Connect with us

Politics, Law & Military

“ထိုင်ဝမ်ရေလက်ကြား အရေးကြုံလျှင် အမေရိကန် သေချာပေါက် ကူညီပေးမည်”ဟူသော အတွေးမှာ စိတ်ကူးယဉ်ခြင်းသာ ဖြစ်ကြောင်း တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီ ထိုင်ဝမ်ရေးရာရုံး ပြောကြား

ပေကျင်း၊ ဇန်နဝါရီ ၁၂ ရက်(ဆင်ဟွာ)

ဒီမိုကရက်တစ်တိုးတက်ရေးပါတီ(DPP)အာဏာပိုင်များက နိုင်ငံရေးခြယ်လှယ်ကစားပြီး ထိုင်ဝမ်ကျွန်းတွင် “ထိုင်ဝမ်ရေလက်ကြား အရေးကြုံလျှင် အမေရိကန် သေချာပေါက် ကူညီပေးမည်”ဟူသော စိတ်ကူးယဉ်မှုကို အလေးထား ဖန်တီးပြောကြားနေကြောင်း တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီ ထိုင်ဝမ်ရေးရာရုံး ပြောရေးဆိုခွင့်ရှိသူ ကျူးဖုန့်လျန်က ဇန်နဝါရီ ၁၂ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့သည်။လက်တွေ့တွင် အမေရိကန် အမှန်စင်စစ်အလေးထားသည်မှာ အမေရိကန်၏လိုအပ်ချက်နှင့် အကျိုးစီးပွားကို ဖြည့်ဆည်းရန်ဖြစ်ပြီး ထိုင်ဝမ်၏အကျိုးစီးပွားနှင့်ထိုင်ဝမ်လူထုကို အလေးထားခြင်း မဟုတ်သည်ကို လူထုက ရှင်းလင်းစွာ သိရှိထားပြီးဖြစ်ကြောင်း ၊ “ထိုင်ဝမ်ခွဲထွက်ရေး”ကံကြမ္မာသည် ပြိုလဲမည်မှာ ပြောင်းလဲ၍မရသည့် သမိုင်းရေစီးကြောင်း ဖြစ်ကြောင်း ၎င်းက ဆိုသည်။ ဒီမိုကရက်တစ်တိုးတက်ရေးပါတီ(DPP)အာဏာပိုင်များက ပြည်ပအင်အားစုနှင့်ချိတ်ဆက်ပြီး “လက်နက်အင်အားဖြင့် ခွဲထွက်ရန်”ကြိးပမ်းမှုသည် လုံးဝဥဿုဉ်ဖြစ်မြောက်လာမည် မဟုတ်ကြောင်း ပြောကြားခဲ့သည်။

ထိုင်ဝမ်သည် တရုတ်နိုင်ငံ၏တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်း၊ ထိုင်ဝမ်အရေးသည် တရုတ်နိုင်ငံပြည်တွင်းရေးသက်သက်သာဖြစ်ပြီး မည်သည့် ပြည်ပစွက်ဖက်မှုမျိုးကိုမျှ ခွင့်ပြုမည်မဟုတ်သလို ပြည်ပအင်အားစုများ၏ တာဝန်မဲ့‌မှတ်ချက်ပြုပြောကြားခြင်းကို ခွင့်ပြုမည်မဟုတ်ကြောင်း ၊ မည်သည့်နိုင်ငံကိုမျှ တရုတ်နိုင်ငံ၏အချုပ်အခြာအာဏာနှင့်နယ်မြေပိုင်နက်ပြည့်စုံမှုကို ပျက်ပြားအောင် လုပ်ဆောင်ခွင့်ပေးမည် မဟုတ်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)

…………………………………………
(Chinese Version)

国台办:“台海有事,美国一定帮”是幻象

2022-01-12 11:12:58
1月12日,国台办发言人朱凤莲回答记者提问。新华社记者 陈晔华 摄
国台办发言人朱凤莲12日指出,民进党当局惯于通过政治操弄,在岛内制造、强化“台海有事,美国一定帮”的幻象。事实上,岛内民众很清楚,美国真正在意的只是满足美国需要、服务美国利益,根本不会把台湾利益和台湾民众当回事。“台独”覆灭的宿命,是不可逆转的历史潮流。民进党当局妄图勾连外部势力“以武谋独”,绝不可能得逞。

她还表示,台湾是中国的一部分。台湾问题纯属中国内政,不容任何外来干涉,不容外部势力说三道四,不容任何国家做出任何损害中国主权和领土完整的事。