Connect with us

Politics, Law & Military

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် ၂၀၂၂ ခုနှစ် ကမ္ဘာ့စီးပွားရေးဖိုရမ် ဗွီဒီယိုကွန်ဖရင့်တွင် မိန့်ခွန်းပြောကြား

ပေကျင်း၊ ဇန်နဝါရီ ၁၈ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ၂၀၂၂ ခုနှစ် ကမ္ဘာ့စီးပွားရေးဖိုရမ် ဗွီဒီယိုကွန်ဖရင့်သို့ ဇန်နဝါရီ ၁၇ ရက်က ပေကျင်းမြို့မှ တက်ရောက်၍ 《ခိုင်မာသည့်ယုံကြည်ချက်၊ ရဲဝံ့သည့်ဇွဲလုံလဖြင့် ရှေ့သို့လျှောက်လှမ်းကာ ကပ်ရောဂါအလွန် သာယာလှပသည့်ကမ္ဘာကြီးအား အတူတည်ဆောက်သွားမည်》ဟူသော ခေါင်းစဉ်ဖြင့် မိန့်ခွန်းပြောကြားခဲ့သည်။ပထမဦးစွာ သမ္မတ ရှီကျင့်ဖိန်က နောက်ရက်သတ္တပတ် နှစ်ပတ်ဆိုလျှင် တရုတ်ကျားနှစ် နွေဦး နှစ်သစ်ကူးပွဲတော်ကို ရောက်ရှိတော့မည်ဖြစ်ကြောင်း ဆိုသည်။ တရုတ်ယဉ်ကျေးမှုတွင် ကျားသည် ရဲဝံ့ခြင်းနှင့်အင်အားရှိခြင်း၏ လက္ခဏာဖြစ်ရာ တရုတ်လူမျိုးတို့က “စိတ်အားထက်သန်သည့် နဂါးနှင့် တက်ကြွမှုအားအင်ပြည့်သည့် ကျား”၊ “ပြေးလွှားပျံသန်းနေသည့် နဂါးနှင့် ခုန်ပျံကျော်လွှားနေသည့် ကျား”ဟူ၍ ပြောလေ့ရှိကြကြောင်း ၊ လက်ရှိ လူသားများ ရင်ဆိုင်ကြုံတွေ့နေရသည့် ဆိုးဝါးသောစိန်ခေါ်မှုများကို မိမိတို့အနေဖြင့် “ကျားကို အတောင်ပံတပ်” ကျားကဲ့သို့သောအားမာန်ဖြင့် ရှေ့သို့လျှောက်လှမ်းရာလမ်းတစ်လျှောက် အခက်အခဲအတားအစီးများကို ရဲဝံ့စွာ အနိုင်တိုက်ဖျက်ကြရမည် ဖြစ်ပြီး ကိုဗစ်ကပ်ရောဂါ မြူမှုန်မှိုင်းကို အင်တိုက်အားတိုက် ရှင်းလင်းပစ်ရမည်ဖြစ်သလို လူမှုစီးပွား ပြန်လည်ဖွံ့ဖြိုးတိုးတက်ရေးကို မြှင့်တင်ရန် အားသွန်ဆောင်ရွက်ရမည်ဖြစ်ကာ လူသားတို့၏ မျှော်လင့်ချက် အလင်းရောင်များကို ထွန်းလင်းပေးကြရမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ယနေ့ခေတ် ကမ္ဘာကြီးသည် နှစ် ၁၀၀ တွင် တစ်ခါ မကြုံခဲ့ရဖူးသော အပြောင်းအလဲကြီးများကို ဖြတ်သန်းနေရခြင်း ဖြစ်ကြောင်း ရှီကျင့်ဖိန်က အလေးထား ပြောကြားခဲ့သည်။
ဤကဲ့သိုသော ပြောင်းလဲမှုသည် တစ်ချိန် တစ်ခုတည်း၊ တစ်နိုင်ငံ တစ်ဒေသတည်းသာမဟုတ်ဘဲ နက်ရှိုင်းကျယ်ပြောသည့်ခေတ်ကာလ၏ အပြောင်းအလဲဖြစ်ကြောင်း ၊ ခေတ်ကာလအပြောင်းအလဲနှင့်ရာစုနှစ်ကပ်ရောဂါ အပြန်အလှန်သက်ရောက်မှုထပ်ဆင့်ရှိနေရာ ကမ္ဘာကြီးသည်လှိုင်းထန်သည့်အပြောင်းအလဲကာလသစ်ကို ရောက်ရှိနေခြင်းဖြစ်ကြောင်း ဆိုသည်။
ကပ်ရောဂါကို ဘယ်လိုအနိုင်တိုက်ဖျက်မလဲ၊ ကပ်ရောဂါအလွန် ကမ္ဘာကို ဘယ်လိုတည်ဆောက်မလဲ ဆိုသည်မှာ ကမ္ဘာ့နိုင်ငံအသီးသီး ပြည်သူများအတူ အာရုံစိုက်ဂရုပြုကြသည့် အရေးကြီးကိစ္စရပ်ဖြစ်သလို ကျွန်တော်တို့ မဖြစ်မနေ ဖြေရှင်းရမည့် အရေးတကြီးကိစ္စရပ်လည်း ဖြစ်ကြောင်း ဆိုသည်။

“ကမ္ဘာလောက အခြေအနေသည် တိုးတက်မှုမရှိပါက ဆုတ်ယုတ်မည်ဖြစ်ပြီး ကမ္ဘာလောကတွင် စီမံခန့်ခွဲမှုမရှိပါက အရှေ့သို့မတိုး နောက်သို့ ပြန်ဆုတ်သွားမည်သာ ဖြစ်သည်”ဟူသော ဆိုရိုးကဲ့သို့ပင် ကမ္ဘာကြီးသည် ကွဲလွဲမှုများကြားတွင် ဖွံ့ဖြိုးတိုးတက်ရစမြဲဖြစ်ရာ မတူကွဲပြားမှုမရှိပါက ကမ္ဘာဆိုသည်မှာလည်း ဖြစ်တည်မည်မဟုတ်ကြောင်း သမ္မတရှီကျင့်ဖိန်က အလေးထား ပြောကြားခဲ့သည်။

