Connect with us

China

တရုတ်-ဗဟိုနှင့်အရှေ့ဥရောပနိုင်ငံများ ပူးပေါင်းဆောင်ရွက်မှုတွင် လက်တွေ့မျက်မြင်အကျိုးရလဒ်များ ဖြစ်ထွန်းခဲ့

China-CEEC ကုန်သည်များအသင်း ဆဋ္ဌမအကြိမ်မြောက် အစည်းအဝေးအခမ်းအနားအား တွေ့ရစဉ်(ဆင်ဟွာ)

နင်းပေါ၊ ဇွန် ၁၀ ရက်(ဆင်ဟွာ)

“ဗဟို၊အရှေ့ဥရောပနိုင်ငံများ၏ လုပ်ငန်းပေါင်း (၆၈)ခုနဲ့ တရုတ်ကုမ္ပဏီလုပ်ငန်းပေါင်း(၂၀၀)က နှီးနွယ်ဖလှယ်ပွဲ (၂၀၀)ခန့် ပြုလုပ်ခဲ့ပြီး လက်တွေ့မျက်မြင်အကောင်အထည်ဖော်အကျိုးဖြစ်ထွန်းနိုင်တဲ့ရလဒ်တွေဖြစ်လာဖို့ ကြိုးပမ်းခဲ့ကြတယ်” တရုတ် နိုင်ငံတကာ ကုန်သွယ်မှုမြှင့်တင်ရေးကောင်စီ ဥက္ကဋ္ဌ ကောင်းယန့်က ယခုရက်ပိုင်း နင်းပေါမြို့တွင် ကျင်းပသည့် China-CEEC ကုန်သည်ကြီးများအသင်း ဆဋ္ဌမအကြိမ်မြောက် အစည်းအဝေးတွင် ပြောကြားခဲ့သည်။

အဆိုပါအစည်းအဝေးကို တရုတ်နိုင်ငံနှင့် ဗဟို၊အရှေ့ဥရောပနိုင်ငံများ၏ အစိုးရဌာနများ၊သံရုံးများ၊ ကုန်သည်ကြီးများအသင်းနှင့် လုပ်ငန်းများမှ ကိုယ်စားလှယ်(၅၀၀)ကျော် တက်ရောက်ခဲ့ပြီး ကပ်ရောဂါအခြေအနေအောက်တွင် ကုန်သည်ကြီးများနှင့်ဒေသန္တရ ပူးပေါင်းဆောင်ရွက်မှုကို ဗဟိုပြု၍ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ လယ်ယာစိုက်ပျိုးရေး၊ E-commerce၊ ခရီးသွားစသည့် ကဏ္ဍများ၏ လုပ်ငန်းပူးပေါင်းဆောင်ရွက်မှု၊ အသေးစားနှင့်အလတ်စားလုပ်ငန်းများ၏ပူးပေါင်းဆောင်ရွက်မှုစသည့် အကြောင်းအရာများကို ဆွေးနွေးဖလှယ်ခဲ့ကြသည်။

ပြီးခဲ့သည့် တစ်နှစ်ကျော်ကာလက တရုတ်-ဗဟိုနှင့်အရှေ့ဥရောပနိုင်ငံများ ကုန်သည်ကြီးများအသင်း အဖွဲ့ဝင်များသည် အပြန်အလှန် ဆွေးနွေးမေးမြန်းခြင်း၊ ထောက်ပံ့ရေးပစ္စည်းများ အပြန်အလှန်စီးဆင်းမှုရှိခြင်း၊ ကပ်ရောဂါ လက်တွဲတိုက်ဖျက်ခြင်း၊ ကုမ္ပဏီလုပ်ငန်းများ ပြန်လည်လည်ပတ်ရေးကို ပံ့ပိုးခြင်းများ ပြုလုပ်ခဲ့ကြကြောင်း ၊ ကမ္ဘာ့စက်မှုလုပ်ငန်းပံ့ပိုးမှုကွင်းဆက်တည်ငြိမ်အောင်အတူ ထိန်းသိမ်းဆောင်ရွက်ခဲ့ကြပြီး ကမ္ဘာ့စီးပွားရေးပြန်လည်နိုးထရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အပြုသဘော အကျိုးဆောင်ခဲ့ကြကြောင်း ကောင်းယန့်က ပြောကြားခဲ့သည်။

