Connect with us

Europe

နေတိုး၏ အရှေ့ဘက်သို့ ဆက်လက်ချဲ့ထွင်မှုကို လုံးဝ လက်ခံမည် မဟုတ်ဟု ရုရှားသမ္မတ ပူတင် ပြောကြား

မော်စကို၊ ဒီဇင်ဘာ ၂၄ ရက် (ဆင်ဟွာ)

ရုရှားနိုင်ငံ သမ္မတ ပူတင်သည် ဒီဇင်ဘာ ၂၃ ရက်က မော်စကိုမြို့၌ နှစ်စဉ် သတင်းစာရှင်းလင်းပွဲ ကျင်းပခဲ့သည်။ ၄ နာရီနီးပါးကြာ ယင်းသတင်းစာရှင်းလင်းပွဲတွင် မေးခွန်းပေါင်း ၅၅ ခုကို ပြန်လည်ဖြေကြားခဲ့ရာတွင် နေတိုးအဖွဲ့၏ အရှေ့ဘက်သို့ ဆက်လက်ချဲ့ထွင်မှုကို လုံးဝ လက်ခံမည်မဟုတ်ဟု ရုရှား သမ္မတ ပူတင်က အလေးနက်ပြောကြားခဲ့သည်။

နေတိုးအဖွဲ့က အရှေ့ဘက်သို့ ဆက်လက်ချဲ့ထွင်မှုသည် လုံးဝဥဿုံလက်ခံ၍မရဟု ရုရှားအနေဖြင့် ကြိမ်ဖန်များစွာ အတိအလင်း ထုတ်ဖော်ပြောကြားပြီးဖြစ်ကြောင်း ပူတင်က ဆိုသည်။ ၁၉၉၀ ပြည့်လွန်နှစ်များတွင် နေတိုးက အရှေ့ဘက်သို့ ချဲ့ထွင်မည်မဟုတ်ဟု ကတိကဝတ်ပြုခဲ့သော်လည် ယခုအခါ ရိုမေးနီးယား၊ ပိုလန် စသည့်နိုင်ငံများတွင် လက်နက်စနစ် ခင်းကျင်းထားပြီး အမေရိကန်က ရုရှားအိမ်ရှေ့၌ ဒုံးကျည်တပ်ဆင်ထားခြင်းသည် ရုရှားကို ပြောင်ပြောင်တင်းတင်း လှည့်ဖြားခြင်းပင် ဖြစ်ကြောင်း ၎င်းက ဆိုသည်။

လက်ရှိအချိန်အထိ မြင်တွေ့ရသည်က ရုရှားအဆိုပြုသည့်လုံခြုံရေးစာချုပ်မူကြမ်းကို အမေရိကန်အနေဖြင့် အပြုသဘောတုန့်ပြန်မှုရှိကြောင်း ပူတင်က ဆိုသည်။ လာမည့် နှစ်ဆန်းပိုင်း ဂျီနီဗာတွင် ယင်းအကြောင်းအရာကို နှစ်ဖက်အကြား ဆွေးနွေးဖို့ ရှိကြောင်း ၊ ထို့အပြင် ရုရှားအနေဖြင့် ဥရောပလုံခြုံရေးနှင့်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OSCE) မူဘောင်အောက်တွင် အနောက်နိုင်ငံများနှင့် လုံခြုံရေးစနစ်ဆိုင်ရာကိစ္စရပ်များအား ဆွေးနွေးသွားလိုကြောင်း ပြောကြားခဲ့သည်။

ယူကရိန်းအရေးအပေါ် အချို့သူများက စစ်ပွဲအနေအထားမျိုးဖြစ်ပေါ်စေရန် အဆက်မပြတ်အရောင်ဆိုးနေပြီး ယူကရိန်းက Donbas ဒေသကို စစ်ရေးလှုပ်ရှားမှုလုပ်ရန် အသင့်ပြင်နေနိုင်ရာ ယင်းကိစ္စတွင် ရုရှား မပါဝင်ရန်နှင့် သို့မဟုတ်ပါက ပိတ်ဆို့မှုအသစ်များကြုံတွေ့ရမည်ဟု အနောက်နိုင်ငံများက ကြိုတင်တိုက်တွန်းနေသယောင် ဖြစ်နေကြောင်း၊ ထိုသို့သောအခြေအနေမျိုးတွင် ရုရှားက မိမိလုံခြုံရေးအား မည်သို့ဆောင်ရွက်ရမည်နည်းဆိုသည်ကို မဖြစ်မနေစဉ်းစားရမည် ဖြစ်ကြောင်း ပူတင်က ဆိုသည်။

ကိုဗစ်ကပ်ရောဂါ စိန်ခေါ်မှုများ ရှိနေပြီး ၂၀၂၀ ပြည့်နှစ် ရုရှားစီးပွားရေး ဆုတ်ယုတ်မှုများ ရှိခဲ့သော်လည်း ယခုနှစ်တွင် စတင်ကာ ပြန်လည်နိုးထလာပြီဖြစ်ကြောင်း ပူတင်က ပြောကြားခဲ့သည်။ ရုရှား စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန၏ ကြိုတင်ခန့်မှန်းချက်များအရ ယခုနှစ် တစ်နှစ်ပတ်လုံး၏ စီးပွားရေးတိုးတက်မှုနှုန်းသည် ၄.၃ ရာခိုင်နှုန်းရှိမည်ဖြစ်သည်ဟု ဆိုသည်။

