Connect with us

International Organizations

တွန်ဂါ ပင်လယ်အောက်မီးတောင် ပေါက်ကွဲမှုကြောင့် ဖြစ်ပွါးသည့် ဆူနာမီအတွက် အချိန်မရွေးကူညီပံ့ပိုးမှုများပေးဖို့ ကုလသမဂ္ဂ အသင့်ပြင်လျက်ရှိ

တွန်ဂါနိုင်ငံ အကြီးဆုံးကျွန်းဖြစ်သည့် Tongatapuကျွန်း ကမ်းခြေအား ၂၀၀၇ ခုနှစ် အောက်တိုဘာ ၁၉ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ကုလသမဂ္ဂ၊ ဇန်နဝါရီ ၁၇ ရက်(ဆင်ဟွာ)

တောင်ပစိဖိတ် ကျွန်းနိုင်ငံ တွန်ဂါ၏ ပင်လယ်ရေအောက် မီးတောင် ပြင်းထန်စွာ ပေါက်ကွဲမှုကြောင့် ဆူနာမီ ဖြစ်ပွားမှုအား အထူး ဂရုပြု ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် ဂူတာရက်စ်က ဇန်နဝါရီ ၁၅ ရက်တွင် ပြောရေးဆိုခွင့်ရှိသူကတစ်ဆင့် ကြေညာချက်ထုတ်ပြန်ခဲ့သည်။ ကုလသမဂ္ဂအနေဖြင့် အချိန်မရွေး ကူညီထောက်ပံ့မှုများ ပေးသွားလိုကြောင်း ၎င်းက ဆိုသည်။

ပစိတ်ဖိတ်အခြေစိုက် ကုလသမဂ္ဂရုံးများက ယခုကပ်အနေအထားကို “အနီးကပ်စောင့်ကြည့်စစ်ဆေး”နေကြောင်း၊ အချိန်မရွေး ကပ်ဘေးသင့်ဒေသများအတွက် လိုအပ်သည့်အကူအညီများပေးရန် အသင့်ရှိကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

ဩစတြေးလျ၊ နယူးဇီလန်၊ ဂျပန်နှင့် အမေရိကန်စသည့် ပစိတ်ဖိတ်သမုဒ္ဒရာ တစ်ဝိုက်နိုင်ငံများက ထုတ်ပြန်သည့် ဆူနာမီသတိပေးချက်ကို ဂရုပြုကြောင်း ကုလသမဂ္ဂဝဘက်ဆိုက်က ဇန်နဝါရီ ၁၅ ရက်တွင် ဖော်ပြထားသည်။

တွန်ဂါ ဘူမိဗေဒဌာန၏ သတင်းများအရ တွန်ဂါနိုင်ငံ မြို့တော် နူကူးအလိုဟာ မြောက်ဘက် ၆၅ ကီလိုမီတာ အကွာရှိ Hunga Ha’apaiကျွန်းသည် ဇန်နဝါရီ ၁၄ ရက်မှစတင်ကာ မီးတောင်ပေါက်ကွဲဖြစ်ပွားခဲ့ရာ မီးတောင်ပြာ၊ ဓါတ်ငွေ့နှင့်ရေငွေ့အများအပြား ဧရာမတိမ်လိပ်ပမာ ထွက်လာခဲ့ကြောင်းကြောင်း ဆိုသည်။ ဒေသခံမီဒီယာများ၏ ပြောကြားချက်အရ Hunga Ha’apaiကျွန်း ပင်လယ်အောက် မီးတောင်သည် ဇန်နဝါရီ ၁၅ ရက်တွင် ဒုတိယအကြိမ် ပြင်းပြင်းထန်ထန်ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ မှုတ်ထုတ်လိုက်သည့် တိုင်လုံးကြီးပမာ မီးတောင်ပြာမှုန့်က အချင်း ၅ ကီလိုမီတာ၊ အမြင့် ၂၀ ကီလိုမီတာရှိပြီး မီးတောင်အထက်ကောင်းကင်တစ်ခုလုံးကို ဖုံးလွှမ်းထားကြောင်း ဆိုသည်။ ဇန်နဝါရီ ၁၅ ရက် ညပိုင်းအထိ မီးတောင်ပြာကျမှု အဆက်မပြတ်ရှိနေကြောင်း၊ ယင်းဒေသ ဆက်သွယ်ရေးကွန်ရက် အနှောင့်အယှက်ဖြစ်နေကြောင်း ဆိုသည်။

တွန်ဂါ၏ဆက်သွယ်ရေးကွန်ရက်ထိခိုက်မှု ပြင်းထန်ခြင်းကြောင့် လက်ရှိအချိန်ထိ လူသူသေဆုံးဒဏ်ရာရမှုနှင့် ထိခိုက်ပျက်စီးမှုအတိုင်းအတာ အစီရင်ခံစာကို မရရှိသေးကြောင်း ကုလသမဂ္ဂက ဆိုသည်။ (Xinhua)

…………………………………………
(Chinese Version)
(国际)汤加火山喷发引发海啸 联合国随时准备提供支持
2022-01-16 15:17:39
新华社联合国1月15日电(记者王建刚)联合国秘书长古特雷斯15日通过发言人发表声明,对南太平洋岛国汤加一座海底火山强烈喷发并引发海啸深表关切。他表示,联合国愿意随时提供支持。
声明说,联合国驻太平洋各办事处正在“密切监测”这一灾情,随时待命为灾区提供必要支持。
据联合国网站15日报道,古特雷斯还对澳大利亚、新西兰、日本和美国等环太平洋国家发出的海啸警报表示关注。
据汤加地质局消息,位于汤加首都努库阿洛法以北约65公里处的洪阿哈阿帕伊岛14日开始火山喷发,大量火山灰、气体与水蒸气形成巨大云团。另据当地媒体报道,洪阿哈阿帕伊岛海底火山15日发生第二次剧烈喷发,火山灰柱直径约5千米、高20千米,笼罩在火山上空。截至15日夜间,火山灰还在不停落下,当地通信网络受到干扰。
联合国说,由于汤加通信网络受到严重干扰,目前还没收到关于人员伤亡或损害范围的报告。(完)

这是2007年10月19日拍摄的汤加最大的岛屿汤加塔布岛的海岸。(新华社记者公磊摄)