Connect with us

Economy

တရုတ်နိုင်ငံ ယူနန်ပြည်နယ် ဝမ်တိန် နယ်စပ်ဂိတ် သွင်းကုန်ပို့ကုန် ဖြတ်သန်းသွားလာမှုများ ပြန်လည်စတင်

ကူမင်း၊ နိုဝင်ဘာ ၂၇ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ယူနန်ပြည်နယ် တက်ဟုန်းပြည်နယ်ခွဲ၊ ရွှေလီမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်တွင် နိုဝင်ဘာ ၂၆ ရက်၌ သွင်းကုန်ပို့ကုန်များ အကောက်ခွန်ဌာနမှ ဖြတ်သန်းခြင်းလုပ်ငန်းပြန်လည်စတင်ကြောင်း၊ ၎င်းမှာ တက်ဟုန်းပြည်နယ်ခွဲတွင် ကပ်ရောဂါ သက်ရောက်မှုကြောင့် ကုန်သွယ်မှုနယ်စပ်ဂိတ်များ ရပ်ဆိုင်းပြီးနောက် ပထမဆုံးသော သွင်းကုန်ပို့ကုန် ဖြတ်သန်းသွားလာမှုများ ပြန်လည်စတင်သည့် နယ်စပ်ဂိတ်ဖြစ်ကြောင်း သိရသည်။လက်ရှိ ဝမ်တိန်ဂိတ်သည် ရာသီထွက်ကုန်၊ ပိုးသတ်ရန်လွယ်ကူပြီး သိုလှောင်နိုင်သော ကုန်စည်များကို ဦးစားပေးတင်သွင်းကြောင်း၊ အခြားကုန်စည်များကို အမျိုးအစားခွဲ၊ အဆင့်ခွဲကာ အကောက်ခွန်ဌာနမှ စနစ်တကျ ဖြတ်သန်းခြင်း ပြန်လည်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ အစောပိုင်းကာလတွင် အထွေထွေကုန်သွယ်မှုကို ပြန်လည်စတင်မည်ဖြစ်ပြီး နောက်ဆက်တွဲအနေဖြင့် နယ်စပ်ကုန်သွယ်ရေး၌ သွင်းကုန်ပို့ကုန်များနေရာချထားရေး ဗဟိုချုပ်ကိုင်မှုဆိုင်ရာ ကြေညာချက်ကို မြှင့်တင်ရန် အဓိကထားဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

ရွှေလီမြို့တွင် ဇူလိုင်လ ၄ ရက်က ကပ်ရောဂါဖြစ်ပွားပြီးနောက် “ပြင်ပမှရောဂါဝင်ရောက်မှု၊ အတွင်းပိုင်းရောဂါပြန့်ပွားမှု ကာကွယ်ရေး” ဆိုင်ရာ ကပ်ရောဂါ ကာကွယ်ရေးနှင့်ထိန်းချုပ်ရေးအစီအမံများကို အကောင်အထည်ဖော်ဆောင်ရွက်ရန်အတွက် တက်ဟုန်းပြည်နယ်ခွဲသည် ဇူလိုင် ၁၄ ရက်မှစတင်၍ နယ်စပ်ဂိတ် အားလုံး၌ ခရီးသည်နှင့် ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းဆောင်တာများကို လုံးဝရပ်ဆိုင်းလိုက်ပြီး ကူးစက်ရောဂါကာကွယ်ထိန်းချုပ်ရေးပစ္စည်းများနှင့် အခြေခံစားဝတ်နေရေး ပံ့ပိုးမှုများသာ နိုင်ငံမှ ထွက်ခွာခွင့်ပြု ခဲ့ကြောင်းသိရသည်။

နယ်စပ်ဂိတ် ရပ်ဆိုင်းသည့်ကာလတွင် သက်ဆိုင်ရာပြည်နယ်ဌာနများ၏ ပံ့ပိုးကူညီမှုဖြင့် တက်ဟုန်းပြည်နယ်ခွဲ သည် ကူးစက်ရောဂါကာကွယ်ရေးအခြေခံအဆောက်အအုံများ၊ နယ်စပ်ဂိတ်သယ်ယူပို့ဆောင်ရေးဆိုင်ရာ စက်ယန္တရား၊ အထိအတွေ့မဲ့ ကုန်စည်သယ်ယူပို့ဆောင်ခြင်း၊ အလုံပိတ် စီမံခန့်ခွဲမှုနှင့် ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ရေး စွမ်းရည်များကို ကျယ်ကျယ်ပြန့်ပြန့် မြှင့်တင်စေရန် အရှိန်အဟုန်မြှင့်ဆောင်ရွက်ခဲ့သည်။

လက်ရှိ တက်ဟုန်းပြည်နယ်ခွဲရှိ အခြားနယ်စပ်ဂိတ်များတွင် အထိအတွေမဲ့ ကုန်စည်သယ်ယူပို့ဆောင်ခြင်း စက်ယန္တရားများကို အဆင့်မြှင့်တင်ခြင်းနှင့် အသွင်ပြောင်းခြင်းတို့ကို အရှိန်မြှင့်လုပ်ဆောင်နေပြီး ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုံခြုံမှု အာမခံနိုင်သော အခြေအနေတွင် နယ်စပ်ဂိတ် အသီးသီးကို ပြန်လည်ဖွင့်လှစ်နိုင်ရန် ကြိုးပမ်းလျက်ရှိကြောင်း သိရသည်။ (Xinhua)

…………………………………………
(English Version)

(社会)云南瑞丽畹町口岸恢复进出口货物通关功能

新华社昆明11月26日电(记者姚兵)26日,云南省德宏傣族景颇族自治州瑞丽市畹町口岸芒满通道恢复进出口货物通关功能,这是德宏州因疫情影响暂停所有口岸贸易后首个恢复通关的口岸。

目前,畹町口岸优先进口季节性、易消杀、耐储运的商品货物,随后将分类、分重点有序恢复其他货物通关。 先期恢复一般贸易,后续重点推进边民互市贸易远程集中申报。

瑞丽市“7•04”疫情发生后,为落实“外防输入、内防扩散”相关防控措施,德宏州自7月14日起全面暂停全州所有口岸(通道)客货运功能,仅允许疫情防控物资和必要生活物资出境。

口岸暂停运行期间,在省级有关部门支持下,德宏州加快防疫基础设施建设,全力提升口岸装卸机械化作业水平,货物非接触式运输、闭环管理和疫情防控能力全面提升。 当前,德宏州正加紧对其他口岸机械化、非接触方式设施设备的升级改造,力争在确保疫情防控安全有序情况下恢复各口岸通关。 (完)