ယခုနှစ် ပထမသုံးလပတ်တွင် ပိုလန်-တရုတ် ကုန်သွယ်ရေးပမာဏ (၄.၃)ရာခိုင်နှုန်းနီးပါး တိုးတက်ပြီး ၎င်းတို့အနက် ပိုလန်မှ တရုတ်သို့ တင်ပို့မှုသည် (၅၃)ရာခိုင်နှုန်းတိုးတက်လာကြောင်း ပိုလန်နိုင်ငံ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၊ အလုပ်သမားနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး Robert Tomanekက ဗွီဒီယိုမှတစ်ဆင့် ပြောကြားခဲ့သည်။

ဟန်ဂေရီနိုင်ငံ ဘဏ္ဍရေးဝန်ကြီးဌာန လက်ထောက်အတွင်းရေးမှူး László Baloghက ကိုဗစ်ကပ်ရောဂါဖြစ်ပွားပြီးနောက် နှစ်နိုင်ငံအကြားတွင် ဆေးဘက်ဆိုင်ရာအထောက်အကူပစ္စည်းများ၊ ကာကွယ်ဆေးထိုးနှံခြင်း စသည့် ကဏ္ဍများတွင် အပြန်အလှန် အားပေးမှုပြုလုပ်ခဲ့ကြသလို ဟန်ဂေရီကလည်း တရုတ် ကာကွယ်ဆေးများကို မှာယူခဲ့ကြောင်း ဆိုသည်။ “ယခုနှစ် ဟန်ဂေရီရဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုက ခွန်အားသစ်ရလာမှာ ဖြစ်တယ်။ ပထမသုံးလပတ်မှာ စီးပွားရေး အနည်းငယ်းတိုးတက်လာပြီးနောက် တစ်နှစ်တာအတွက် (၄.၃)ရာခိုင်နှုန်းတိုးတက်လာမယ်လို့ ခန့်မှန်းရပါတယ်။ ကျွန်တော်တို့က ၂၀၂၂ ခုနှစ်တွင် (၅)ရာခိုင်နှုန်း၊ ၂၀၂၃ ခုနှစ်မှစ၍ (၃)နှစ်တာကာလတွင် (၄)ရာခိုင်နှုန်းခန့်တိုးတက်လာမယ်လို့ ခန့်မှန်းထားတယ်”ဟု ဆိုသည်။

ယခုနှစ် ဖေဖော်ဝါရီလက တရုတ်-ဗဟိုနှင့်အရှေ့ဥရောပနိုင်ငံများ ထိပ်သီးအစည်းအဝေးပွဲ အောင်မြင်စွာ ကျင်းပခဲ့သည်။ ဘက်ပေါင်းစုံ၏ အတူကြိုးပမ်းမှုကြောင့် ထိပ်သီးဆွေးနွေးပွဲ၏ရလဒ်များ အကောင်အထည်ဖော်လာခဲ့ရာ ယခုနှစ်ပထမသုံးလပတ်တွင် ဗဟိုနှင့်အရှေ့ဥရောပနိုင်ငံများမှ တရုတ်နိုင်ငံ၏ သွင်းကုန်ပမာဏသည် အမေရိကန်ဒေါ်လာ (၈.၁၇)ဘီလီယံအထိရှိပြီး ကာလတူထက် (၄၄.၇)ရာခိုင်နှုန်း တိုးတက်ခဲ့သည်။

China-CEEC ကုန်သည်ကြီးများအသင်းသည် တရုတ်-ဗဟိုနှင့်အရှေ့ဥရောပနိုင်ငံများ ပူးပေါင်းဆောင်ရွက်မှု မူဘောင်အောက်ရှိ အရေးအကြီးအစိတ်အပိုင်းတစ်ခုဖြစ်သည်။ China-CEEC ကုန်သည်ကြီးများအသင်း ဆဋ္ဌမအကြိမ်မြောက် အစည်းအဝေးသည် “၂၀၂၁ ခုနှစ် တရုတ်-ဗဟိုနှင့်အရှေ့ဥရောပနိုင်ငံများ ပူးပေါင်းဆောင်ရွက်မှု ပေကျင်းလှုပ်ရှားမှုအစီအစဉ်”၏ အဆက်ဖြစ်ကြောင်း ကောင်းယန့်က ဆိုသည်။