ရုရှား-တရုတ် ဆက်ဆံရေးနှင့်စပ်လျဉ်း၍ ပူတင်က ရုရှား-တရုတ် ဆက်ဆံရေးသည် နိုင်ငံတကာဇတ်ခုံ တည်ငြိမ်မှု၏ အရေးပါသည့်အကြောင်းအရင်း ဖြစ်ပြီး အပြည့်အဝ ဘက်စုံမဟာဗျူဟာမြောက်မိတ်ဖက် ဆက်ဆံရေးဖြစ်ကြောင်း၊ တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် ဗွီဒီယိုကွန်ဖရင့်ဖြင့် တွေ့ဆုံဆွေးနွေးစဉ် ပြောကြားခဲ့သလိုပင် ရုရှား-တရုတ် ဆက်ဆံရေးသည် “၂၁ ရာစု နိုင်ငံများအကြား ညှိနှိုင်းပူးပေါင်းဆောင်ရွက်မှု၏ စံပြ”ဖြစ်ကြောင်း၊ ၎င်းနှင့် သမ္မတ ရှီအကြား အပြန်အလှန်ယုံကြည်မှုရှိသည့် ပုဂ္ဂိုလ်ရေးဆက်ဆံမှုကို တည်ဆောက်ထားသလို နိုင်ငံတကာဆက်ဆံရေးတွင် အပြန်အလှန် အားပေးမှုများ ရှိကြောင်း ပြောကြားခဲ့သည်။

တရုတ်နိုင်ငံသည် ရုရှား၏ ပထမအကြီးဆုံး ကုန်သွယ်ဖက်ဖြစ်ပြီး နှစ်နိုင်ငံ ကုန်သွယ်ရေးသည် အမေရိကန်ဒေါ်လာ ဘီလီယံ ၁၀၀ ကျော်ရှိရာ ကပ်ရောဂါမတိုင်မီကာလထက် ကျော်လွန်ခဲ့ကြောင်း ပူတင်က ပြောကြားခဲ့သည်။

လက်ရှိ ရုရှားနှင့်တရုတ်နိုင်ငံအကြား လုံခြုံရေးကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်မှုများရှိပြီး ပူးတွဲစစ်ရေးလေ့ကျင့်မှု၊ ရေပြင်၊ ဝေဟင်ပူးတွဲကင်းလှည့်မှုစသည်တို့ကို ဆောင်ရွက်နေကြောင်း ၎င်းကဆိုသည်။ နှစ်နိုင်ငံအကြား စွမ်းအင်၊ နျူကလီးယားစွမ်းအင်၊ အာကာသကဏ္ဍ၊ အဆင့်မြင့် သိပ္ပံနည်းပညာ၊ လူမှုယဉ်ကျေးမှု၊ လူငယ်လူရွယ်၊ ပညာရေး၊ ယဉ်ကျေးမှု စသည့် များစွာသော ကဏ္ဍများတွင် ဖလှယ်ပူးပေါင်းဆောင်ရွက်မှုသည် ရုရှား-တရုတ် နှစ်နိုင်ငံဆက်ဆံရေး၌ ပေါ်လွင်သည့် အသေးစိတ်ပုံရိပ်များ ဖြစ်ကြောင်း ဆိုသည်။

ထို့အပြင် ရုရှားသမ္မတပူတင်က ဥရောပတိုက် စွမ်းအင်အကျပ်အတည်းစသည့် ထင်ရှားသောအကြောင်းအရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ မေးခွန်းများကို ပြန်လည်ဖြေကြားခဲ့ကြောင်း သိရသည်။ (Xinhua)

————————————–
(Chinese Version)
(国际)普京:绝不接受北约继续东扩
2021-12-24 00:26:06
新华社莫斯科12月23日电(记者耿鹏宇 李奥)俄罗斯总统普京23日在莫斯科举行年度大型记者招待会,在近4个小时时间里回答了55个问题,强调绝不接受北约继续东扩。

普京说,俄方已多次明确表示,北约继续向东扩张是绝不可接受的。上世纪90年代,北约曾承诺不会东扩,但现在罗马尼亚、波兰均部署武器系统,美国在俄罗斯家门口部署了导弹,这是对俄罗斯的公然欺骗。

普京强调,到目前为止看到了美方对俄方提出的关于安全保障的条约草案作出的积极反应。双方或将于明年年初在日内瓦对这一问题进行讨论。此外,俄罗斯有意在欧洲安全与合作组织框架下与西方国家讨论安全保障体系相关议题。

谈及乌克兰问题时,普京指出,总有人不停地渲染战争氛围,给人一种感觉,乌克兰可能准备对顿巴斯地区发起军事行动,西方国家提前敦促俄罗斯不要参与其中,否则将面临新的制裁。在这种情况下,俄罗斯必须考虑如何保证自身安全。

普京表示,尽管新冠疫情带来挑战,但俄经济2020年经历衰退后,今年开始复苏。根据俄经济发展部预计,今年全年经济增速将达到4.3%。
谈到俄中关系时,普京表示,俄中关系是国际舞台上的重要稳定因素,是“绝对的”全面战略协作伙伴关系。正如他在与中国国家主席习近平视频会晤时表述的那样,俄中关系是“21世纪国家间协作的典范”。他与习近平主席建立了相互信任的个人关系,并在国际事务中相互支持。
普京说,中国是俄罗斯第一大贸易伙伴,两国贸易额已突破1000亿美元,超过疫情前水平。

他还表示,目前俄罗斯与中国在安全领域开展合作,并进行联合演习、海上和空中联合巡逻等。俄中在能源、核能、太空、高科技、人文、青年、教育、文化等诸多领域的交流合作均是两国关系的具体体现。
此外,普京还回答了关于欧洲能源危机等热点问题。(完)
图说1:12月21日,在俄罗斯莫斯科,俄罗斯总统普京和俄罗斯国防部长绍