Connect with us

Africa & Middle East

တရုတ်နိုင်ငံလုပ်ငန်းကုမ္ပဏီ မှ တည်ဆောက်ပေးသည့် ဂီနီနိုင်ငံရထား လမ်း တည်ဆောက်ပြီးစီး၍ စတင်အသုံးပြု

အဘစ်ဂျန် ၊ ဇွန် ၁၇ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ရထားလမ်းတည်ဆောက်ရေးကုမ္ပဏီ (China Railway Construction Corporation Limited,CRCC) က တာဝန်ယူတည်ဆောက်ပေးသည့် ဂီနီနိုင်ငံ Dapilon ဆိပ်ကမ်း မှ Santou သတ္တုတွင်းဇုန် သို့ ဆက်သွယ်ပေးမည့် Dapilon-Santou အထူးရထားလမ်းသည် တည်ဆောက်ပြီးစီးခဲ့သဖြင့် ဇွန် ၁၆ ရက်၌ တရားဝင်စတင်အသုံးပြုခဲ့သည်။ဂီနီနိုင်ငံသမ္မတ Alpha Conde က Dapilon ဆိပ်ကမ်း၌ ကျင်းပပြုလုပ်သည့် ရထားလမ်းစတင်အသုံးပြုခြင်းအခမ်းအနား၌ မိန့်ခွန်းပြောကြားရာတွင် Dapilon-Santou ရထားလမ်း၏ တည်ဆောက်ခြင်း မြန်ဆန်မှုအပေါ် ချီးကျူးခဲ့ပြီး Dapilon-Santou ရထားလမ်းသည် လမ်းကြောင်းတစ်လျှောက်ရှိ သတ္တုတွင်းစီမံကိန်းများအတွက် ပိုမိုတွန်းအားပေးသွားနိုင်ရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။

ဂီနီနိုင်ငံ Dapilon ဆိပ်ကမ်း တွင် ဇွန် ၁၆ ရက်၌ ရိုက်ကူးထားသော Dapilon-Santou ရထားလမ်း အားမြင်တွေ့ရစဉ်(ဆင်ဟွာ)

ရထားလမ်းအား ရင်းနှီးမြှုပ်နှံမှုပြုလုပ်ထားသည့် SMB-Winning Consortium ၏ ညွှန်ကြားရေးမှူးချုပ် ဆွန်းရှိုးဆွန့် က Dapilon-Santou ရထားလမ်းသည် ဂီနီနိုင်ငံတွင် ၁၉၇၀ ပြည့်လွန်နောက်ပိုင်း ပထမဦးဆုံး တည်ဆောက်နိုင်ခဲ့သည့် ခေတ်မီရထားလမ်းတစ်ခုဖြစ်ကြောင်း ၊ ယခုရထားလမ်းတည်ဆောက်ပြီးစီးခြင်း နှင့် စတင်လည်ပတ်အသုံးပြုနိုင်ခြင်းက ဂီနီနိုင်ငံ ၏ ကမ္ဘာ့ Bauxite သတ္တုဈေးကွက်တွင် ဦးဆောင်မှု နေရာကို ပိုမိုအားဖြည့်ပေးနိုင်မည်ဖြစ်ကြောင်း ၊ ရထားလမ်းအား အနာဂတ်တွင်အခြား စက်မှု နှင့် စိုက်ပျိုးရေး ကုန်ပစ္စည်းများ သယ်ယူပို့ဆောင်ရန် အတွက်လည်း အသုံးပြုသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဂီနီနိုင်ငံသမ္မတ Alpha Conde (အရှေ့) က ဇွန် ၁၆ ရက်၌ Dapilon ဆိပ်ကမ်း တွင် ပြုလုပ်သည့် ရထားလမ်း စတင်အသုံးပြုခြင်းအခမ်းအနား၌ မိန့်ခွန်းပြောကြားနေစဉ်(ဆင်ဟွာ)

ဂီနီနိုင်ငံ သတ္တုတွင်းနှင့်ဘူမိဗေဒဝန်ကြီးဌာန ဝန်ကြီး Abdoulaye Magassouba နှင့် ဂီနီနိုင်ငံ ဆိုင်ရာတရုတ်နိုင်ငံသံရုံး စီးပွားရေးသံမှူး ဝမ်ပေါင်ကျိုး တို့က ရထားလမ်းစတင်အသုံးပြုခြင်း အခမ်းအနားအား တက်ရောက်ခဲ့ကြသည်။

Dapilon-Santou ရထားလမ်းစီမံကိန်းကို ၂၀၁၉ ခုနှစ် မတ် တွင် စတင်တည်ဆောက်ခဲ့ပြီး ရထားလမ်းအရှည်မှာ ၁၂၅ ကီလိုမီတာ ရှိကြောင်း နှင့် တစ်နာရီလျှင် ၈၀ ကီလိုမီတာ အထိ မောင်းနှင်နိုင်ရန် ဒီဇိုင်းရေးဆွဲတည်ဆောက်ထားကြောင်း ၊ ရထားလမ်းအား CRCC ၏ FIRST Survey and Design Institute မှ ဒီဇိုင်းရေးဆွဲပေးထားခြင်းဖြစ်ပြီး CRCC ၏ အမှတ် (၁၄) ဌာန မှ တာဝန်ယူတည်ဆောက်ပေးခဲ့ခြင်းဖြစ်ကာ တရုတ်နိုင်ငံ စံချိန်စံညွှန်း ၊ တရုတ်နိုင်ငံ နည်းပညာ နှင့် တရုတ်နိုင်ငံ ပစ္စည်းများကို အလုံးစုံ အသုံးပြုထားကြောင်း မိတ်ဆက်ပြောကြားချက်အရ သိရှိရသည်။ (Xinhua)

…………………………………………
(Chinese Version)

(国际)中企承建的几内亚达圣铁路建成通车

新华社阿比让6月16日电(记者郑扬子)科纳克里消息:中国铁建承建的几内亚达比隆港至圣图矿区专用铁路(达圣铁路)16日正式建成通车。
几内亚总统孔戴在达比隆港举行的通车仪式上发表致辞,赞扬达圣铁路的建设效率,并期待达圣铁路进一步推动沿线矿产项目的开发。
铁路投资方“赢联盟”总指挥孙修顺说,达圣铁路是几内亚上世纪70年代以来建造的第一条现代化铁路。这条铁路的建成运营将有助于加强几内亚在全球铝土矿市场的优势地位,该铁路未来也将用于运输其他工业和农业产品。

几内亚矿产和地质部长马加苏巴、中国驻几内亚大使馆经济商务参赞王宝忠等出席通车仪式。
据介绍,达圣铁路项目于2019年3月开工,铁路长约125公里,设计时速80公里。该铁路由中铁第一勘察设计院设计,中铁十四局等承担工程建设,完全使用中国标准、中国技术和中国设备。(完)

Photo
1. 6月16日,人们在几内亚达比隆港参加达圣铁路通车仪式。新华社发
2. 这是6月16日在几内亚达比隆港拍摄的达圣铁路。新华社发
3. 6月16日,几内亚总统孔戴(前)在达比隆港举行的通车仪式上致辞。