သမိုင်းတစ်လျှောက်ကို ပြန်ပြောင်းကြည့်မည်ဆိုလျှင် လူသားတို့သည် စမ်းသပ်မှုပေါင်းများစွာကို တစ်ကြိမ်ပြီးတစ်ကြိမ် အနိုင်တိုက်ယူရင်း၊ အကျပ်အတည်းအထပ်ထပ်ကို ရင်ဆိုင်ကျော်လွှားရင်း ဖွံ့ဖြိုးတိုးတက်လာခြင်းဖြစ်ကြောင်း ၊ မိမိတို့သည် သမိုင်းတိုးတက်မှု ယုတ္တိဖြင့် ရှေ့သို့ လျှောက်လှမ်းရမည်ဖြစ်ပြီး ခေတ်ကာလ၏ ဖွံဖြိုးတိုးတက်မှုရေစီးကြောင်းတွင် တိုးတက်ဖွံ့ဖြိုးအောင် ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း ၊ သမိုင်း၏သံသရာစက်ဝိုင်းကို နှိုင်းယှဉ်လေ့လာပြီး သုံးသပ်စဉ်းစားတွေးတောရန် လိုအပ်ပြီး အသေးစိတ်ရှုထောင့်မှ ကိစ္စရပ်များ၏ပြောင်းလဲမှုကို လေ့လာစမ်းစစ်ကြည့်ရန် လိုအပ်ရာ အကျပ်အတည်းကြားက အခွင့်အလမ်းသစ်နှင့် အပြောင်းအလဲကြားက အခင်းအကျင်းသစ်ကို ဖွင့်လှစ်ကာ အခက်အခဲနှင်စိန်ခေါ်မှုများကို အနိုင်တိုက်ဖျက်နိုင်ရန် ကြီးမားသည့်အားအင်ဖြစ်အောင် စုစည်းရမည်ဖြစ်ကြောင်း ဆိုသည်။

ပထမဆုံးအနေဖြင့် လက်တွဲပူးပေါင်းဆောင်ရွက်ကာ စုပေါင်းအင်အားဖြင့် ကပ်ရောဂါကို အနိုင်တိုက်ဖျက်ရမည်ဖြစ်ကြောင်း၊ ကမ္ဘာလုံးဆိုင်ရာ အကျပ်အတည်း ထိတ်လန့်ဖွယ်လှိုင်းဒဏ်များကြားတွင် နိုင်ငံအသီးသီးသည် လှေသင်္ဘောလေး အစီးပေါင်း ၁၉၀ ကျော်တွင် အသီးသီးစီးနင်းကြခြင်းမဟုတ်ဘဲ ကံကြမ္မာတူအကျိုးတူအသိုက်အဝန်း သင်္ဘောကြီးတစ်စင်းတည်းတွင် စီးနင်းနေရခြင်းဖြစ်ပါကြောင်း ၊ လှိုင်းဒဏ်ရင်ဆိုင်ရာတွင် လှေငယ်လေးက မစွမ်းသာ၊ ဧရာမရေယာဉ်သင်္ဘောကြီးမှသာ ထိတ်လန့်တုန်လှုပ်ဖွယ်လှိုင်းကြမ်း၏ဒဏ်ကို ခံနိုင်ရည်ရှိမည်ဖြစ်ကြောင်း သမ္မတရှီက ပြောကြားခဲ့သည်။ ခိုင်မာသည့်ယုံကြည်ချက်ဖြင့် တစ်လှေတည်းစီးတစ်ခရီးတည်းသွားခြင်းသည် ကပ်ရောဂါကို အနိုင်တိုက်ဖျက်မည့် တစ်ခုတည်းသော မှန်ကန်သည့် နည်းလမ်းဖြစ်ကြောင်း ဆိုသည်။

မည်သည့် အပြန်အလှန်အတားအဆီးပြုခြင်း၊ အကြောင်းမဲ့ အပြစ်ဖို့ခြင်းများက ကပ်ရောဂါကိုအနိုင်တိုက်မည့်အခွင့်အလမ်းနှင့်အခြေအနေကို နှောင့်နှေးကြန့်ကြာ အနှောင့်အယှက်ဖြစ်စေမည် ဖြစ်‌ကြောင်း၊ ကမ္ဘာ့နိုင်ငံအသီးသီးက နိုင်ငံတကာကပ်ရောဂါတိုက်ဖျက်ရေးပူးပေါင်းဆောင်ရွက်မှုကို အားဖြည့်ကာ ဆေးဝါသုတေသနပြု ထုတ်လုပ်ရေး ပူးပေါင်းဆောင်ရွက်များကို တက်ကြွစွာဆောင်ရွက်ပြီး ကပ်ရောဂါကာကွယ်ရေးမျဉ်းအထပ်ထပ်တည်ဆောက်ကာ လူသားတို့၏ကျန်းမာရေး ကံတူအကျိုးပေးအသိုက်အဝန်း တည်ဆောက်မှုကို အရှိန်မြှင့်တင်ဆောင်ရွက်ရမည် ဖြစ်ကြောင်း ၊ အထူးသဖြင့် ကာကွယ်ဆေးဟူသော အားကောင်းသည့်လက်နက်ကို ကောင်းမွန်စွာအသုံးပြုရမည်ဖြစ်ရာ ကာကွယ်ဆေးမျှတစွာ ဝေငှအသုံးပြုနိုင်ရေးကို အာမခံထား ကာကွယ်ဆေးထိုးနှံမှုနှုန်းကို မြှင့်တင်ပြီး နိုင်ငံတကာ”ကိုယ်ခံအားစနစ် ကွာဟချက်”ကို ဖြည့်ဆည်းရမည်ဖြစ်ကြောင်း ၊ ကျန်းမာရေးနှင့်အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်ရမည်ဖြစ်သလို ပြည်သူ့စားဝတ်နေရေးကို အာမခံချက်ပေးရမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဒုတိယအနေဖြင့် အန္တရာယ်အမျိုးမျိုးကို ပြေလည်အောင်ဖြေရှင်းကာ ကမ္ဘာစီးပွားရေးတည်ငြိမ်စွာ ပြန်လည်ရှင်သန်ရေးအတွက် မြှင့်တင်ဆောင်ရွက်ရမည် ဖြစ်ကြောင်း သမ္မတရှီက ဆိုသည်။

