Connect with us

ASEAN

တရုတ်နှင့် အာဆီယံနိုင်ငံများမှ အဆင့်မြင့် ပညာရှင် များက ပိုမိုနက်ရှိုင်းသော နှီးနှောဖလှယ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုကို ဆွေးနွေး

ဟိုင်ခို၊ ဒီဇင်ဘာ ၁၂ ရက် (ဆင်ဟွာ)

“စည်းလုံးညီညွတ်စွာပူးပေါင်းဆောင်ရွက်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးကို အလေးထားဆောင်ရွက်ရေး၊ တရုတ်-အာဆီယံ ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး မြှင့်တင်ရေး” ခေါင်းစဉ်ဖြင့် တရုတ်-အာဆီယံ အဆင့်မြင့် ပညာရှင်ဖိုရမ်ကို ဒီဇင်ဘာ ၁၁ ရက်က အွန်လိုင်းနှင့် အော့ဖ်လိုင်းပေါင်းစပ်ကျင်းပခဲ့ကြောင်း၊ ဖွင့်ပွဲအခမ်းအနားသို့ အာဆီယံဆယ်နိုင်ငံမှ အဓိက အရာရှိဟောင်းများနှင့် အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြောင်း၊ အွန်လိုင်းနှင့် အော့ဖ်လိုင်းတွင် လူ ၂၀၀ ခန့် ပါဝင်ခဲ့ကြောင်း သိရသည်။
China Soong Ching Ling Foundation ဥက္ကဋ္ဌ Wang Jiarui က တရုတ်နှင့် အာဆီယံသည် ဆွေးနွေးဖက်ဆက်ဆံရေး ထူထောင်သည့် နှစ် ၃၀ ကာလအတွင်း နှစ်ဘက်ကြား ဆက်ဆံရေးသည် အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက်လာခဲ့ကြောင်း၊ လက်ရှိတွင် တရုတ်နှင့် အာဆီယံတို့သည် ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးအဆင့်သစ်သို့ ဝင်ရောက်လာကြောင်း တရုတ်နိုင်ငံအနေဖြင့် တရုတ်-အာဆီယံအကြား ပိုမိုနီးကပ်သော ကံကြမ္မာအကျိုးတူ အသိုက်အဝန်းကို တည်ဆောက်ရန်အတွက် အာဆီယံနှင့် လက်တွဲဆောင်ရွက်သွားရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့သည်။

The Chinese People’s Institute of Foreign Affairs ဥက္ကဌ Wang Chao က တရုတ်နိုင်ငံသည် နိုင်ငံရေးအရ အပြန်အလှန်ယုံကြည်မှု ပိုမိုခိုင်မာစေရန်၊ ကပ်ရောဂါတိုက်ဖျက်ရေးနှင့် စီးပွားရေးပြန်လည်နလန်ထူလာရေးတွင် နက်ရှိုင်းစွာ ပူးပေါင်းဆောင်ရွက်ရန် အာဆီယံနှင့် လက်တွဲဆောင်ရွက်သွားရန် ဆန္ဒရှိကြောင်း၊ ပိုမိုနီးကပ်သော ကံကြမ္မာအကျိုးတူ အသိုက်အဝန်းတစ်ခုကို တည်ဆောက်ရန် ခေတ်သစ်သို့ လျှောက်လှမ်းရန်၊ တရုတ်နိုင်ငံ၏ အဆင့်မြင့်တံခါးဖွင့်လှစ်မှုစနစ်သည် တရုတ်နှင့် အရှေ့တောင်အာရှနိုင်ငံများကြား ပူးပေါင်းဆောင်ရွက်မှုအတွက် အခွင့်အလမ်းများ ပိုမိုရရှိစေမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

