Connect with us

Science & Technology

တရုတ်နိုင်ငံ ၏ အရေးပါသည့် ရေအားလျှပ်စစ်စီမံကိန်း လျှပ်စစ်ဓာတ်အားစတင်ထုတ်လွှတ် ၊ သမ္မတ က ဂုဏ်ပြုသဝဏ်လွှာပေးပို့ ၊ ဝန်ကြီးချုပ်က ညွှန်ကြားချက်ပြုလုပ်၍ ဒုတိယဝန်ကြီးချုပ် က အခမ်းအနားဖွင့်လှစ်ပေးခဲ့

ပေကျင်း ၊ ဇွန် ၂၈ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ကျင်းဆားမြစ် (Jinsha River) ပိုင်ဟဲ့ထန်း (Baihetan) ရေအားလျှပ်စစ် စီမံကိန်း ၏ ပထမအသုတ် လျှပ်စစ်ဓာတ်အား ထုတ်လုပ်သည့် ယူနစ် က ဇွန်လ ၂၈ ရက်၌ သတ်မှတ်ထားသည့် အချိန်အတိုင်း လျှပ်စစ်ဓာတ်အား စတင်ထုတ်လွှတ်နိုင်ခဲ့သည်။ တရုတ်နိုင်ငံ ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အတွင်းရေးမှူးချုပ် ၊ တရုတ်နိုင်ငံသမ္မတ ၊ ဗဟိုစစ်ကော်မရှင် ဥက္ကဋ္ဌ ရှီကျင့်ဖိန် က ဂုဏ်ပြုသဝဏ်လွှာပေးပို့ခဲ့ပြီး လှိုက်လှဲစွာ ဂုဏ်ပြုကြောင်း ပြောကြားခဲ့သည်။တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က ဂုဏ်ပြုသဝဏ်လွှာထဲတွင် ပိုင်ဟဲ့ထန်း ရေအားလျှပ်စစ် စီမံကိန်း သည် အနောက်ပိုင်းဒေသ မှ လျှပ်စစ်အား အရှေ့ပိုင်းဒေသ သို့ပို့ဆောင်ပေးသည့် နိုင်ငံတော်၏ အရေးပါသော စီမံကိန်းတစ်ခုဖြစ်ကြောင်း ၊ ယင်းစီမံကိန်းသည့် လက်ရှိကမ္ဘာပေါ်တွင် တည်ဆောက်နေသည့် အတိုင်းအတာအကြီးမားဆုံး နှင့် နည်းပညာခက်ခဲမှု အမြင့်မားဆုံးသော လျှပ်စစ်ဓာတ်အားပေး စီမံကိန်း တစ်ခုဖြစ်ကြောင်း ၊ ကမ္ဘာပေါ်၌ ယူနစ် တစ်ခုတည်းတွင် ပမာဏအကြီးမားဆုံးဖြစ်သည့် တစ်နာရီလျှင် ကီလိုဝပ် တစ်သန်းထုတ်လုပ်နိုင်သည့် ရေအားလျှပ်စစ်ထုတ်လုပ်နိုင်သည့် ယူနစ်များဖြင့် တည်ဆောက်ထားပြီး တရုတ်နိုင်ငံ၏ အဆင့်မြင့် ပစ္စည်းကိရိယာများ အသုံးပြု၍ အရေးပါသည့် ထိုးဖောက်မှုကိုလည်း လက်တွေ့အကောင်အထည် ဖော်နိုင်ခဲ့ကြောင်း ၊ တည်ဆောက်မှုတွင် ပါဝင်ကြသူများအားလုံး က ဘက်ပေါင်းစုံတွင် ကောင်းမွန်သည်ထက်ပိုကောင်းမွန်စေရန် ၊ အခက်အခဲမျိုးစုံကိုကျော်ဖြတ်၍ ကြီးမားသည့်အောင်မြင်မှုရရှိစေရန် နှင့် မျှော်ကိုးမှုမရှိဘဲပေးဆပ်သော စိတ်ဓာတ်တို့ဖြင့် စည်းလုံးညီညွတ်စွာ ညှိနှိုင်းဆောင်ရွက်၍ အခက်အခဲများကို ဖြေရှင်းကာ နိုင်ငံတော်၏ အရေးပါသည့် စီမံကိန်းတည်ဆောက်မှုအတွက် ဆောင်ရွက်ခဲ့ကြကြောင်း ၊ ယင်းမှတစ်ဆင့်လည်း ဆိုရှယ်လစ်ဝါဒ သည် လက်တွေ့ဆောင်ရွက်မှုမှ ရရှိခဲ့ကြောင်း နှင့် ခေတ်သစ်တစ်ခုသည် ကြိုးပမ်းအားထုတ်မှုမှ ရရှိခဲ့ခြင်း ကို အပြည့်အဝ ဖော်ပြပေးနိုင်ခဲ့ကြောင်း ရေးသားဖော်ပြထားသည်။