ကမ္ဘာ့စီးပွားရေးသည် မြေနိမ့်ချိုင့်ဝှမ်းမှ ထွက်လာအောင် လျှောက်လှမ်းနေပြီဖြစ်သော်လည်း အတားအဆီးကန့်သတ်မှုများစွာနှင့် ရင်ဆိုင်နေရကြောင်း ၊ မိမိတို့အနေဖြင့် ကပ်ရောဂါထိန်းချုပ်ကာကွယ်ရေး ပုံမှန်ဆောင်ရွက်နေသည့်အခြေအနေတွင် စီးပွားရေးတိုးတက်မှုစွမ်းအင်သစ်၊ လူမှုဘဝနေထိုင်မှုပုံစံသစ်၊ လူသူသွားလာသည့် နည်းလမ်းသစ်များကို ရှာဖွေရမည် ဖြစ်ရာ နယ်စပ်ဖြတ်ကျော် ကုန်သွယ်ရေး အဆင်ပြေလွယ်ကူအောင် တွန်းအားပေးခြင်း၊ ထုတ်လုပ်မှုလုပ်ငန်း ပံ့ပိုးမှုကွင်းစက် ဖူလုံချောမွေ့အောင် အာမခံခြင်း၊ ကမ္ဘာစီးပွားရေးပြန်လည်နိုးထသည့်ဖြစ်စဉ် တည်ငြိမ်စွာ အကောင်အထည်ဖော်ဆောင်ခြင်းအား တွန်းအားပေးဆောင်ရွက်ရမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ကမ္ဘာ့နိုင်ငံအသီးသီးက စစ်မှန်သည့် နိုင်ငံပေါင်းစုံဘက်ပေါင်းစုံဝါဒကို ခိုင်မာစွာ လက်ကိုင်ထားကာ အကာအရံမထား အတားအဆီးများကို ဖယ်ရှားခြင်း၊ အဆက်အသွယ်ဖြတ်တောက်ခြင်းမဟုတ်သည့် တံခါးဖွင့်ခြင်း၊ ချိတ်ဆက်မှုအားလက်တွဲဖြုတ်ခြင်းမဟုတ်သည့် ပေါင်းစည်းခြင်းများကို ခိုင်ခိုင်မာမာဆောင်ရွက်ပြီး တံခါးဖွင့်ပုံစံ ကမ္ဘာ့စီးပွားရေးကို တွန်းအားပေးတည်ဆောက်ရမည်ဖြစ်ပါကြောင်း၊ စီးပွားရေးဂလိုဘယ်လ်လိုက်ဇေးရှင်းအသွင်ပြောင်းခြင်း ပိုမို တံခါဖွင့်လက်ခံနိုင်မှု၊ အများအကျိုးဖြစ်ထွန်းစေမှု၊ မျှတ၍ဘုံအကျိုးစီးပွားဖြစ်ထွန်းစေမှုကို ဦးတည် တွန်းအားပေး ဆောင်ရွက်ကာ ကမ္ဘာ့စီးပွားရေး အားအင် အပြည့်အဝ ပြန်လည်ဖြစ်ထွန်းလာအောင် အောင်ရွက်ကြရမည်ဖြစ်ကြောင်း ဆိုသည်။

ကမ္ဘာစီးပွားရေးအကျပ်အတည်းက ထွက်လာအောင်၊ ပြန်လည်နိုးထအောင်ဖော်ဆောင်ရာတွင် မက်ခရိုမူဝါဒညှိနှိုင်းရေးများ မဖြစ်မနေလုပ်ဆောင်ရမည် ဖြစ်ကြောင်း ၊ အဓိက စီးပွားရေးအစုအဖွဲ့များက အကျိုးတူအသိုက်အဝန်းအသိ ထားရှိရမည်ဖြစ်ပြီး ပိုမိုစနစ်ကျသည့်အတွေးအခေါ်ကို မြှင့်တင်ရမည် ဖြစ်သလို မူဝါဒသတင်းအချက်အလက် ပွင်းလင်းမြင်သာမှုနှင့်မျှဝေမှုကို အားဖြည့်ဆောင်ရွက်ရမည်ဖြစ်သလို ဘဏ္ဍာရေး၊ ငွေကြေးမူဝါဒ၏ ရည်မှန်းချက်၊ အတိုင်းအတာနှင့်စည်းချက်ကို ညှိနှိုင်းရမည် ဖြစ်ပါကြောင်း ၊ အဓိက ဖွံ့ဖြိုးပြီးနိုင်ငံများက တာဝန်ယူမှုရှိသည့် စီးပွားရေးမှုဝါဒများကို ဆောင်ရွက်ကာ မူဝါဒပြင်ပသို့သက်ရောက်ခြင်းအား ထိန်းချုပ်ပြီး ဖွံ့ဖြိုးဆဲနိုင်ငံများအ‌ ပေါ်ဆိုးဆိုးဝါးဝါးရိုက်ခတ်စေမှုများ မဖြစ်ပွားအောင် ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း ၊ နိုင်ငံတကာ စီးပွားရေးနှင့်ဘဏ္ဍာရေးအဖွဲ့အစည်းများကလည်း အပြုသဘောအခန်းကဏ္ဍမှ နိုင်ငံတကာသဘောတူညီချက်ကို စုစည်းကာ မူဝါဒညှိနှိုင်းမှုများကို အားကောင်းအောင် ဆောင်ရွက်၍ စနစ်၏အန္တရာယ်ကို ကြိုတင်ကာကွယ်ရမည် ဖြစ်ကြောင်း သမ္မတရှီကျင့်ဖိန်က ပြောကြားခဲ့သည်။

