Connect with us

Africa & Middle East

တရုတ်ငြိမ်းချမ်းရေးထိန်းသိမ်းမှု ဆေးအဖွဲ့က လက်ဘနွန်ကျေးရွာများသို့ ဆေးဝါးများ လှူဒါန်းကူညီ

ဘေရွတ်၊ ဒီဇင်ဘာ ၂ ရက် (ဆင်ဟွာ)

လက်ဘနွန်နိုင်ငံရောက် တရုတ်နိုင်ငံ၏ အသုတ် ၂၀မြောက် ငြိမ်းချမ်းရေးထိန်းသိမ်းမှုဆေးအဖွဲ့သည် မကြာသေးမီရက်က လက်ဘနွန်နိုင်ငံ၊ Nabatiyah ပြည်နယ်၊ Ibile Sege ကျေးရွာသို့ ဆေးဝါးများ လှူဒါန်းခဲ့ကြောင်း သိရသည်။Ibile Seggi ကျေးရွာ သည် မကြာသေးမီက တရုတ်ငြိမ်းချမ်းရေး ထိန်းသိမ်းမှု ဆေးအဖွဲ့ထံ အရေးပေါ်လိုအပ်နေသော ဆေးဝါးအချို့ကို ကူညီပေးရန် တောင်းဆိုစာစောင်ပေးပို့ခဲ့ကြောင်း၊ ဆေးအဖွဲ့သည် ယွမ် ၆၀,၀၀၀ ကျော်တန်ဖိုးရှိသော သွေးတိုးကျဆေး၊ ဘက်တီးရီးယားပိုးသတ်ဆေး၊ လိမ်းဆေးများနှင့် အကိုက်အခဲပျောက်ဆေးများအပါအဝင် ဆေးဝါး ၅၁ မျိုးကို ချက်ချင်းလှူဒါန်းရန် ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။

တရုတ်ငြိမ်းချမ်းရေး ထိန်းသိမ်းမှုအဖွဲ့မှ အဖွဲ့ဝင်များသည် လက်ဘနွန်နိုင်ငံ၊ Nabatiyah ပြည်နယ်၊ Ibile Sage ကျေးရွာသို့ လှူဒါန်းပေးသော ဆေးဝါးများသယ်ဆောင်နေသည်ကို နိုဝင်ဘာ ၂၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်ဆေးဘက်ဆိုင်ဌာနခွဲ ဆက်ဆံရေးအရာရှိ Duan Da က လှူဒါန်းပေးအပ်ခြင်းအခမ်းအနားတွင် တရုတ်ဆေးဘက်ဆိုင်ဌာနခွဲသည် လက်ဘနွန်ပြည်သူများအား အစွမ်းကုန်ကူညီပေးမည်ဖြစ်ကြောင်း၊ တရုတ်ဆေးဘက်ဆိုင်ဌာနခွဲအား လက်ဘနွန်ပြည်သူများ၏ထောက်ခံအားပေးကူညီမှုအပေါ် ကျေးဇူးတင်ကြောင်း ပြောကြားခဲ့သည်။

Ibile Sage ကျေးရွာ၏ရွာသူကြီး Beke သည် တရုတ်ဆေးဘက်ဆိုင်ရာအဖွဲ့၏ကူညီပံ့ပိုးပေးမှုအပေါ် ကျေးဇူးတင်ရှိကြောင်း၊ တရုတ်ဆေးဘက်ဆိုင်ရာအဖွဲ့နှင့် ကောင်းမွန်သောဆက်ဆံရေးကို ဆက်လက်ထိန်းသိမ်းထားရန် မျှော်လင့်ပါကြောင်း ၎င်းကဆိုသည်။

လက်ဘနွန်နိုင်ငံရောက် တရုတ်နိုင်ငံ၏ အသုတ် ၂၀ မြောက် ငြိမ်းချမ်းရေးထိန်းသိမ်းမှုဆေးအဖွဲ့သည် ယခုနှစ်သြဂုတ်လလယ်တွင် လက်ဘနွန်နိုင်ငံသို့ တရားဝင်လွှဲပြောင်းတာဝန်ယူချိန်မှစပြီး လက်ဘနွန်ပြည်သူများအား ဆေးဘက်ဆိုင်ရာပစ္စည်းများနှင့် ဆေးဝါးများကို သုံးကြိမ်လှူဒါန်းခဲ့ကြောင်းနှင့် ဒေသခံပြည်သူများအတွက် ၇၃ ကြိမ် အခမဲ့ဆေးကုသပေး ခဲ့ကြောင်း သိရသည်။

တရုတ်နိုင်ငံသည် ၂၀၀၆ ခုနှစ်မှစတင်ကာ လက်ဘနွန်သို့ ငြိမ်းချမ်းရေးထိန်းသိမ်းမှုတပ်ဖွဲ့များ စေလွှတ်ခဲ့ကြောင်း လက်ရှိတွင် လက်ဘနွန်တောင်ပိုင်းတွင် ဖြန့်ကျက်ချထားသော တရုတ်ငြိမ်းချမ်းရေးတပ်ဖွဲ့တွင် ဆေးဘက်ဆိုင်ရာဌာနခွဲ၊ ဆောက်လုပ်ရေးအင်ဂျင်နီယာဌာနခွဲနှင့် ဘက်စုံသုံးအင်ဂျင်နီယာတပ်ဖွဲ့ဝင်တို့ ပါဝင်သော အရာရှိနှင့် စစ်သည်ပေါင်း ၄၀၀ ကျော်ရှိကြောင်း သိရသည်။ (Xinhua)

………………………………………….
(Chinese Version)

(国际)中国维和医疗分队向黎巴嫩村庄捐赠药品

新华社贝鲁特12月1日电(龙跃 胡杰)中国第20批赴黎巴嫩维和医疗分队日前向黎巴嫩奈拜提耶省伊比勒塞吉村捐赠了一批药品。
伊比勒塞吉村近日向中国维和医疗分队致信,请求医疗分队援助一些急需的药品。医疗分队随即决定向该村捐赠抗高血压药、抗菌药,以及外用药和止痛药等51个品种的药物,价值6万余元人民币。

分队联络官段答在捐赠仪式上说,中国医疗分队将尽自己努力帮助黎巴嫩民众,感谢黎巴嫩人民对中国维和医疗分队的支持和帮助。
伊比勒塞吉村村长贝凯感谢中国医疗分队提供的帮助,希望同中国医疗分队继续保持良好关系。

中国第20批赴黎维和医疗分队自今年8月中旬正式交接后,已三次向黎巴嫩民众捐赠医疗物资和药品,为当地民众义诊73人次。
中国自2006年开始向黎巴嫩派出维和部队。目前,部署在黎南部的中国维和部队包括医疗分队、建筑工兵分队和多功能工兵分队,共有400多名官兵。(完)