ပိုင်ဟဲ့ထန်း ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံ ရေလှောင်တမံအား ဇွန် ၂၇ ရက်၌ ဒရုန်းဖြင့် ရိုက်ကူးထားသောမြင်ကွင်း(ဆင်ဟွာ)

ထို့ပြင် တရုတ်နိုင်ငံ သမ္မတ က ဂုဏ်ပြုသဝဏ်လွှာထဲတွင် တည်ဆောက်မှုလုပ်ငန်းတွင် ပါဝင်သူအသီးသီး နှင့် သက်ဆိုင်ရာအသီးသီး တို့က ပိုင်ဟဲ့ထန်း ရေအားလျှပ်စစ်စီမံကိန်း၏ နောက်ဆက်တွဲ လုပ်ငန်းများကို ဆက်လက်၍ တွန်းအားပေးဆောင်ရွက်သွားကြရန် မျှော်လင့်ကြောင်း ၊ ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့ ဆက်လက်မထုတ်လွှတ်ရေးအတွက် ဖော်ဆောင်ရန် ၊ ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့ လုံးဝမထုတ်လွှတ်သည့် ရည်မှန်းချက်ကို ဖော်ဆောင်နိုင်ရန် နှင့် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှု အား ဘက်စုံအစိမ်းရောင်ပုံစံ ပြောင်းလဲရေး တွန်းအားပေးနိုင်ရန် အတွက် ပိုမိုကြီးမားသည့် ပေးဆပ်မှုများဆောင်ရွက်သွားစေလိုကြောင်း ထည့်သွင်းဖော်ပြထားသည်။

ပိုင်ဟဲ့ထန်း ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံ တည်ဆောက်မှုတွင် ပါဝင်ခဲ့ကြသူများ ဇွန် ၂၈ ရက်၌ ပြုလုပ်သည့် ပထမအသုတ် ဓာတ်အားပေးယူနစ်များ စတင်ထုတ်လုပ်ခြင်း အခမ်းအနား တက်ရောက်ကြစဉ်(ဆင်ဟွာ)

တရုတ်နိုင်ငံ ဒုတိယ ဝန်ကြီးချုပ် ဟန်ကျိန့် က ဇွန် ၂၈ ရက်၌ ကျင်းပပြုလုပ်သည့် ပထမဆုံးအသုတ် လျှပ်စစ်ဓာတ်အားယူနစ်များ စတင်ထုတ်လုပ်သည့် အခမ်းအနား တက်ရောက်စဉ်(ဆင်ဟွာ)

ပိုင်ဟဲ့ထန်း ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံ အား ဇွန် ၂၈ ရက်၌ အထက်စီးမှ ဒရုန်းဖြင့် ရိုက်ကူးထားသောမြင်ကွင်း (ဆင်ဟွာ)