တတိယအနေဖြင့် ဖွံ့ဖြိုးတိုးတက်မှု ကွာဟချက်ကို ပေါင်းကူး၍ ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကို ပြန်လည်ထူထောင်ရမည် ဖြစ်ကြောင်း သမ္မတရှီက ဆိုသည်။
ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးဖြစ်စဉ်သည် ဆိုးဝါးသည့် ရိုက်ခတ်မှုကို ခံနေရပါကြောင်း ၊ လူသားမျိုးနွယ်တိုးတက်မှု ညွှန်းကိန်းသည် နှစ်ပေါင်း ၃၀ တွင် ပထမဆုံး ကျဆင်းခဲ့ရာ အချို့ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ကပ်ရောဂါကြောင့် ဆင်းရဲနွမ်းပါးမှုနှနှင့် မတည်မငြိမ်ဖြစ်မှုများကို တစ်ဖန်ပြန်လည် ကြုံတွေ့နေရသလို ဖွံ့ဖြိုးပြီးနိုင်ငံများရှိ လူအမြောက်အမြားကလည်း နေထိုင်မှုဘဝအခက်အခဲများနှင့် ကြုံတွေ့နေရကြောင်း၊ မည်သို့သောအခက်အခဲနှင့်ကြုံတွေ့ပါစေ မိမိတို့အနေဖြင့် ပြည်သူ့ဗဟိုပြုသည့် ဖွံ့ဖြိုးတိုးတက်ရေးအတွေးကို ခိုင်ခိုင်မာမာရှိရမည် ဖြစ်ရာ ဖွံ့ဖြိုးတိုးတက်ရေးကို မြှင့်တင်မှု၊ ပြည်သူ့စားဝတ်နေရေးအာမခံမှုကို ကမ္ဘာလုံးဆိုင်ရာ မက်ခရိုမူဝါဒတွင် ရှေ့တန်းတင်ဖော်ဆောင်ကြရမည် ဖြစ်ပါကြောင်း၊ ကုလသမဂ္ဂ၏ ၂၀၃၀ ပြည့်နှစ် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်ကို အကောင်အထည်ဖော်ကာ လက်ရှိဖွံ့ဖြိုးရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုယန္တရား ညှိနှိုင်းမှုအား ပိုမိုထိရောက်အောင် မြှင့်တင်၍ တစ်ကမ္ဘာလုံး ဟန်ချက်ညီညီ ဖွံ့ဖြိုးတိုးတက်လာအောင် တွန်းအားပြုဆောင်ရွက်ကြရမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

မိမိတို့သည် တူညီသော်လည်း ကွဲပြားသည့် တာဝန်ဝတ္တရားမူစည်းမျဉ်းများကို လိုက်နာပြီး ဖွံ့ဖြိုးတိုးတက်ရေးမူဘောင်အတွင်းတွင် ဥတုရာသီပြောင်းလဲမှု နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးကို မြှင့်တင်ကာ 《ကုလသမဂ္ဂဥတုရာသီပြောင်းလဲမှုဆိုင်ရာမူဘောင်သဘောတူညီချက်》COP26၏ရလဒ်ကို ဖော်ဆောင်ရမည် ဖြစ်ကြောင်း ၊ ဖွံ့ဖြိုးပြီးနိုင်ငံများက ဦးစွာ ဓါတ်ငွေ့ထုတ်လုပ်မှုလျှော့ချရေးတာဝန်များကို ဖော်ဆောင်ကြရမည် ဖြစ်သလို ငွေကြေးနည်းပညာပံ့ပိုးမှုကတိကဝတ်များကို အကောင်အထည်ဖော်ရမည်ဖြစ်ကာ ဖွံ့ဖြိုးဆဲနိုင်ငံများ ဥတုရာသီပြောင်းလဲမှုကို ကိုင်တွယ်ဖြေရှင်းခြင်းနှင့် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည့် အခြေအနေများကို ဖော်ဆောင်ရမည် ဖြစ်ကြောင်း ဆိုသည်။
ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး အဆိုပြုချက်သည် ကမ္ဘာတစ်ဝန်းလုံးအား တံခါးဖွင့်ထားသည့် အများပြည်သူပိုင်ပစ္စည်းဖြစ်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် ဘက်ပေါင်းစုံနှင့်အတူ လက်တွဲပူးပေါင်းပြီး အဆိုပြုချက်ကို အကောင်အထည်ဖော်ဆောင်ရန် အတူတကွတွန်းအားပေးဆောင်ရွက်သွားလိုရာ မည်သည့်နိုင်ငံကိုမျှ မကျန်ရစ်ရအောင် ကြိုးပမ်းသွားလိုကြောင်း ပြောကြားခဲ့သည်။

