူသော ရုပ်ရှင်ပြသခြင်း စသည်တို့ပါဝင်ကြောင်း သိရသည်။ (Xinhua)

———————————–
(Chinese Version)
(港澳台)庆祝中国共产党成立100周年暨香港回归祖国24周年系列活动在港启动
2021-07-01 15:06:59
新华社香港7月1日电 香港各界庆典委员会“庆祝中国共产党成立100周年暨香港回归祖国24周年系列活动”启动礼1日上午在香港会展中心举行。数百名香港各界代表会聚一堂,共同拉开庆祝建党百年、香港回归24周年系列活动的序幕。
香港特区署理行政长官李家超、中央人民政府驻香港特别行政区联络办公室副主任陈冬、中央驻港国安公署副署长李江舟、外交部驻香港特别行政区特派员公署特派员刘光源、解放军驻港部队司令员陈道祥、解放军驻港部队政治委员蔡永中等主礼嘉宾及数百名香港各界代表共同参加启动礼。
李家超说,7月1日是中国共产党成立100周年的日子,我们值此机会回顾过去、营建未来,以崇高的民族自尊、坚定的理想信念和为人民服务的精神,落实“一国两制”,确保香港长期繁荣稳定,为实现中华民族伟大复兴的中国梦作出贡献。
陈冬说,24年前的今天,香港回到祖国怀抱,“一国两制”成为百年伟业的香江篇章。有中国共产党的坚强领导,有国家作为强大的后盾,有“一国两制”的成功实践,香港同胞一定能够同祖国人民共担民族复兴的历史责任,共享祖国繁荣富强的伟大荣光。
香港各界庆典委员会首席会长庄紫祥说,今年“七一”回归纪念日,正逢中国共产党成立100周年,喜上加喜。国家好、香港就好,这是香港市民的朴素感受,也是香港市民的共同心声。特区政府奋发有为、爱国爱港力量合力同心,充分运用“一国两制”独特优势,“东方之珠”必将更加璀璨。
随后,启动礼现场播放宣传片,展现中国共产党带领中国人民走向富强的光辉历程。现场有团体演奏了乐曲《我的祖国》,演唱歌曲《我爱你中国》和《少年》,寄托香港市民对祖国的热爱。最后,“薪火相传”接力跑的运动员代表们从启动礼现场接过火炬,正式启动接力跑。
据介绍,今年“七一”,香港庆祝建党百年、回归24周年系列活动丰富多彩,包括100艘悬挂国旗、区旗的大型渔船在维港巡游,150辆车身印有主题标语的巴士、小巴穿梭在主要街区,全港多家戏院播放电影《1921》等活动。(完)
图说1:7月1日,嘉宾在香港会展中心出席启动礼。新华社记者 吕小炜 摄
图说2:7月1日,嘉宾在香港会展中心出席启动礼。新华社记者 吕小炜 摄
图说3-5:7月1日,悬挂国旗、区旗的渔船在维港巡游。新华社记者 卢炳辉 摄
图说6: 6月29日在香港街头拍摄的公交巴士上的庆祝标语。 新华社记者 李钢 摄
图说7:7月1日,悬挂国旗、区旗的渔船在维港巡游。新华社记者 卢炳辉 摄