Connect with us

China

တရုတ်နိုင်ငံ၏ ကောင်းကင်မျက်လုံးသည် အရေးကြီးသော သိပ္ပံပညာဆိုင်ရာ အောင်မြင်မှုများ ဆက်တိုက်ရရှိခဲ့

"China Sky Eye" ၏ နေဝင်ချိန်မြင်ကွင်းကျယ်ကို ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၁၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကွေ့ကျိုး၊ ဇန်နဝါရီ ၆ ရက် (ဆင်ဟွာ)

တရုတ်သိပ္ပံအကယ်ဒမီသည် ဇန်နဝါရီ ၅ ရက်က ၎င်း၏ အမျိုးသား နက္ခတ္တဗေဒဌာန၌ သတင်းစာရှင်းလင်းပွဲတစ်ရပ် ပြုလုပ်ခဲ့ရာ China Sky Eye (FAST) ၏ အရည်အသွေးမြင့် ဖွင့်လှစ်လည်ပတ်မှုတွင် ရရှိခဲ့သည့် အရေးကြီးသော သိပ္ပံပညာဆိုင်ရာ အောင်မြင်မှုများကို ထုတ်ပြန်ဖော်ပြခဲ့သည်။

“China Sky Eye” ၏ နေဝင်ချိန်မြင်ကွင်းကျယ်ကို ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၁၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

“China Sky Eye” feed cabin ကို ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၁၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

“China Sky Eye” feed cabin ကို ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၁၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

အောင်မြင်မှုများအနက် FAST ဟိုက်ဒရိုဂျင်လိုင်းတိုင်းတာခြင်းကြယ်သံလိုက်စက်ကွင်းသည် သိသာထင်ရှားသော တိုးတက်မှု ရရှိခဲ့ခြင်း၊ ယနေ့အထိ အကြီးဆုံး အမြန်ရေဒီယို ပေါက်ကွဲခြင်းဖြစ်စဉ်နမူနာကို ရရှိခဲ့ခြင်း၊ ပထမဆုံးအကြိမ် အမြန်ရေဒီယိုပေါက်ကွဲခြင်းနှင့် ၎င်း၏ bimodal တည်ဆောက်ပုံ၏ ပြီးပြည့်စုံသော စွမ်းအင်ကဏ္ဍကို ထုတ်ဖော်ပြသခြင်း၊ “The Galactic Plane Pulsar Snapshot survey” စီမံကိန်းသည် မီလီစက္ကန့်အတွင်း ရွေ့လျားနေသည့် ကြယ်စင်စု များကို ဆက်တိုက်ရှာဖွေတွေ့ရှိခဲ့ခြင်း၊ ဘက်စုံပူးပေါင်းလုပ်ဆောင်သည့် စူးစမ်းလေ့လာမှုများကို လုပ်ဆောင်ကာ ကြယ်စင်စု ရှာဖွေခြင်း ဦးတည်ချက်အသစ်များ စတင်ခဲ့ပြီး ကြယ်စင်စုများ၏ လျှပ်စစ်သံလိုက်ဓာတ်ရောင်ခြည်ဆိုင်ရာ ယန္တရား၏ နည်းလမ်းသစ်ကို ဖွင့်လှစ်ခဲ့ခြင်း စသည့် အောင်မြင်မှုများရရှိခဲ့သည်။ ၎င်းတို့အနက်မှ FAST ဟိုက်ဒရိုဂျင်လိုင်းတိုင်းတာခြင်းကြယ်သံလိုက်စက်ကွင်း၏ သုတေသနရလဒ်များကို ပေကျင်းစံတော်ချိန် ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၆ ရက် နိုင်ငံတကာ ပညာရပ်ဂျာနယ်《Nature》တွင် မျက်နှာဖုံးဆောင်းပါးအဖြစ် တရားဝင်ထုတ်ပြန်မည်ဖြစ်ကြောင်း သိရသည်။တရုတ်နိုင်ငံ၏ ကောင်းကင်မျက်လုံးကို ၂၀၁၆ ခုနှစ် စက်တင်ဘာ ၂၅ ရက်တွင် တည်ဆောက်ပြီးစီး၍ စတင်အသုံးပြုခဲ့ပြီး ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၁၁ ရက်တွင် တရားဝင်စတင်လည်ပတ်ခဲ့သည်။ ၎င်းသည် လက်ရှိ ကမ္ဘာပေါ်တွင် အကြီးဆုံးနှင့် အာရုံခံနိုင်စွမ်းအကောင်းဆုံး ရေဒီယိုတယ်လီစကုပ်ဖြစ်ကြောင်း သိရသည်။ (Xinhua)

——————————–
(Chinese Version)
(新华全媒+)中国天眼取得系列重要科学成果

2022-01-06 00:18:37 分类: 科学技术

新华社照片,贵州,2022年1月6日
中国天眼取得系列重要科学成果
1月5日,中国科学院在中科院国家天文台举行新闻发布会,发布中国天眼(FAST)高质量开放运行取得的系列重要科学成果,其中包括:FAST中性氢谱线测量星际磁场取得重大进展;获得迄今最大快速射电暴爆发事件样本,首次揭示快速射电暴的完整能谱及其双峰结构;“银道面脉冲星快照巡天”项目持续发现毫秒脉冲星;开展多波段合作观测,开启脉冲星搜索新方向,打开研究脉冲星电磁辐射机制的新途径等重要成果。其中,FAST中性氢谱线测量星际磁场研究成果论文于北京时间2022年1月6日在国际学术期刊《自然》杂志以封面文章形式正式发表。中国天眼于2016年9月25日落成启用,2020年1月11日通过国家验收正式开放运行,是目前全球最大且最灵敏的射电望远镜。
图说1- 2021年12月19日拍摄的夕阳中的“中国天眼”全景(维护保养期间摄,无人机照片)。新华社记者 欧东衢 摄
图说2- 2021年12月19日拍摄的夕阳中的“中国天眼”全景(维护保养期间摄,无人机照片)。新华社记者 欧东衢 摄
图说3- 2021年12月19日拍摄的“中国天眼”馈源舱(维护保养期间摄)。新华社记者 欧东衢 摄
图说4-2021年12月17日拍摄的“中国天眼”馈源舱(维护保养期间摄)。新华社记者 欧东衢 摄