စတုတ္ထအနေဖြင့် စစ်အေးတိုက်ပွဲအတွေးအခေါ်ကို စွန့်လွှတ်ပြီး ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ခြင်း၊ အပြန်အလှန်အကျိုးရှိဘုံအကျိုးဖြစ်ထွန်းစေခြင်းကို ဖော်ဆောင်ကြရမည်ဖြစ်ကြောင်း သမ္မတ ရှီက ပြောကြားခဲ့သည်။
ယနေ့ခေတ်ကမ္ဘာကြီးသည် ငြိမ်းချမ်းခြင်းမရှိ၊ အမုန်းတရားလှုံ့ဆော်မှုနှင့် မလိုမုန်းထားစကားများ အဆက်မပြတ်ရှိနေပါကြောင်း၊ ထိုမှတစ်ဆင့် ပိတ်ဆို့မှုအမျိုးမျိုး၊ ဖိနှိပ်မှု ၊ထိပ်တိုက်ရင်ဆိုင်မှုများ ဖြစ်ပွားခြင်းသည် ကမ္ဘာ့ငြိမ်းချမ်းရေး၊လုံခြုံရေးအတွက် အကျိုးမဖြစ်အဆိပ်သင့်စေကြောင်း ၊ ထိတ်တိုက်ရင်ဆိုင်မှုများက အချည်းနှီးဖြစ်လေ့ရှိပြီး ကပ်ဘေးအသွင်း နောက်ဆက်တွဲဆိုးကျိုးများရှိလာသည်ကို သမိုင်းတွင် အဖန်တလဲလဲ သက်သေပြပြီးဖြစ်ကြောင်း ဆိုသည်။
တစ်ဖက်သတ်ကိုယ်ကျိုးစီးပွားကာကွယ်ရေးဝါဒ လုပ်ဆောင်ခြင်းက မည်သူကိုမျှ အကာအကွယ်မပြုနိုင်သလို နောက်ဆုံးတွင် တစ်ပါးသူလည်းထိခိုက် မိမိလည်းအကျိုးယုတ်စေမည်သာဖြစ်ကြောင်း၊ ဗိုလ်ကျစိုးမိုးအနိုင်ကျင့်မှုသည် သမိုင်းဒီရေစီးကြောင်းကို ပြောင်းပြန်စီးဆင်းအောင် လုပ်ဆောင်ခြင်းဖြစ်ကြောင်း ၊ နိုင်ငံများအကြား ပဋိပက္ခနှင့်ကွဲလွဲမှုများက ရှောင်ရှား၍မရသော်လည် သူနိုင်ကိုယ်နိုင် အကြွင်းသုည အကျိုးမရအောင် ဆောင်ရွက်ခြင်းက မည်သည့်အတွက်မျှ အထောက်အပံ့ဖြစ်စေမည် မဟုတ်ကြောင်း ၊ ငြိမ်းချမ်းစွာ ဖွံ့ဖြိုးတိုးတက်ရေး၊ ပူးပေါင်းဆောင်ရွက်မှုဖြင့်ဘုံအကျိုးဖော်ဆောင်ရေးသည်သာ လူ့လောက၏မှန်ကန်သောလမ်းစဉ်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

မတူညီသည့်နိုင်ငံ မတူညီသည့်ယဉ်ကျေးမှုတွင် အပြန်အလှန်လေးစားသမှုဖြင့် အတူဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရမည်ဖြစ်ပြီး တူညီမှုများကို ရှာဖွေကာ ကွဲပြားမှုများကိုဘေးဖယ်ထားရင်း ပူးပေါင်းဆောင်ရွက်မှုဖြင့် ဘုံအကျိုးစီးပွား ဖော်ဆောင်ရမည် ဖြစ်ကြောင်း ၊ မိမိတို့သည် သမိုင်းလမ်းကြောင်းအတိုင်း အလိုက်သင့်လျှောက်လှမ်းရာတွင် နိုင်ငံတကာအခင်းအကျင်းတည်ငြိမ်အောင်၊ လူသားတို့၏ဘုံစံတန်ဖိုးကျယ်ပြန့်လာအောင်နှင့် လူသားမျိုးနွယ်အေးအတူပူအမျှအသိုက်အဝန်းကို တည်ဆောက်ကြရမည် ဖြစ်ပါကြောင်း ၊ ထိပ်တိုက်ရင်ဆိုင်ခြင်းမဟုတ်သည့် တွေ့ဆုံဆွေးနွေးခြင်း၊ ဖယ်ကျဉ်ခြင်းမဟုတ်သည့် သဘောထားကြီးလက်ခံခြင်းများကို ခိုင်မာစွာကိုင်စွဲကာ တစ်ဖတ်သတ်ကိုယ်ကျိုးစီးပွားကာကွယ်ရေးဝါဒ အသွင်မှန်သမျှနှင့် ဗိုလ်ကျစိုးမိုးရေး၊အင်အားနိုင်ငံရေးအသွင် မှန်သမျှကို ဆန့်ကျင်ရမည်ဖြစ်ကြောင်း ဆိုသည်။

သမ္မတရှီကျင့်ဖိန်က ပြီးခဲ့သည့်နှစ်သည် တရုတ်ကွန်မြူနစ်ပါတီ တည်ထောင်သည့် နှစ် ၁၀၀ ပြည့်နှစ်ဖြစ်ကြောင်း ဆိုသည်။
တရုတ်ကွန်မြူနစ်ပါတီက တရုတ်နိုင်ငံပြည်သူများကို စည်းလုံးညီညွတ်စွာ ဦးဆောင်ကာ ရေရှည်ကြိုးပမ်းရုန်းကန်ခဲ့ရာတွင် နိုင်ငံဖွံ့ဖြိုးတိုးတက်မှုတည်ဆောက်ရေးနှင့်ပြည်သူ့လူမှုဘဝနေထိုင်မှုကောင်းမွန်အောင် ပြုပြင်ရေးတို့တွင် ကမ္ဘာသိ အောင်မြင်မှုများရရှိခဲ့ကြောင်း ၊ သတ်မှတ်ကာလတွင် အတော်အသင့်ပြည့်စုံသည့် လူမှုအသိုက်အဝန်း ဘက်စုံတည်ဆောက်ရေး ရည်မှန်းချက်ကို အကောင်အထည်ဖော်နိုင်ခဲ့သလို ဆင်းရဲနွမ်းပါးမှုတိုက်ဖျက်ရေးကို သတ်မှတ်ကာလအတွင်း အောင်နိုင်ခဲ့ရာ အကြွင်းမဲ့ဆင်းရဲနွမ်းပါးမှုပြဿနာကို သမိုင်းဝင်ဖြေရှင်းနိုင်ခဲ့ပြီး ယခုအခါ ဆိုရှယ်လစ်ခေတ်မီနိုင်ငံတော် ဘက်စုံတည်ဆောက်မည့် ခရီးစဉ်သစ်ကို လျှောက်လှမ်းနေပြီ ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထိုသို့ဆောင်ရွက်ရာတွင်-