မလေးရှားနိုင်ငံမှ New Asia Strategic Research Center ဥက္ကဋ္ဌ Weng Shijie က တရုတ်-အာဆီယံ ဘက်စုံမဟာဗျူဟာမိတ်ဖက်ဆက်ဆံရေးသည် အာရှ-ပစိဖိတ်ဒေသအတွင်း အောင်မြင်မှုအရှိဆုံး စီးပွားရေးပူးပေါင်းဆောင်ရွက်မှုပုံစံများထဲမှ တစ်ခုဖြစ်ကြောင်း၊ ကိူဗစ်ကပ်ရောဂါ ရင်ဆိုင်နေရချိန်တွင် တရုတ်-အာဆီယံ ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးကို တည်ငြိမ်စွာ ထိန်းသိမ်းနိုင်ပြီး အပြန်အလှန်အကျိုးဖြစ်ထွန်းအောင် ဆက်လက်လုပ်ဆောင်နိုင်ကြောင်း၊ တရုတ်-အာဆီယံသည် ကာကွယ်ဆေး တီထွင်ထုတ်လုပ်မှု၊ ဒစ်ဂျစ်တယ်စီးပွားရေး၊ အစိမ်းရောင်စီးပွားရေးနှင့် အပြာရောင်စီးပွားရေးစသည့် နယ်ပယ်သစ်များတွင် ပူးပေါင်းဆောင်ရွက်မှုအတွက် လုံလောက်သော အလားအလာရှိကြောင်း ၎င်းကယုံကြည်သည်။

ထိုင်း-တရုတ် ယဉ်ကျေးမှုနှင့် စီးပွားရေးအသင်း ဥက္ကဌ နှင့် ထိုင်းအမျိုးသားလွှတ်တော် ဥက္ကဌဟောင်း Pochin Prang Lajun က “ရပ်ဝန်းနှင့်ပိုးလမ်းမ” ကနဦးခြေလှမ်းသည် တရုတ်နှင့် အာဆီယံအကြား မိတ်ဖက်ဆက်ဆံရေးအတွက် အရေးကြီးသော မဏ္ဍိုင်ဖြစ်ကြောင်း၊ “ရပ်ဝန်းနှင့်ပိုးလမ်းမ” ကနဦးခြေလှမ်းသည် ကမ္ဘာ့လူဦးရေ၏ ထက်ဝက်ကျော်ကို လွှမ်းခြုံထားကြောင်း၊ ၎င်းအဆိုပြုချက်သည် တိုးတက်မှုနှင့် ဘုံအကျိုးဖြစ်ထွန်းမှုများကို ဆောင်ကြဉ်းပေးကာ နောက်ဆုံးတွင် ဆင်းရဲနွမ်းပါးမှုကို ဖယ်ရှားပေးနိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

လာအိုနိုင်ငံ ဒုဝန်ကြီးချုပ်ဟောင်း Songsavat Lingsavat က အာဆီယံနိုင်ငံများသည် ဒေသတွင်း ဘက်စုံစီးပွားရေးပူးပေါင်းဆောင်ရွက်မှုသဘောတူညီချက်ကို အကောင်အထည်ဖော်ရန်နှင့် မိမိတို့၏ ဖွံ့ဖြိုးတိုးတက်မှုကို “ရပ်ဝန်းနှင့်ပိုးလမ်းမ”ပဏာမခြေလှမ်းနှင့် ပေါင်းစပ်မြှင့်တင်ရန် မျှော်လင့်ကြောင်း ၊ တရုတ်-လာအို ရထားလမ်း ကဲ့သို့သော အထင်ကရ ပရောဂျက်များသည် အာဆီယံ၊ တရုတ်နှင့် ကမ္ဘာတို့ကြား အပြန်အလှန် ဖလှယ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုအတွက် ပိုမိုခိုင်မာသော တွန်းအားသစ်များ သွင်းပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဗီယက်နမ်နိုင်ငံ ဒုတိယ၀န်ကြီးချုပ်ဟောင်းနှင့် နိုင်ငံခြားရေးဝန်ကြီးPham Kaqian က တရုတ်နှင့် အာဆီယံအကြား ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး ထူထောင်ခြင်းသည် အာဆီယံကို အရှေ့တောင်အာရှနိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့အစည်းမှ ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှု ယန္တရားတွင် အဓိကကျသော အဖွဲ့အစည်းတစ်ခုအဖြစ် ဖွံ့ဖြိုးတိုးတက်လာစေရန် အထောက်အကူဖြစ်စေမည်ဟု ယုံကြည်ကြောင်း ၎င်းကဆိုသည်။

