Connect with us

မြန်မာ-中文

တရုတ်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးထိုးနှံပြီးသူပေါင်း ၁ ဒသမ ၂၂၅ ဘီလီယံရှိ

ပေကျင်း၊နိုဝင်ဘာ ၂၁ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ အမျိုးသားကျန်းမာရေးကော်မရှင် ရောဂါထိန်းချုပ်ရေးဗျူရို၏ဒုတိယညွှန်ကြားရေးမှူး Wu Liangyou က နိုဝင်ဘာ ၂၀ ရက်က ပေကျင်းမြို့၌ ကျင်းပသော သတင်းစာရှင်းလင်းပွဲတွင် တရုတ်နိုင်ငံသည် နိုဝင်ဘာ ၁၉ ရက်ထိ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးထိုးနှံပြီးသူပေါင်း ၁ ဒသမ ၂၂၅ ဘီလီယံရှိပြီး၊ ကာကွယ်ဆေး အပြည့်အဝထိုးနှံပြီးသူမှာ ၁ ဒသမ ၀၇၆ ဘီလီယံရှိကြောင်း၊ တရုတ်နိုင်ငံ စုစုပေါင်းလူဦးရေ၏ ၈၆ ဒသမ ၉ ရာခိုင်နှုန်းနှင့် ၇၆ ဒသမ ၃ ရာခိုင်နှုန်း အသီးသီးရှိကြောင်း ပြောကြားခဲ့သည်။

တရုတ်နိုင်ငံတွင် ကိုဗစ်အားဖြည့်ကာကွယ်ဆေး ထိုးနှံပြီးသူ အရေအတွက်မှာ ၆၅ ဒသမ ၇၃ သန်း ရှိပြီး ယင်းသည် ကိုရိုနာဗိုင်းရပ်စ် ကူးစပ်ပြန့်ပွားမှုနှင့် ရောဂါပြင်းထန်မှုမှကာကွယ် ပေးရာတွင် အရေးကြီးသော အခန်းကဏ္ဍမှပါဝင်ကြောင်း သိရသည်။(Xinhua)
…………………………………………
我国新冠病毒疫苗接种已覆盖12.25亿人
2021-11-20 16:06:28 来源: 新华社微博
国家卫生健康委疾控局副局长吴良有20日在国务院联防联控机制新闻发布会上介绍,截至19日,我国新冠病毒疫苗接种已经覆盖12.25亿人,完成全程接种10.76亿人,人群覆盖率分别达到了86.9%和76.3%,我国加强免疫接种6573万人,为阻断新冠病毒传播、防止重症的发生等起到重要作用。(徐鹏航、赵久龙)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.