___တရုတ်နိုင်ငံသည် အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်ရေးကို မမှိတ်မသုန် ခိုင်မာစွာ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဆိုသည်။ တရုတ်စီးပွားရေးသည် ယေဘုယျအားဖြင့် ကောင်းမွန်သည့်အရှိန်အဟုန်ရှိနေပြီး ပြီးခဲ့သည့်နှစ် GDPက ၈ ရာခိုင်နှုန်းဝန်းကျင် တိုးတက်လာရာ အတော်အသင့်တိုးတက်မှုနှင့်ငွေကြေးဖောင်းပွမှုလျော့နည်းခြင်း ရည်မှန်းချက်နှစ်ရပ်ကို အကောင်အထည်ဖော်နိုင်ခဲ့ကြောင်း ၊ ပြည်တွင်းပြည်ပစီးပွားရေးပတ်ဝန်းကျင်အပြောင်းအလဲများမှ ကြီးမားသည့်ဖိအားများ ရင်ဆိုင်နေရသော်လည်း တရုတ်စီးပွားရေးသည် ခံနိုင်ရည်၊အလားအလာ အားကောင်းရာ ရေရှည်အကောင်းဘက်သို့ ပြောင်းလဲနေသည့် အခြေခံအခြေအနေသည် ပြောင်းလဲမည်မဟုတ်ကြောင်း၊ မိမိတို့အနေဖြင့် တရုတ်နိုင်ငံ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအနာဂတ်အတွက် ယုံကြည်မှုအပြည့်ရှိကြောင်း ၊ တရုတ်နိုင်ငံသည် လူသားတို့၏ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးကို တွန်းအားပေးမည်ဖြစ်ပြီး လူထုတစ်ရပ်လုံးအတူ ချမ်းသာကြွယ်ဝရေးတွင် ပိုမိုသိသာထင်ရှားသည့် လက်တွေ့တိုးတက်မှုများ ရရှိရန်ဆောင်ရွက်မည်ဟု အတိအလင်းအဆိုပြုထားရာ ထို့အတွက် ဘက်ပေါင်းစုံမှ ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

___တရုတ်နိုင်ငံသည် ပြုပြင်ပြောင်းလဲရေးတံခါးဖွင့်မှုကို မမှိတ်မသုန် ခိုင်မာစွာဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆိုသည်။ ပြုပြင်ပြောင်းလဲရေးတံခါးဖွင့်လှစ်ကို တရုတ်နိုင်ငံက အစဉ်ဖော်ဆောင်လျက်ရှိကြောင်း ၊ နိုင်ငံတကာအခြေအနေမည်သို့ပင်ပြောင်းလဲပါစေ ပြုပြင်ပြောင်းလဲရေးတံခါးဖွင့်အလံကို တရုတ်နိုင်ငံက မြင့်မြင့်ကိုင်ဆောင်သွားမည်ဖြစ်ကြောင်း ၊ ဈေးကွက် အရင်းအမြစ်စနစ်တကျစီစဉ်ထားရှိခြင်းတွင် အဆုံးအဖြတ်ပေးသည့် အခန်းကဏ္ဍမှ ဆက်လက်ပါဝင်သွားမည် ဖြစ်ရာ အများပိုင်စနစ် စီးပွားရေး၏ ခိုင်မာနှင့်တိုးတက်မှုကို မယိမ်းမယိုင် ဆောင်ရွက်သွားမည် ဖြစ်သလို အများပိုင်စနစ်မဟုတ်သည့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကိုလည်း အားပေးထောက်ခံဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံသည် တစ်ပြေးညီ တံခါးဖွင့်လှစ်မှု၊ ယှဉ်ပြိုင်မှုနှင့်အတူစနစ်တကျရှိသည့် ဈေးကွက်စနစ်ကို တည်ဆောက်သွားမည်ဖြစ်ပြီး လုပ်ငန်းအားလုံး ဥပဒေမျက်မှောက်တွင် တန်းတူညီတူရှိစေရေး၊ ဈေးကွက်မျက်မှောက်တွင် အခွင့်အရေး တန်းတူရရှိရေးစသည်တို့တွင် အာမခံပေးသွားမည် ဖြစ်ကြောင်း ၊တရုတ်နိုင်ငံတွင် ဥပဒေစည်းမျဉ်းစည်းကမ်းများနှင့်အညီ ရင်းနှီးမြှုပ်နှံမှုအမျိုးမျိုးလည်ပတ်ဆောင်ရွက်ခြင်းနှင့် တရုတ်နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးတွင် အပြုသဘောဆောင်သည့်အခန်ကဏ္ဍမှပါဝင်မှုကို ကြိုဆိုပါကြောင်း ၊ အရည်အသွေးမြင့် ပြည်ပတံခါးဖွင့်လှစ်မှုကို တရုတ်နိုင်ငံက ဆက်လက်တိုးချဲ့ဆောင်ရွက်သွားမည်ဖြစ်ရာ စည်းမျဉ်းစည်းကမ်း၊ စီမံခန့်ခွဲမှု၊ စံချိန်စံညွှန်းစသည့် စနစ်ကျတံခါးဖွင့်မှုအား တည်ငြိမ်စွာ တိုးချဲ့လျှောက်လှမ်းသွားမည် ဖြစ်ကြောင်း၊ ပြည်ပရင်းနှီးမြှုပ်နှံမှုလုပ်ငန်း နိုင်ငံသားကဲ့သို့ အကျိုးခံစားခွင့်ကို အကောင်အထည်ဖော်ဆောင်သွားမည်ဖြစ်ပြီး ရပ်ဝန်းနှင့်ပိုးလမ်းမ အရည်အသွေးမြင့်ဖွံ့ဖြိုးတိုးတက်ရေး အတူတည်ဆောက်မှုအား တွန်းအားပေးဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

