Connect with us

China

တရုတ်နိုင်ငံက WHO သို့ တရုတ်တိုင်းရင်းဆေးပညာဖြင့် ကိုဗစ်ရောဂါကုသရေးဆိုင်ရာ သုတေသအစီရင်ခံစာ တင်ပြ

Yu Zhou မြို့ရှိ တရုတ်တိုင်းရင်းဆေးပညာရှင်များက ဆေးဝါးဖော်စပ်နေသည်ကို ဇန်နဝါရီ ၁၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဂျီနီဗာ၊ ဇန်နဝါရီ ၂၀ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ၏ရိုးရာတိုင်းရင်းဆေးကြီးကြပ်ရေးအေဂျင်စီ လက်ထောက်ညွှန်ကြားရေးမှူး Huang Luqi သည် ပြီးခဲ့သည့်ရက်အနည်းငယ်က “တရုတ်တိုင်းရင်းဆေးပညာဖြင့် Covid-19 ရောဂါကုသရေး သက်သေအထောက်အထားအခြေခံ အကဲဖြတ်ခြင်းဆိုင်ရာ သုတေသအစီရင်ခံစာ” ကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)သို့ တရားဝင်တင်ပြခဲ့ကြောင်း၊ WHO ညွှန်ကြားရေးမှူးချုပ် တက်ဒရော့စ် အက်ဒမ်နွမ် ဂယ်ဘရက်စ်စက် (Tedros Adhanom Ghebreyesus) က တရုတ်နိုင်ငံကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံခဲ့ကြောင်း သိရသည်။

Huang Luqi က နိုင်ငံတကာ ကပ်ရောဂါ တိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန် ကမ္ဘာ့ကျန်းမာရေးအဖွဲ့အနေဖြင့် ဗဟိုညှိနှိုင်းဆောင်ရွက်မှု အခန်းကဏ္ဍမှ ပါဝင်ခြင်းကို တရုတ်နိုင်ငံအနေဖြင့် အမြဲထောက်ခံကြောင်း၊ ၎င်းသည် ဝူဟန် Jinyintan ဆေးရုံတွင် ကပ်ရောဂါ ကုသရေး ဆောင်ရွက်မှု အခြေအနေနှင့် တရုတ်တိုင်းရင်းဆေးက ကပ်ရောဂါကာကွယ်ကုသရေးတွင် ထူးခြားသော အားသာချက်များကို တက်ဒရော့စ်အား မိတ်ဆက်ပေးခဲ့သည်။

Huang Luqi က တရုတ်နိုင်ငံက တရုတ်တိုင်းရင်းဆေးနှင့် အနောက်တိုင်းဆေးပညာ ပေါင်းစပ်ကာ ကိုဗစ်ရောဂါပြင်းထန်သည့် လူနာကို ကုသပေးခဲ့ရာ သိသာထင်ရှားသော ထိရောက်မှုရရှိခဲ့ကြောင်း၊ WHO အနေဖြင့် တရုတ်တိုင်းရင်းဆေးပညာက ကပ်ရောဂါအပေါ် ထိရောက်မှုနှင့် အားသာချက်ကို အပြုသဘောဆောင်ပြီး မှန်ကန်သည့် အကဲဖြတ်မှုပေးရန် မျှော်လင့်ပါကြောင်း ပြောကြားခဲ့သည်။

တက်ဒရော့စ်က တရုတ်နိုင်ငံသည် ကပ်ရောဂါတိုက်ဖျက်မှုတွင် ကြီးမားသောအောင်မြင်မှု ရရှိခြင်းအပေါ် ချီးကျူးကြောင်းနှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ လုပ်ငန်းကို ခိုင်မာစွာ ပံ့ပိုးကူညီမှုအပေါ် ကျေးဇူးတင်ရှိကြောင်း၊ တရုတ်တိုင်းရင်းဆေးပညာဖြင့် ကိုဗစ်ရောဂါကုသရေးဆိုင်ရာ အကဲဖြတ်ခြင်းလုပ်ငန်းကို တရုတ်နိုင်ငံနှင့်အတူ လက်တွဲဆောင်ရွက်သွားလိုကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။(Xinhua)

…………………………………………
(Chinese Version)
(国际疫情)中国向世卫组织提交中医药治疗新冠肺炎研究报告

新华社日内瓦1月19日电(记者聂晓阳)中国国家中医药管理局副局长黄璐琦日前正式向世界卫生组织提交《中医药治疗新冠肺炎循证评价研究报告》,世卫组织总干事谭德塞会见了代表团一行。
黄璐琦表示,中国始终支持世卫组织发挥中心协调作用,促进国际抗疫合作。他向谭德塞介绍了在武汉金银潭医院开展疫情救治的情况,以及中医药在疫情防控救治中的特色优势。   黄璐琦说,实践表明,中国应用中医药及中西药结合治疗重症新冠肺炎患者效果明显。希望世卫组织对中医药在本次疫情中发挥的优势和作用进行积极、客观评估。
谭德塞在发言中高度评价并感谢中国政府在抗击新冠疫情中取得的巨大成就和对世卫组织工作的大力支持,表示愿意与中方共同开展中医药治疗新冠肺炎的循证评价工作。(完)
图说 – 1月13日,禹州市中医院的药剂师进行中药饮片调剂。新华社记者 李嘉南 摄