Connect with us

Asia

တာလီဘန်နှင့် ယခင်အစိုးရ အရာရှိများ တွေ့ဆုံဆွေးနွေးမှုကို ထောက်ခံသည်ဟု အာဖဂန် သမ္မတ ပြောကြား

ဒူဘိုင်း၊ ဩဂုတ် ၁၉ ရက်(ဆင်ဟွာ)

အာဖဂန်နစ္စတန် သမ္မတ Ghaniက ၎င်းသည် လက်ရှိ ယူအေအီး(အာရပ်စော်ဘွားများပြည်ထောင်စု)တွင် ရှိနေကြောင်း ၊ တာလီဘန်နှင့် ယခင်အာဖဂန်အစိုးရ အရာရှိများ၏တွေ့ဆုံဆွေးနွေးမှုကို ထောက်ခံကြောင်း ဩဂုတ် ၁၈ ရက်တွင် ပြောကြားခဲ့သည်။ယင်းမှာ ဩဂုတ် ၁၅ ရက်က အာဖဂန်မှ Ghani ထွက်ခွာသွားပြီးနောက် ပထမဆုံးအကြိမ် အများပြည်သူရှေ့မှောက် မျက်နှာပြခြင်းဖြစ်သည်။ အာဖဂန်မှ ထွက်ခွာခဲ့ခြင်းသည် မလွှဲရှောင်သာ၍ဖြစ်ပြီး ထိုသို့ လုပ်ဆောင်မှုက သွေးထွက်သံယို ပဋိပက္ခနှင့် ပိုမိုကြီးမားသည့် ကပ်ဒုက္ခများကို ရှောင်လွှဲစေလိုသည့် အတွက်ဖြစ်ကြောင်း Ghaniက လူမှုကွန်ယက်မီဒီယာတွင် ထုတ်ပြန်သည့် ဗွီဒီယိုမှတစ်ဆင့် ပြောကြားခဲ့သည်။

အာဖဂန်မှထွက်ခွာသည့်နေ့တွင် ၎င်းအား ဦးတည်လုပ်ကြံမှုကို လုံခြုံရေးတပ်ဖွဲ့ဝင်များက တားဆီးနိုင်ခဲ့ကြောင်း Ghaniက ဆိုသည်။ အာဖဂန်မှ ထွက်ခွာစဉ် ငွေကြေးအမြောက်အမြားသယ်ဆောင်သွားသည်ဟူသော စွပ်စွဲချက်ကို Ghaniက ငြင်းဆိုခဲ့ပြီး“အခြေအမြစ်မရှိ မုသားစကား”ဖြစ်ကြောင်း ၎င်းက ဆိုသည်။

တာလီဘန်နှင့် အာဖဂန် ယခင်သမ္မတ ဟာမစ်ကာဇိုင်း အပါအဝင် ယခင် အာဖဂန်အစိုးရအရာရှိများ တွေ့ဆုံဆွေးနွေးမှုကို ထောက်ခံကြောင်း ၊ ဆွေးနွေးမှုက အောင်မြင်မှုရရှိလိမ့်မည်ဟု မျှော်လင့်ကြောင်း Ghaniက ပြောကြားခဲ့သည်။ အာဖဂန်သို့ ပြန်၍ အာဖဂန်ပြည်သူအကျိုးကို ဆက်လက်ဆောင်ရွက်ရန် ၎င်းအနေဖြင့် လက်ရှိတွင် သက်ဆိုင်ရာ ဘက်ပေါင်းစုံနှင့် ဆွေးနွေးညှိနှိုင်းလျက်ရှိကြောင်း ဆိုသည်။

ယူအေအီးက လူသားချင်းစာနာထောက်ထားမှုအနေဖြင့် သမ္မတGhaniနှင့် ၎င်း၏မိသားစုဝင်များ နိုင်ငံအတွင်းသို့ လာရောက်ခြင်းကို ကြိုဆိုကြောင်း ယူအေအီး နိုင်ငံခြားရေးဝန်ကြီးဌာနက ဩဂုတ် ၁၈ ရက်တွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။

အာဖဂန်တာလီဘန်တို့သည် ဩဂုတ် ၁၅ ရက်တွင် မြို့တော်ကဘူးလ်သို့ ဝင်ရောက်ထိန်းချုပ်ခဲ့ပြီး စစ်ပွဲပြီးဆုံးကြောင်း ကြေညာခဲ့သည်။ ယင်းနေ့မှာပင် Ghaniက သွေးထွက်သံယို ပဋိပက္ခဖြစ်ပွားမှုကို ရှောင်ရှားဖို့ ၎င်းအာဖဂန်မှထွက်ခွာသွားပြီးဖြစ်ကြောင်း ကြေညာခဲ့သည်။ ရာထူးမှနုတ်ထွက်သွားပြီဖြစ်ကြောင်းနှင့် မည်သည့်နေရာသို့ သွားရောက်မည်ကို ထိုစဉ်က ပြောကြားမှု မရှိခဲ့ကြောင်း သိရသည်။ (Xinhua)

————————————————–
(English Version)

(国际)阿富汗总统:支持塔利班与前政府官员举行谈判

新华社迪拜8月18日电(记者苏小坡)阿富汗总统加尼18日说,他目前身在阿拉伯联合酋长国,支持塔利班与阿前政府官员举行谈判。
这是加尼15日离开阿富汗后首次公开露面。加尼在社交媒体上发表的视频讲话中说,他是被迫离开阿富汗的,希望此举能避免流血冲突和更大的灾难。

加尼说,他离开阿富汗当天,其警卫人员挫败了一起针对他的阴谋。他同时否认有关自己离开阿富汗时携带大量钱财的指控,称这是“毫无根据的谎言”。

加尼表示,他支持塔利班与阿富汗前总统卡尔扎伊等阿前政府官员举行谈判,希望谈判取得成功。目前,他正在与有关各方协商,以返回阿富汗继续为阿富汗人民服务。

阿联酋外交部18日在一份简短声明中说,阿联酋“出于人道主义立场欢迎加尼总统及其家人入境”。
阿富汗塔利班15日进入并控制阿首都喀布尔,宣布“战争结束”。加尼同一天在社交媒体上宣布,为避免流血冲突,他已离开阿富汗。他当时没有明确表示已经辞职,也没有说明去向。(完)
图说1:8月14日,阿富汗首都喀布尔的电视上正在播出阿富汗总统加尼的电视讲话。新华社发(拉赫马图拉•阿里扎达摄)