___ တရုတ်နိုင်ငံသည် ဂေဟယဉ်ကျေးမှုတည်ဆောက်ရေး တွန်းအားပေးမှုကို မမှိတ်မသုန် ခိုင်မာစွာဆောင်ရွက်သွားမည် ဖြစ်ကြောင်း သမ္မတရှီက ပြောကြားခဲ့သည်။ စီးပွားရေးတိုးတက်ဖွံ့ဖြိုးအောင် ဆောင်ရွက်ရာတွင် ငါးဖမ်းဖို့ရေကန်ဖောက်သလိုမျိုး သံယံဇာတအရင်းအမြစ်နှင့်ဂေဟပတ်ဝန်းကျင်ကို ပျက်သုန်းအောင် ဆောင်ရွက်၍မရသလို ဂေဟပတ်ဝန်းကျင်ကို ထိန်းသိမ်းကာကွယ်ရာတွင်လည်း စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးကို စွန့်လွှတ်ပြီး သစ်ပင်ပေါ်တက်၊ငါးဖမ်းသည့် လွဲမှားသောနည်းလမ်းကို ဆောင်ရွက်ခြင်းမျိုးလည်းပြု၍မရကြောင်း ၊ တရုတ်နိုင်ငံသည် စိမ်းလန်းစိုပြေသည့်တောတောင်ရေမြေကို ရွှေတောင်ငွေတောင်သမျှ အဖိုးထားသော အတွေးအမြင်ကို ခိုင်မာစွာလက်ကိုင်ထားရာ တောတောင်၊ ရေမြေ၊ လယ်ယာ၊ အင်းအိုင်၊ စိမ်းဆိုနေသည့် မြက်ခင်းပြင်၊ သဲကန္တရအားလုံးကို တစ်သားတည်း ထိန်းသိမ်းကာကွယ်၊ စနစ်တကျ စီမံခန့်ခွဲခြင်းအား တွန်းအားပေး ဆောင်ရွက်လျက်ရှိကြောင်း ၊ ဂေဟယဉ်ကျေးမှုတည်ဆောက်ရေး၊ လေထုညစ်ညမ်းမှုအားကာကွယ်ထိန်းသိမ်းစီမံရေး၊ လူထုလူနေမှုဘဝနှင့်လုပ်ငန်းခွင်ပတ်ဝန်းကျင် ကောင်းမွန်အောင် အားသွန်ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားခဲ့သည်။

ကာဗွန်ထုတ်လုပ်ခြင်းလျှော့ချမှု အမြင့်ဆုံးဖြစ်နိုင်ရေး(carbon peak)နှင့် ကာဗွန်အလယ်အလတ်အဆင့် ရောက်ရှိရေး(carbon neutrality)သည် တရုတ်နိုင်ငံအရည်အသွေးမြင့်ဖွံ့ဖြိုးတိုးတက်ရေး တောင်းဆိုချက်တွင် ပါဝင်သလို တရုတ်နိုင်ငံက နိုင်ငံတကာအသိုက်အဝန်းအား အလေးအနက်ပြုထားသည့် ကတိကဝတ်ဖြစ်ကြောင်း၊ ကတိကဝတ်များကို ခိုင်မာစွာ အကောင်အထည်ဖော် တွန်းအားပေးဆောင်ရွက်သွားမည် ဖြစ်ကြောင်း ၊ အဆင့်လိုက်ဆောင်ရွက်ရမည့် ကာဗွန်ထုတ်လုပ်ခြင်းလျှော့ချမှု အမြင့်ဆုံးဖြစ်နိုင်ရေး(carbon peak)နှင့် ကာဗွန်အလယ်အလတ်အဆင့် ရောက်ရှိရေး(carbon neutrality)ကို တစ်ချိန်တည်းတစ်ပြိုင်တည်းအပြီးသတ်ဆောင်ရွက်၍မရကြောင်း ၊ တရုတ်နိုင်ငံအနေဖြင့် ဦးစွာ ရည်မှန်းချက်ထား တည်ငြိမ်ခိုင်မာစွာ ဖော်ဆောင်သွားဖြစ်ပြီး စွမ်းအင်သစ်အစားထိုးဆောင်ရွက်ရာတွင် သမရိုးကျစွမ်းအင် သုံးစွဲမှုကို စနစ်တကျလျှော့ချသွားမည်ဖြစ်ရာ လူမှုစီးပွားဘဝ တည်ငြိမ်စွာ ဖွံ့ဖြိုးတိုးတက်ရေးအတွက်အာမခံထား ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၊ တရုတ်နိုင်ငံသည် ဥတုရာသီပြောင်းလဲမှုဆိုင်ရာ နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုများတွင် တက်ကြွက်စွာ ပါဝင်ဆောင်ရွက်ပြီး လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေး ဘက်စုံအစိမ်းရောင် အသွင်ပြောင်းမှုကို အတူတွန်းအားပေး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)

………………………………………………
(Chinese Version)

(外事)习近平出席2022年世界经济论坛视频会议并发表演讲  强调要在历史前进的逻辑中前进 在时代发展的潮流中发展  坚定信心 勇毅前行 共创后疫情时代美好世界

2022-01-17 18:34:02
新华社北京1月17日电国家主席习近平17日在北京出席2022年世界经济论坛视频会议并发表题为《坚定信心 勇毅前行 共创后疫情时代美好世界》的演讲。

习近平首先指出,再过两周,中国农历虎年新春就要到来。在中国文化中,虎是勇敢和力量的象征,中国人常说生龙活虎、龙腾虎跃。面对当前人类面临的严峻挑战,我们要如虎添翼、虎虎生威,勇敢战胜前进道路上各种险阻,全力扫除新冠肺炎疫情阴霾,全力促进经济社会恢复发展,让希望的阳光照亮人类!
习近平强调,当今世界正在经历百年未有之大变局。这场变局不限于一时一事、一国一域,而是深刻而宏阔的时代之变。时代之变和世纪疫情相互叠加,世界进入新的动荡变革期。如何战胜疫情?如何建设疫后世界?这是世界各国人民共同关心的重大问题,也是我们必须回答的紧迫的重大课题。

习近平强调,“天下之势不盛则衰,天下之治不进则退。”世界总是在矛盾运动中发展的,没有矛盾就没有世界。纵观历史,人类正是在战胜一次次考验中成长、在克服一场场危机中发展。我们要在历史前进的逻辑中前进、在时代发展的潮流中发展。要善于从历史长周期比较分析中进行思考,又要善于从细微处洞察事物的变化,在危机中育新机、于变局中开新局,凝聚起战胜困难和挑战的强大力量。