ဤတစ်ရက်တာ ဖိုရမ်တွင် “မဟာဗျူဟာမြောက် အပြန်အလှန်ယုံကြည်မှု”၊ “ကုန်သွယ်စီးပွား ပူးပေါင်းဆောင်ရွက်မှု”၊ “ဟိုင်နန် လွတ်လပ်သော ကုန်သွယ်မှု ဆိပ်ကမ်းနှင့် အရှေ့တောင်အာရှ ပူးပေါင်းဆောင်ရွက်မှု” စသည့် ခေါင်းစဉ်များစွာကို ဆွေးနွေးခဲ့ကြောင်း၊၎င်းဖိုရမ်ကို The Chinese People’s Institute of Foreign Affairs၊ တရုတ် (ဟိုင်နန်) ပြုပြင်ပြောင်းလဲရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ သုတေသနဌာန၊ အင်ဒိုနီးရှား မဟာဗျူဟာနှင့် နိုင်ငံတကာ သုတေသနစင်တာ နှင့် Institute of East Asian Studies, National University of Singapore တို့မှ ပူးပေါင်းကျင်းပခဲ့ကြောင်း သိရသည်။ (Xinhua)
———————————————-
(Chinese Version)
(外事)中国和东盟高级别智库专家共商深化交流合作

新华社海口12月11日电(记者严钰景、夏天)以“团结协作,聚焦发展,携手推进中国-东盟全面战略伙伴关系”为主题的中国-东盟高级别智库论坛11日以线上线下相结合方式举行。东盟十国前政要和东盟秘书处代表出席开幕式。约200人线上线下参会。

中国宋庆龄基金会主席王家瑞表示,中国与东盟建立对话关系30年来,双方关系实现跨越式发展。当前,中国东盟迈入全面战略伙伴关系新阶段,中方愿与东盟方一道,构建更为紧密的中国-东盟命运共同体。

中国人民外交学会会长王超表示,中方愿与东盟一道努力,进一步巩固提升政治互信,深化拓展抗疫和经济复苏合作,朝着构建更为紧密的命运共同体迈出新的步伐。中国高水平开放将为中国与东南亚国家带来更多合作机会。

马来西亚新亚洲战略研究中心主席翁诗杰表示,中国东盟全面战略伙伴关系是目前亚太地区最成功的经济合作模式之一。面对新冠肺炎疫情,中国东盟全面战略伙伴关系保持稳定,持续互惠互利。双方在疫苗研发生产、数字经济、绿色经济和蓝色经济等新领域具有充足合作潜力。
泰中文化经济协会会长、泰国前国会主席颇钦•蓬拉军认为,“一带一路”倡议是中国与东盟伙伴关系的重要支柱。“‘一带一路’倡议覆盖世界一半以上人口,带来进步与共赢,最终有助于消除贫困。”

老挝前副总理宋沙瓦•凌沙瓦说,东盟国家期待落实区域全面经济伙伴关系协定,推动本国发展同“一带一路”倡议对接。中老铁路这样的重大标志性项目将为东盟与中国乃至世界的交流合作注入新的强劲动力。

越南前副总理兼外长范家谦认为,中国与东盟建立全面战略伙伴关系有助于东盟从东南亚国家间合作组织逐渐发展为在地区合作机制中具有中心地位的组织。

本次论坛为期一天,设置“战略互信”“经贸合作”“海南自贸港与东南亚合作”等多个议题。论坛由中国人民外交学会、中国(海南)改革发展研究院、印尼战略与国际问题研究中心和新加坡国立大学东亚研究所共同举办。(完)
图说-2004年11月3日,首届中国-东盟博览会在广西南宁开幕。