Connect with us

Africa & Middle East

ဒုတိယအကြိမ်မြောက် အာဖဂန်အိမ်နီးချင်းနိုင်ငံများ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး အီရန်တွင် ကျင်းပ

တီဟီရန်၊ အောက်တိုဘာ ၂၈ ရက်(ဆင်ဟွာ)

ဒုတိယအကြိမ်မြောက် အာဖဂန် အိမ်နီးချင်းနိုင်ငံများ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးကို အောက်တိုဘာ ၂၇ ရက်က အီရန်နိုင်ငံ မြို့တော် တီဟီရန်တွင် ကျင်းပခဲ့သည်။ယင်းအစည်းအဝေးကို အီရန်က ကြီးမှူးကျင်းပခြင်းဖြစ်ရာ အီရန်၊ ပါကစ္စတန်၊ တာဂျစ်ကစ္စတန်၊ ဥဇဘက်ကစ္စတန်၊ တာ့ခ်မင်နစ္စတန် နိုင်ငံ ၅ နိုင်ငံမှ နိုင်ငံခြားရေးဝန်ကြီးများပါဝင်တက်ရောက်ခဲ့ကြပြီး တရုတ်နှင့်ရုရှား နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးများက ဗွီဒီယိုလင့်ခ်ဖြင့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။

အီရန်နိုင်ငံခြားရေးဝန်ကြီး Amirabdollahian (လက်ဝဲ-၂)အား အီရန်နိုင်ငံ တီဟီရန်တွင် အောက်တိုဘာ ၂၇ ရက်က ကျင်းပသည့် ဒုတိယအကြိမ် အာဖဂန်အိမ်နီးချင်းနိုင်ငံများ နိုင်ငံခြားရေးဝန်ကြီးအစည်းအဝေး၌ တွေ့ရစဉ်(ဆင်ဟွာ)

အာဖဂန်အကျပ်အတည်းကို ဖြေရှင်းရေး အဆိုပြုချက် ၆ ရပ်အား အီရန်နိုင်ငံခြားရေးဝန်ကြီး Amirabdollahian က အစည်းအဝေး၌ တင်သွင်းခဲ့ရာ အများလက်ခံပါဝင်သည့်အစိုရ ဖွဲ့စည်းရန်၊ လူသားချင်စာနာထောက်ထားမှုဆိုင်ရာ အကူအညီများအား မျှတစွာဝေငှပေးရန်၊ ထောက်လှမ်းရေးနှင့်လုံခြုံရေးယန္တရားတည်ဆောက်ရန်စသည်တို့ပါဝင်ကြောင်း သိရသည်။ အာဖဂန်အကျပ်အတည်းသည် အင်အားကြီးအာဏာ မလျော်ကန်စွာ စွက်ဖက်မှု၏ရလဒ်ဖြစ်ကြောင်း ၎င်းဆိုသည်။ အမေရိကန်နိုင်ငံသည် လွန်ခဲ့သည် နှစ်ပေါင်း ၂၀ က အကြမ်းဖက်တိုက်ဖျက်ရေးအလံလွှင့်ထူပြီး အာဖဂန်စစ်ပွဲဆင်နွှဲခဲ့ကြောင်း ၊ ယခုနှစ်တွင် တာဝန်မဲ့စွာ စစ်မြေပြင်မှ ထွက်ခွာခဲ့ခြင်းကြောင့် ယနေ့အခြေအနေမျိုးဖြစ်ရခြင်း ဖြစ်ကြောင်း ဆိုသည်။ ယခုအကြိမ်အစည်းအဝေးသည် အာဖဂန်အိမ်နီးချင်းနိုင်ငံများ အတူ ဂရုပြုသည် ကိစ္စရပ်များအား လက်တွေ့ကျစွာ ပူးပေါင်းဆောင်ရွက်သည့် ပလက်ဖောင်းဖြစ်လာမည်ဟု မျှော်လင့်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီးQureshiက နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် အာဖဂန်ပြည်သူများ၏ စီးပွားရေးအခြေအနေကို ဂရုပြုကြရန်နှင့် အာဖဂန်တွင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကြေကွဲဖွယ်အဖြစ်မျိုး မဖြစ်ပွားစေရန် သက်ဆိုင်ရာနိုင်ငံများအနေဖြင့် အာဖဂန်၏ပြည်ပတွင် ပိတ်ဆို့ခံထားရသည့် ငွေကြေးများကို ပယ်ဖျက်ဖို့ တိုက်တွန်းကြောင်း ပြောကြားခဲ့သည်။

ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergey Lavrovက အာဖဂန်တွင် အားလုံးပါဝင်လက်ခံနိုင်သည့်အစိုးရဖွဲ့စည်းမှုကို ထောက်ခံကြောင်း ပြောကြားခဲ့သည်။ အာဖဂန်၏လက်ရှိအခြေအနေသည် ယင်းနိုင်ငံတွင် အမေရိကန် စစ်ရေးအရ ကာလကြာရှည်ရှိနေခြင်း၏ရလဒ်ဖြစ်ကြောင်း ၊ အာဖဂန်အား လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများပေးရန် ရုရှားက ပြင်ဆင်ထားပြီးကြောင်း ၎င်းက ပြောကြားခဲ့သည်။