第一,携手合作,聚力战胜疫情。事实再次表明,在全球性危机的惊涛骇浪里,各国不是乘坐在190多条小船上,而是乘坐在一条命运与共的大船上。小船经不起风浪,巨舰才能顶住惊涛骇浪。坚定信心、同舟共济,是战胜疫情的唯一正确道路。任何相互掣肘,任何无端“甩锅”,都会贻误战机、干扰大局。世界各国要加强国际抗疫合作,积极开展药物研发合作,共筑多重抗疫防线,加快建设人类卫生健康共同体。特别是要用好疫苗这个有力武器,确保疫苗公平分配,加快推进接种速度,弥合国际“免疫鸿沟”,把生命健康守护好、把人民生活保障好。

第二,化解各类风险,促进世界经济稳定复苏。世界经济正在走出低谷,但也面临诸多制约因素。我们要探索常态化疫情防控条件下的经济增长新动能、社会生活新模式、人员往来新路径,推进跨境贸易便利化,保障产业链供应链安全畅通,推动世界经济复苏进程走稳走实。世界各国要坚持真正的多边主义,坚持拆墙而不筑墙、开放而不隔绝、融合而不脱钩,推动构建开放型世界经济,推动经济全球化朝着更加开放、包容、普惠、平衡、共赢的方向发展,让世界经济活力充分迸发出来。推动世界经济走出危机、实现复苏,必须加强宏观政策协调。主要经济体要树立共同体意识,强化系统观念,加强政策信息透明和共享,协调好财政、货币政策目标、力度、节奏。主要发达国家要采取负责任的经济政策,把控好政策外溢效应,避免给发展中国家造成严重冲击。国际经济金融机构要发挥建设性作用,凝聚国际共识,增强政策协同,防范系统性风险。

第三,跨越发展鸿沟,重振全球发展事业。全球发展进程正在遭受严重冲击,人类发展指数30年来首次下降,一些发展中国家因疫返贫、因疫生乱,发达国家也有很多人陷入生活困境。不论遇到什么困难,我们都要坚持以人民为中心的发展思想,把促进发展、保障民生置于全球宏观政策的突出位置,落实联合国2030年可持续发展议程,促进现有发展合作机制协同增效,促进全球均衡发展。我们要坚持共同但有区别的责任原则,在发展框架内推进应对气候变化国际合作,落实《联合国气候变化框架公约》第二十六次缔约方大会成果。发达经济体要率先履行减排责任,落实资金、技术支持承诺,为发展中国家应对气候变化、实现可持续发展创造必要条件。全球发展倡议是向全世界开放的公共产品。中国愿同各方携手合作,共同推进倡议落地,努力不让任何一个国家掉队。

第四,摒弃冷战思维,实现和平共处、互利共赢。当今世界并不太平,煽动仇恨、偏见的言论不绝于耳,由此产生的种种围堵、打压甚至对抗对世界和平安全有百害而无一利。历史反复证明,对抗不仅于事无补,而且会带来灾难性后果。搞保护主义、单边主义,谁也保护不了,最终只会损人害己。搞霸权霸凌,更是逆历史潮流而动。国家之间难免存在矛盾和分歧,但搞你输我赢的零和博弈是无济于事的。和平发展、合作共赢才是人间正道。不同国家、不同文明要在彼此尊重中共同发展、在求同存异中合作共赢。我们要顺应历史大势,致力于稳定国际秩序,弘扬全人类共同价值,推动构建人类命运共同体。要坚持对话而不对抗、包容而不排他,反对一切形式的单边主义、保护主义,反对一切形式的霸权主义和强权政治。

习近平强调,去年是中国共产党成立一百周年。中国共产党团结带领中国人民长期艰苦奋斗,在国家建设发展和人民生活改善上取得举世瞩目的成就,如期实现了全面建成小康社会目标,如期打赢了脱贫攻坚战,历史性地解决了绝对贫困问题,现在踏上了全面建设社会主义现代化国家新征程。

——中国将坚定不移推动高质量发展。中国经济总体发展势头良好,去年中国国内生产总值增长8%左右,实现了较高增长和较低通胀的双重目标。虽然受到国内外经济环境变化带来的巨大压力,但中国经济韧性强、潜力足、长期向好的基本面没有改变,我们对中国经济发展前途充满信心。中国明确提出要推动人的全面发展、全体人民共同富裕取得更为明显的实质性进展,将为此在各方面进行努力。

——中国将坚定不移推进改革开放。中国改革开放永远在路上。不论国际形势发生什么变化,中国都将高举改革开放的旗帜。中国将继续使市场在资源配置中起决定性作用,毫不动摇巩固和发展公有制经济,毫不动摇鼓励、支持、引导非公有制经济发展。中国将建设统一开放、竞争有序的市场体系,确保所有企业在法律面前地位平等、在市场面前机会平等。中国欢迎各种资本在中国合法依规经营,为中国发展发挥积极作用。中国将继续扩大高水平对外开放,稳步拓展规则、管理、标准等制度型开放,落实外资企业国民待遇,推动共建“一带一路”高质量发展。

——中国将坚定不移推进生态文明建设。发展经济不能对资源和生态环境竭泽而渔,生态环境保护也不是舍弃经济发展而缘木求鱼。中国坚持绿水青山就是金山银山的理念,推动山水林田湖草沙一体化保护和系统治理,全力以赴推进生态文明建设,全力以赴加强污染防治,全力以赴改善人民生产生活环境。实现碳达峰碳中和是中国高质量发展的内在要求,也是中国对国际社会的庄严承诺。中国将践信守诺、坚定推进。实现碳达峰碳中和,不可能毕其功于一役。中国将破立并举、稳扎稳打,在推进新能源可靠替代过程中逐步有序减少传统能源,确保经济社会平稳发展。中国将积极开展应对气候变化国际合作,共同推进经济社会发展全面绿色转型。(演讲全文另发)(完)
图说1:1月17日,国家主席习近平在北京出席2022年世界经济论坛视频会议并发表题为《坚定信心 勇毅前行 共创后疫情时代美好世界》的演讲。 新华社记者 黄敬文 摄

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.