တရုတ်နိုင်ငံ ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အမြဲတမ်း ကော်မတီဝင် ၊ နိုင်ငံတော်ကောင်စီဝင် ၊ ဝန်ကြီးချုပ် လီခဲ့ချန် က ညွှန်ကြားချက်ပြုလုပ်ခဲ့ရာတွင် တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် ၏ ခေတ်သစ်တရုတ်နိုင်ငံ၏ တမူထူးခြားသော ဆိုရှယ်လစ်ဝါဒ အတွေးအမြင် လမ်းပြမှုကို ခိုင်မြဲစွာ ဆက်လက်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ၊ ပါတီဗဟိုကော်မတီ နှင့် နိုင်ငံတော်ကောင်စီ ၏ မူဝါဒ ဆုံးဖြတ်ချက် နှင့် နေရာချထားမှုတို့ကို လေးနက်စွာ ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ၊ ဖွံ့ဖြိုးတိုးတက်မှု အတွေးအမြင်သစ် ကို ခိုင်မြဲစွာ လက်ကိုင်ထားပြီး အရည်အသွေး နှင့် လုံခြုံမှုကို အမြဲတမ်း ပထမဦးစားပေးနေရာတွင် ထားရှိသွားရမည်ဖြစ်ကြောင်း ၊ ပရော်ဖက်ရှင်နယ်လုပ်ငန်းကျွမ်းကျင်မှုစိတ်ဓာတ် ကို ထွန်းတောက်အောင် ဆောင်ရွက်သွားပြီး သိပ္ပံနည်းပညာတီထွင်ဆန်းသစ်မှုကို တိုးချဲ့ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ၊ အစီအစဉ်များအရ နောက်ဆက်တွဲလုပ်ငန်းများအား တစိုက်မက်မက်တွန်းအားပေးဆောင်ရွက်သွားပြီး လျှပ်စစ်ဓာတ်အားပေးစက်ရုံ လည်ပတ်မှုကို အလေးထားဖွဲ့စည်း၍ စီမံအုပ်ချုပ်မှုများဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ၊ နေထိုင်ရာ ရွှေ့ပြောင်းခဲ့ရသူများအတွက် နောက်ဆက်တွဲ ကူညီဖေးမမှုများကို ကောင်းမွန်စွာဆောင်ရွက်ပေးပြီး ရေလှောင်တမံကြီး၏ ဂေဟစနစ် ထိန်းသိမ်းရေး နှင့် ပြုပြင်ရေးများကို တိုးချဲ့ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ၊ စီးပွားရေး ၊ လူမှုရေး နှင့် ဂေဟစနစ် အားလုံးတပြေးညီ အကျိုးဖြစ်ထွန်းစေရန်အတွက် ကြိုးပမ်းဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ၊ ဒေသတွင်း ညှိနှိုင်းဖွံ့ဖြိုးတိုးတက်မှု ပိုမိုကောင်းမွန်စွာ တွန်းအားပေးနိုင်ရန် ၊ နိုင်ငံတော်၏ စွမ်းအင်လုံခြုံမှုအား ပိုမိုကောင်းမွန်စွာ အာမခံချက်ရှိနိုင်ရန် နှင့် ပြည်သူများအနေဖြင့် လူနေမှုအဆင့်အတန်း ပိုမိုကောင်းမွန်ရေးအတွက် ပိုမိုကောင်းမွန်သည့် ဝန်ဆောင်မှုများပေးနိုင်ရန်အတွက် ပေးဆပ်မှု အသစ်များ ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ပိုင်ဟဲ့ထန်း ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံ အား ဇွန် ၂၈ ရက်၌ ဒရုန်းဖြင့် ရိုက်ကူးထားသော မြင်ကွင်း (ဆင်ဟွာ)

ကျင်းဆားမြစ် ပိုင်ဟဲ့ထန်း ရေအားလျှပ်စစ် စီမံကိန်း၏ ပထမဦးဆုံးသော လျှပ်စစ်ဓာတ်အား ယူနစ်များ စတင်ထုတ်လုပ်သည့် အခမ်းအနားကို ဇွန် ၂၈ ရက်တွင် အွန်လိုင်းချိတ်ဆက်မှုပုံစံဖြင့် ကျင်းပပြုလုပ်ခဲ့ပြီး ပေကျင်းမြို့တွင် အဓိက အခမ်းအနားအဖြစ်ထားရှိကာ ပိုင်ဟဲ့ထန်း ရေအားလျှပ်စစ် စီမံကိန်းတည်ဆောက်မှု လုပ်ငန်းခွင့်၌ ဒုတိယအခမ်းအနားခွဲ နေရာအဖြစ် ထားရှိ၍ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

