Connect with us

Africa & Middle East

တီဂရေးလက်နက်ကိုင်တပ်ဖွဲ့များ တိုက်ခိုက်မှုကြောင့် အရပ်သား၁၀၀ကျော် သေဆုံးခဲ့ဟု အီသီယိုးပီးယားအစိုးရပြော

တီဂရေးဒေသ၏မြို့တော်Mekele မြို့မြင်ကွင်းအားတွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

အက်ဒစ်အဘာဘာ၊ နိုဝင်ဘာ ၂ ရက် (ဆင်ဟွာ)

တီဂရေးပြည်သူ့လွတ်မြောက်ရေးတပ်ဦး (TPLF) လက်နက်ကိုင်တပ်ဖွဲ့များက နိုင်ငံမြောက်ပိုင်း Amhara ဒေသရှိ အရပ်သား ၁၀၀ကျော်ကို သတ်ဖြတ်ခဲ့ကြောင်း အီသီယိုးပီးယားအစိုးရက နိုဝင်ဘာ၁ရက်တွင် ပြောဆိုခဲ့သည်။

အောက်တိုဘာ ၃၁ ရက်ညနေပိုင်းတွင် TPLF လက်နက်ကိုင်တပ်ဖွဲ့များသည် Amhara ဒေသရှိ Kombolecha မြို့အတွင်း ထိုးဖောက်ဝင်ရောက်ခဲ့ပြီး လူငယ် ၁၀၀ ကျော်ကို သတ်ဖြတ်သွားခဲ့ကြောင်း အီသီယိုးပီးယားအစိုးရ၏ပြောရေးဆိုခွင့်ရှိသူ Legacy Tulu က ယင်းနေ့တွင် ပြောကြားခဲ့သည်။ Kombolcha မြို့သည် Amhara နှင့် Tigray ဒေသနှစ်ခုအကြား တည်ရှိသည့် နယ်စပ် စက်မှုမြို့လေးဖြစ်သည်။ TPLF အဖွဲ့သည် ယခင်အာဏာရညွန့်ပေါင်းအဖွဲ့ အီသီယိုးပီးယားပြည်သူ့တော်လှန်ရေးဒီမိုကရေစီတပ်ဦး၏ အဓိကနိုင်ငံရေးပါတီတစ်ခု ဖြစ်ပြီး ၎င်းသည် နိုင်ငံတော်အာဏာကို တရားဝင်ထိန်းချုပ်ခဲ့သည်။ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလတွင် အီသီယိုးပီးယားဝန်ကြီးချုပ် အာဘီ သည် အာဏာရပါတီသစ် အီသီယိုးပီးယားလူမှုဖူလုံရေးပါတီကို တရားဝင်တည်ထောင်ခဲ့ပြီး TPLF ကို ဖယ်ထုတ်ခဲ့သည်။ ထိုအချိန်မှစ၍ ပါတီနှစ်ခုကြား ကွဲလွဲမှုများ ပိုမိုပြင်းထန်လာခဲ့ကြောင်း သိရသည်။

တီဂရေးဒေသတွင် တပ်စွဲထားသော အမျိုးသားကာကွယ်ရေးတပ်အခြေစိုက်စခန်းကို တီဂရေးလက်နက်ကိုင်တပ်ဖွဲ့ဝင်များက နိုဝင်ဘာ ၄ ရက်၌ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အီသီယိုးပီးယားအစိုးရသည် TPLFအား စစ်ဆင်ရေးစတင်ရန် ကြေညာခဲ့သည်။

နိုဝင်ဘာလကုန်တွင် တီဂရေးဒေသ၏မြို့တော်ဖြစ်သောMekele မြို့အား ထိန်းချုပ်ထားကြောင်း ကြေညာကာ TPLFကပြောက်ကျားစစ်ဆင်ရေးအဖြစ်သို့ လှည့်ပြောင်းခဲ့သည်။ယခုနှစ် ဇွန်လကုန်တွင် အီသီယိုးပီးယားအစိုးရသည် တီဂရေး ဒေသတွင် တစ်ဖက်သတ်အပစ်အခတ်ရပ်စဲကြောင်း ကြေညာခဲ့ပြီး Mekele မြို့မှ ဆုတ်ခွာခဲ့သည်။ ထို့နောက် TPLF သည် တီဂရေး ဒေသ၏ နယ်မြေအများစုကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့သည်။ ထိုအချိန်မှစ၍ အီသီယိုးပီးယားအစိုးရတပ်များနှင့် TPLFလက်နက်ကိုင်တပ်ဖွဲ့ဝင်များအကြား တိုက်ပွဲများ ပိုမိုပြင်းထန်လာခဲ့ကြောင်း သိရသည်။ (Xinhua)

———————————–
(Chinese Version)
埃塞俄比亚政府说“提人阵”武装杀死100多名平民
新华社亚的斯亚贝巴11月1日电(记者汪平)埃塞俄比亚政府1日说,“提格雷人民解放阵线”(“提人阵”)武装日前在该国北部阿姆哈拉州杀死100多名平民。
埃塞政府发言人莱盖塞•图卢当天表示,“提人阵”武装10月31日晚渗透到阿姆哈拉州孔博勒查镇,杀死100多名青年。 孔博勒查是一座工业重镇,位于阿姆哈拉州与提格雷州交界处。
“提人阵”是原执政联盟埃塞俄比亚人民革命民主阵线的核心政党,曾实际控制国家政权。 2019年12月,埃塞总理阿比正式成立新执政党埃塞俄比亚繁荣党,把“提人阵”排除在外,此后两党矛盾不断加剧。
去年11月4日,“提人阵”武装分子袭击驻守在提格雷州的国防军基地,埃塞政府随即宣布对“提人阵”发起军事行动,并在11月底宣布控制提格雷州首府默克莱市,“提人阵”转向游击战。 今年6月底,埃塞政府宣布在提格雷地区实施单方面停火并撤离默克莱市,“提人阵”随后重新控制提格雷州大片地区。 此后,埃塞政府军与“提人阵”武装之间战斗加剧。 (完)