Connect with us

North America

ပင်လယ်နက်တွင် အမေရိကန် စစ်သင်္ဘော လှုပ်ရှားမှုကို အနီးကပ်စောင့်ကြည့်နေသည်ဟု ရုရှား ကာကွယ်ရေးဝန်ကြီး ပြောကြား

ဘဲရန့်ပင်လယ်ပြင်တွင် မောင်းနှင်နေသည့် ရုရှားလေယာဉ်တင် သင်္ဘော Kuznetsovအား ၂၀၀၄ ခုနှစ်က တွေ့ရစဉ် (ဆင်ဟွာ)

မော်စကို၊ နိုဝင်ဘာ ၈ ရက်(ဆင်ဟွာ)

ပင်လယ်နက်တွင် အမေရိကန် စစ်တပ်၏ လှုပ်ရှားမှုတိုင်းကို ရုရှားစစ်တပ်က အနီးကပ်စောင့်ကြည့်နေကြောင်း၊ ရန်လိုရန်စသည့် မည်သည့်လှုပ်ရှားမှုမျိုးကိုမှ ဖြစ်ခွင့်ပေးမည်မဟုတ်ကြောင်း ရုရှား ကာကွယ်ရေးဝန်ကြီးLarisa Shoygu က နိုဝင်ဘာ ၇ ရက်တွင် ပြောကြားခဲ့သည်။

ဒေသတွင်းမဟုတ်သည့် နိုင်ငံကြီးတစ်နိုင်ငံမှ စစ်သင်္ဘောတစ်စီးသည် ပင်လယ်နက်ဆီသို့ ဦးတည်ရွေ့လျားလာကြောင်း၊ သင်္ဘောပေါ်တွင် ပစ်မှတ်အတိအကျပစ်ခတ်နိုင်စွမ်းမြင့်မားသည့် တာဝေးပစ်လက်နက်များ တပ်ဆင်ထားကြောင်း၊ ၎င်းမှာ လာရောက်လည်ပတ်လေ့လာခြင်း မဟုတ်သည်မှာ သေချာရာ ရုရှားအနေဖြင့် လုပ်ဆောင်သင့်သည့် အနီးကပ်စောင့်ကြည့်မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း Larisa Shoygu က ယင်းနေ့ ရုရှားရုပ်သံ၏ အစီအစဉ်တစ်ခုမှတစ်ဆင့်ပြောကြားခဲ့သည်။

ခရုဇ်ဒုံးကျည်တပ်ဆင်ထားသည် အမေရိကန်ဖျက်သင်္ဘော”Porter” သည် အောက်တိုဘာ ၃၀ ရက်က ပင်လယ်နက်သို့ မောင်းနှင်ဝင်ရောက်ခဲ့ကြောင်း ထိုမတိုင်မီ ရုရှားမီဒီယားများက ဖော်ပြခဲ့သည်။

မည်သည့် ရန်လိုရန်စသည့် လှုပ်ရှားမှုမျိုးမဆို အချိန်မရွေးဖြစ်နိုင်ခြေရှိသည်ကို ကျွန်တော်တို့က ရှင်းရှင်းလင်းသိကြောင်း Larisa Shoygu က ဆိုသည်။ အမေရိကန်က ရုရှား၏ ပင်လယ်နက်ကမ်းရိုးတန်းနှင့် တောင်ပိုင်းဒေသတစ်ခုလုံး၏ ကာကွယ်ရေးစနစ်ကို စမ်းသပ်ရန် ကြိုးစားနေကြောင်း ၎င်းက ဆိုသည်။

“USS Mount Whitney” ကွပ်ကဲရေးသင်္ဘောအပါအဝင် အမေရိကန် ရေတပ်၏ အမှတ် ၆ ရေယာဉ်အုပ်စုသည် ပင်လယ်နက်ရေပြင်သို့ ရွေ့လျားနေပြီး နေတိုးမဟာမိတ်အဖွဲများ၏ ယင်းဒေသတွင် ပြုလုပ်မည့် စစ်ရေးလေ့ကျင့်မှု၌ ပါဝင်ရန် ပြင်ဆင်နေကြောင်း အမေရိကန် ရေတပ်က နိုဝင်ဘာ ၁ ရက် တွစ်တာ လူမှုကွန်ရက်မီဒီယာတွင် ဖော်ပြခဲ့သည်။ (Xinhua)

—————————————
(Chinese Version)
(国际)俄防长:俄方密切监视美军舰在黑海举动
2021-11-07 23:08:26
新华社莫斯科11月7日电(记者耿鹏宇)俄罗斯国防部长绍伊古7日说,俄军方正在密切监视美国军舰在黑海的一举一动,绝不允许任何挑衅行为发生。
绍伊古当天在俄电视台的一档节目中说,当一艘非区域性大国的军舰驶入黑海,舰上还配有远程高精度武器,它一定不是为了观光旅行,俄方自然会对其进行密切监视。
俄罗斯媒体此前报道称,装备巡航导弹的美国驱逐舰“波特”号10月30日驶入黑海。
绍伊古说,我们很清楚,任何挑衅行为随时可能发生。美方试图检验俄方在黑海沿岸乃至整个南部地区的防御系统。
美国海军11月1日在社交媒体推特上发布消息称,包括“惠特尼山”号指挥舰在内的美国海军第六舰队船只正向黑海海域移动,准备参加与北约盟友在该地区的军事演习。(完)
图说1:这张2004年的资料照片显示的是,俄“库兹涅佐夫”号航母在巴伦支海航行。 新华社/美联