တရုတ်နိုင်ငံ ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အမြဲတမ်း ကော်မတီဝင် ၊ နိုင်ငံတော်ကောင်စီ ဒုတိယ ဝန်ကြီးချုပ် ဟန်ကျိန့် က ပေကျင်းရှိ အဓိက အခမ်းအနားအား တက်ရောက်ခဲ့ပြီး ပိုင်ဟဲ့ထန်း ရေအားလျှပ်စစ်စီမံကိန်း ၏ ပထမဆုံးအသုတ် လျှပ်စစ်ဓာတ်အား ထုတ်လွှတ်သည့် ယူနစ် တရားဝင်လျှပ်စစ်ဓာတ်အား စတင်ထုတ်လုပ်ကြောင်း ကြေညာပေးခဲ့သည်။ တရုတ်ပြည်သူ့နိုင်ငံရေးဆွေးနွေးညှိနှိုင်းမှု ညီလာခံ(CPPCC) ဒုတိယ ဥက္ကဋ္ဌ ၊ အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေး ပြုပြင်ပြောင်းလဲမှုကော်မရှင် ဝန်ကြီး ဟယ်လိဖုန်း က တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် ၏ ဂုဏ်ပြုသဝဏ်လွှာ နှင့် ဝန်ကြီးချုပ် လီခဲ့ချန် တို့၏ ညွှန်ကြားချက်များကို ဖတ်ကြားပေးခဲ့သည်။

ပိုင်ဟဲ့ထန်း ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံသည် စီချွမ်းပြည်နယ် နင်းနန် ကောင်တီ နှင့် ယူနန် ပြည်နယ် ချောင်ကြား ကော်တီ တို့ထိစပ်ရာ ကျင်းဆား မြစ်ကြောင်းပေါ်တွင် တည်ရှိပြီး တရုတ်နိုင်ငံ မြစ်ကျဉ်းသုံးသွယ် ကော်ပရေးရှင်း (China Three Gorges Corporation) မှ တာဝန်ယူတည်ဆောက်ခဲ့ခြင်းဖြစ်ကာ ယွမ်ငွေ ၂၂၀ ဘီလီယံ ရင်းနှီးမြှုပ်နှံခဲ့ကြောင်း ၊ ရေအားလျှပ်စစ်ဓာတ်အားပေးစီမံကိန်းတစ်ခုလုံး က တစ်နာရီလျှင် လျှပ်စစ် ကီလိုဝပ် ၁၆ သန်း ထုတ်လုပ်နိုင်မည်ဖြစ်ပြီး တရုတ်နိုင်ငံ မှ ကိုယ်ပိုင်တီထွင်ထုတ်လုပ်ထားသည့် ကမ္ဘာပေါ်တွင် ပမာဏ အကြီးဆုံးဖြစ်သော တစ်နာရီလျှင် လျှပ်စစ်ကီလိုဝပ် ၁ သန်း ထုတ်လုပ်နိုင်သည့် ရေအားလျှပ်စစ်ဓာတ်အားပေးယူနစ် ၁၆ ခု တပ်ဆင်ထားကြောင်း ၊ လျှပ်စစ်ဓာတ်အားပေးစက်ရုံ ၏ အဓိက စီမံကိန်းများကို ၂၀၁၇ ခုနှစ် ဇူလိုင်တွင် ဘက်စုံစတင်တည်ဆောက်ခဲ့ပြီး ပထမဦးဆုံးသော ယူနစ် ၂ ခုကို လျှပ်စစ်ဓာတ်အား စတင်ထုတ်လုပ်နေပြီးဖြစ်ကြောင်း ၊ လျှပ်စစ်ဓာတ်အားပေးစက်ရုံ ရှိ ယူနစ်များအားလုံးအနေဖြင့် ၂၀၂၂ ခုနှစ် ဇူလိုင် တွင် လျှပ်စစ်ဓာတ်အားထုတ်လွှတ်သွားမည်ဖြစ်ကြောင်း ၊ လျှပ်စစ်ဓာတ်အားပေးစက်ရုံ တည်ဆောက်မှုအားလုံးပြီးစီးပြီးနောက်တွင် တရုတ်နိုင်ငံ မြစ်ကျဉ်းသုံးသွယ် စီမံကိန်း ပြီးနောက် ကမ္ဘာပေါ်၌ ဒုတိယအကြီးဆုံး ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံ ဖြစ်လာမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