တရုတ်-ဗဟိုနှင့်အရှေ့ဥရောပနိုင်ငံများ ပူးပေါင်းဆောင်ရွက်မှု ယန္တရားက ပိုလန်နှင့်တရုတ်နိုင်ငံ၏ ပူးပေါင်းဆောင်ရွက်သည့် အဓိကလမ်းကြောင်း ဖြစ်ကြောင်း Robert Tomanekက ဆိုသည်။ တရုတ်နိုင်ငံနှင့်အတူ အရည်အသွေးမြင့်အပြန်အလှန်အကျိုးဖြစ်ထွန်းစေမည့်ကုန်သွယ်စီးပွားပူးပေါင်းဆောင်ရွက်မှုများကို တစ်ဆင့်တိုးဆောင်ရွက်ရန်မှာ ပိုလန်အစိုးရ၏ ဦးစားပေးလုပ်ငန်းဖြစ်ကြောင်း ၊ ပိုလန်အနေဖြင့် အရည်သွေးကောင်းမွန်သည့် ကုန်ပစ္စည်းနှင့်ဝန်ဆောင်မှုလုပ်ငန်းများ တရုတ်ဈေးကွက်သို့ ဝင်ရောက်အောင် တွန်းအားပေး ဆောင်ရွက်လိုကြောင်း ၊ E-commerceကို ချဲ့ထွင်ခြင်း၊ လယ်ယာထွက်ကုန်ပစ္စည်းလက်ကားဈေးကွက်ကို အတူတည်ဆောက်ခြင်း စသည့် ကဏ္ဍများတွင် တရုတ်နိုင်ငံနှင့်အတူ ပူပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။ (Xinhua)

———————————–
(Chinese Version)
中国—中东欧国家合作看得见、摸得着、有实效
2021-06-10 10:20:35
“68家中东欧企业与200家中国企业进行约200场对接洽谈,争取形成一批看得见、摸得着、有实效、得实惠的务实合作成果。”中国贸促会会长高燕近日在宁波举办的中国—中东欧国家联合商会第六次会议上说。
会上,来自中国和中东欧国家政府部门、使领馆、商协会、企业代表500余人通过线上和线下方式与会,围绕疫情形势下商协会与地方合作,农业、电子商务、旅游等产业合作,中小企业合作等热点议题展开交流研讨。
高燕介绍,过去一年多,中国—中东欧国家联合商会各成员之间互致问候、互通物资、携手抗疫,助力企业复工复产,共同维护全球产业链供应链稳定,为世界经济复苏和发展做出积极贡献。
波兰经济发展、劳动和技术部副部长罗伯特•托马内克在视频致辞中表示,今年一季度,波中双边贸易增长近43%,其中波兰对华出口增长了53%。
匈牙利财政部副国务秘书拉斯洛•巴罗格说,新冠肺炎疫情发生以后,两国在医疗物资、疫苗接种等方面相互支持,匈牙利积极订购中国疫苗。“今年匈牙利经济发展将再获动力。在第一季度经济略有增长以后,预计全年将增长4.3%,我们预测2022年经济将增长5%,从2023年开始的3年中,预计年增长率约为4%。”
今年2月,中国-中东欧国家领导人峰会成功举办。在有关各方共同努力下,峰会各项成果正在得到落实。今年一季度,中国自中东欧国家进口额达81.7亿美元,同比增长44.7%。
中国—中东欧国家联合商会是中国—中东欧国家合作框架下的重要组成部分。高燕介绍,举办中国—中东欧国家联合商会第六次会议是落实《2021年中国—中东欧国家合作北京活动计划》的一项重要后续行动。
罗伯特•托马内克表示,中国—中东欧国家合作机制是波兰与中国合作的重要渠道。与中国进一步开展高质量互惠经贸合作是波兰政府的优先事项,波兰愿在推动更多优质商品与服务进入中国市场、拓展电子商务合作、共同建设农产品批发市场等方面与中方开展合作。(记者谢希瑶、于佳欣)
图说1 —中国—中东欧国家联合商会第六次会议现场(主办方供图)