အစည်းအဝေးတွင် အတည်ပြုသည့် ပူးတွဲကြေညာချက်အရ ယင်းအစည်းအဝေးတွင်ပါဝင်သူဘက်ပေါင်းစုံက အာဖဂန်၏အချုပ်အခြာအာဏာ၊ နိုင်ငံရေးလွတ်လပ်မှု၊ နယ်မြေပိုင်နက် ပြီးပြည်စုံမှုနှင့် ပြည်တွင်းရေးစွက်ဖက်မှု မရှိစေရန် ထောက်ခံကြောင်း အလေးထားဖော်ပြခဲ့သည်။ အာဖဂန်အိမ်နီးချင်းနိုင်ငံများအနေဖြင့် အာဖဂန် ငြိမ်းချမ်းရေး၊တည်ငြိမ်ရေးနှင့် အမျိုးသား ရင်ကြားစေ့ရေးကို ထောက်ခံအားပေးကြောင်း၊ တာလီဘန်အပါအဝင် အာဖဂန်ဘက်ပေါင်းစုံက ကျန်ရစ်နေသည့်ပြဿနာများနှင့် နိုင်ငံအနာဂတ်ဖွံ့ဖြိုးရေးအတွက် နိုင်ငံရေးတွေ့ဆုံဆွေးနွေးညှိနှိုင်းမှုများဆက်လက်လုပ်ဆောင်ကြရန် အားပေးကြောင်း၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အရေးပေါ်အကူအညီများကို နိုင်ငံတကာအသိုက်အဝန်းက အာဖဂန်အား ဆက်လက် ပံ့ပိုးပေးကြရန်၊ ကပ်ရောဂါပြန့်ပွားမှုကို တားဆီးရေးစသည့် အသေးစိတ်အကူအညီများပံ့ပိုးပေးကြရန် တိုက်တွန်းကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

ပါကစ္စတန်အစိုးရ၏အဆိုပြုချက်အရ ပထမအကြိမ် အာဖဂန်အိမ်နီးချင်းနိုင်ငံများ နိုင်ငံခြားရေးဝန်ကြီးအစည်းအဝေးကို စက်တင်ဘာ ၈ ရက်က ဗွီဒီယိုကွန်ဖရင့်ဖြင့် ကျင်းပခဲ့ရာ ပါကစ္စတန်၊ တရုတ်၊ အီရန်၊ တာဂျစ်ကစ္စတန်၊ ဥဇဘက်ကစ္စတန်၊ တာ့ခ်မင်နစ္စတန်စသည့် နိုင်ငံများ၏ နိုင်ငံခြားရေးဝန်ကြီး(သို့)ဒုတိယနိုင်ငံခြားရေးဝန်ကြီးများ ပါဝင်တက်ရောက်ခဲ့ကြသည်။ (Xinhua)

————————————————
(Chinese Version)

(国际)第二次阿富汗邻国外长会在伊朗举行

新华社德黑兰10月27日电(记者高文成 王守宝)第二次阿富汗邻国外长会27日在伊朗首都德黑兰举行。
本次会议由伊朗主持,伊朗、巴基斯坦、塔吉克斯坦、乌兹别克斯坦、土库曼斯坦五国外长在现场参加会议,中国和俄罗斯两国外长以视频方式出席。
据伊朗媒体报道,伊朗外长阿米尔-阿卜杜拉希扬在会上提出解决阿富汗危机的六点倡议,包括建立包容性政府、公平分配人道主义援助、建立情报和安全机制等。他说,阿富汗危机是强权不当干预的结果。美国20年前打着反恐旗号发动阿富汗战争,今年又“不负责任地逃离战场”,造成如今局面。希望本次会议能成为阿富汗邻国就共同关切开展务实合作的平台。
巴基斯坦外长库雷希在发言中呼吁国际社会关注阿富汗人民的经济状况,呼吁有关国家解除对阿海外资产的冻结,防止阿富汗发生人道主义悲剧。
俄罗斯外长拉夫罗夫说,俄罗斯支持在阿富汗建立一个包容性政府。阿富汗目前局势是美国长期在该国军事存在的结果。俄罗斯已准备好向阿提供人道主义援助。
根据会议通过的联合声明,与会各方强调支持阿富汗主权、政治独立、领土完整以及内政不受干涉;表示阿富汗邻国将大力支持阿实现和平、稳定与民族和解,鼓励包括塔利班在内的阿各方继续为解决遗留问题和国家未来发展进行政治对话和磋商;呼吁国际社会向阿提供紧急人道主义援助以防止出现人道主义危机,采取具体措施向阿提供抗击新冠疫情援助,以遏制疫情蔓延等。
应巴基斯坦政府倡议,首次阿富汗邻国外长会9月8日以视频方式举行,巴基斯坦、中国、伊朗、塔吉克斯坦、乌兹别克斯坦、土库曼斯坦等国的外长或副外长出席会议。(完)

图说1:10月27日,在伊朗德黑兰举行的第二次阿富汗邻国外长会上,联合国秘书长古特雷斯视频致辞。 新华社发(艾哈迈德•马利克摄)
图说2:10月27日,伊朗外长阿米尔-阿卜杜拉希扬(左二)在德黑兰举行的第二次阿富汗邻国外长会上发言。新华社发(艾哈迈德•马利克摄)