————————————————–
(Chinese Version)

(时政)习近平致信祝贺金沙江白鹤滩水电站首批机组投产发电  李克强作出批示 韩正出席投产发电仪式

新华社北京6月28日电金沙江白鹤滩水电站首批机组于28日安全准点投产发电。中共中央总书记、国家主席、中央军委主席习近平发来贺信,表示热烈的祝贺。

习近平在贺信中指出,白鹤滩水电站是实施“西电东送”的国家重大工程,是当今世界在建规模最大、技术难度最高的水电工程。全球单机容量最大功率百万千瓦水轮发电机组,实现了我国高端装备制造的重大突破。全体建设者和各方面发扬精益求精、勇攀高峰、无私奉献的精神,团结协作、攻坚克难,为国家重大工程建设作出了贡献。这充分说明,社会主义是干出来的,新时代是奋斗出来的。

习近平希望全体建设者和各方面统筹推进白鹤滩水电站后续各项工作,为实现碳达峰、碳中和目标,促进经济社会发展全面绿色转型作出更大贡献。(贺信全文另发)

中共中央政治局常委、国务院总理李克强作出批示指出,要坚持以习近平新时代中国特色社会主义思想为指导,认真贯彻党中央、国务院决策部署,坚持新发展理念,始终把质量安全放在首位,大力弘扬工匠精神,强化科技创新,扎实有序推进后续工程建设,精心组织电站运行管理,做好移民后续帮扶,加强库区生态系统保护和修复,努力实现经济、社会和生态效益有机统一,为更好促进区域协调发展、更好保障国家能源安全、更好服务人民生活改善作出新贡献。

金沙江白鹤滩水电站首批机组投产发电仪式28日以视频连线形式举行,在北京设主会场,在白鹤滩水电站工程建设现场设分会场。
中共中央政治局常委、国务院副总理韩正在北京主会场出席仪式,并宣布白鹤滩水电站首批机组正式投产发电。全国政协副主席、国家发展改革委主任何立峰宣读了习近平的贺信和李克强的批示。

白鹤滩水电站位于四川省宁南县和云南省巧家县交界的金沙江河道上,由中国三峡集团开发建设,总投资2200亿元,总装机1600万千瓦,共安装16台我国自主研制的全球单机容量最大功率百万千瓦水轮发电机组。电站主体工程2017年7月全面开工建设,首批2台机组已投产发电,全部机组将于2022年7月投产发电。电站全部建成投产后,将成为仅次于三峡工程的世界第二大水电站。(完)

Photo
1. 这是6月10日拍摄的白鹤滩水电站(无人机照片)。 新华社记者 胥冰洁 摄
2. 这是白鹤滩水电站大坝(无人机照片,6月27日摄)。新华社记者 江文耀 摄
3. 6月28日,在白鹤滩水电站左岸地下厂房,建设者参加白鹤滩水电站首批机组投产发电仪式。
4. 韩正出席金沙江白鹤滩水电站首批机组投产发电仪式. 新华社记者 丁海涛 摄
5. 俯瞰白鹤滩水电站(无人机照片,6月28日摄)。新华社记者 江文耀 摄
6. 俯瞰白鹤滩水电站(无人机照片,6月28日摄)。新华社记者 江文耀 摄