Connect with us

Politics, Law & Military

“ပြည်သူကိုဦးထိပ်ထားခြင်းကိုခိုင်မာစွာ လက်ကိုင်ပြုခြင်း” က တရုတ်ကွန်မြူနစ်ပါတီ၏ အောင်မြင်မှု သော့ချက်ဖြစ်

ပေကျင်း၊ နိုဝင်ဘာ ၂၁ ရက် (ဆင်ဟွာ)

“ရုရှားနိုင်ငံအပါအဝင် ကမ္ဘာတစ်ဝန်းမှ မိတ်ဆွေတွေဟာ တရုတ်နိုင်ငံနဲ့ ချစ်ကြည်ရင်းနှီးတဲ့ ဆက်ဆံရေးကို ပိုမိုတိုးတက်စေချင်သရွေ့ ၁၉ ကြိမ်မြောက် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ ရဲ့ ဆဋ္ဌမအကြိမ်မြောက် မျက်နှာစုံညီအစည်းအဝေးရဲ့ သဘောထားကို နားလည်သင့်သလို တရုတ်ကွန်မြူနစ်ပါတီရဲ့ ရည်မှန်းချက်နဲ့ ကြိုးပမ်းမှုတွေကို နားမလည်ဘဲ တရုတ်နိုင်ငံကို နားလည်ရန် မဖြစ်နိုင်ပေ” ဟု ယူဆကြောင်း တရုတ်နိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီး Denisov က နိုဝင်ဘာ ၁၉ ရက် အစည်းအဝေးသို့ တက်ရောက်စဉ် ပြောကြားခဲ့သည်။တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၏ နိုင်ငံတကာရေးရာဌာန သည် အွန်လိုင်းနှင့် အော့ဖ်လိုင်းပေါင်းစပ်ခြင်းဖြင့် ၁၉ ကြိမ်မြောက် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၏ ဆဋ္ဌမအကြိမ်မြောက် မျက်နှာစုံညီအစည်းအဝေးကို နိုဝင်ဘာ ၁၉ ရက်နေ့က ကျင်းပခဲ့သည်။ ယင်းအစည်းအဝေးသို့ ကမ္ဘာတစ်ဝန်းရှိ နိုင်ငံရေးပါတီများနှင့် အဖွဲ့အစည်းပေါင်း ၁၆၀ ကျော်မှ ကိုယ်စားလှယ် ၅၀၀ ကျော်နှင့် ပေကျင်းမြို့၌ တရုတ်နိုင်ငံဆိုင်ရာ သံတမန် ၁၀၀ နီးပါး တက်ရောက်ခဲ့သည်။ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၏ နိုင်ငံတကာရေးရာဌာန အကြီးအကဲ Song Tao နှင့် သက်ဆိုင်ရာ ပညာရှင်များသည် အဆိုပါစုံညီအစည်းအဝေး၏ ကြီးကျယ်သော အရေးပါမှု၊ အဓိပ္ပာယ်ပြည့်ဝမှုနှင့် ကမ္ဘာ့သက်ရောက်မှုတို့ကို ကျယ်ကျယ်ပြန့်ပြန့် မိတ်ဆက်ခဲ့သည်။ “ပြည်သူကိုဦးထိပ်ထားခြင်းကို ခိုင်မာစွာ လက်ကိုင်ပြုခြင်း” သည် တရုတ်ကွန်မြူနစ်ပါတီ၏ သမိုင်းဝင် အောင်မြင်မှုများအတွက် အရေးကြီးသော အကြောင်းရင်းဖြစ်ပြီး ၎င်းသည် နိုင်ငံပေါင်းစုံပါတီများအတွက် အရေးအကြီးဆုံး အတွေ့အကြုံများထဲမှ တစ်ခုဖြစ်ကြောင်း၊ နိုင်ငံအသီးသီးမှ လေ့လာသင်ယူနိုင်ကြောင်း နိုင်ငံစုံ နိုင်ငံရေးပါတီများမှ ခေါင်းဆောင်များနှင့် တရုတ်နိုင်ငံဆိုင်ရာ သံအမတ်ကြီးများက မိတ်ဆက်ပွဲ၌ ပြောကြားခဲ့သည်။

တရုတ်ကွန်မြူနစ်ပါတီသည် ပြည်သူကိုဦးထိပ်ထားခြင်းကိုခိုင်မာစွာ လက်ကိုင်ပြုခြင်းသည် အလွန်လေးစားဖွယ်ကောင်းကြောင်း ၊ “ပြည်သူကိုအမြဲဦးထိပ်ထားတဲ့ အတွေးအမြင်တွေကြောင့် တရုတ်ကွန်မြူနစ်ပါတီဟာ ဆင်းရဲနွမ်းပါးမှု ပပျောက်ရေးနဲ့ ဘက်စုံအတော်အသင့် ပြည့်စုံကြွယ်ဝသော လူမှုအသိုက်အဝန်းတည်ဆောက်နိုင်တဲ့ တုနှိုင်းမရတဲ့ အောင်မြင်မှုတွေ ရနိုင်တာဖြစ်တယ်” ဟု ယူဆကြောင်း Denisov က ပြောကြားခဲ့သည်။

ဒီမိုကရေစီစနစ်သည် နိုင်ငံတစ်နိုင်ငံအပေါ် တင်းတင်းကျပ်ကျပ် ကျင့်သုံး(သို့)ချမှတ်ခြင်းမျိုး မဖြစ်သင့်ဘဲ ပြည်သူများ၏ ဆန္ဒကို နားထောင်သည့် တိုင်းပြည် ဖြစ်သင့်သည်ဟု ၎င်းက ဆိုသည်။ တရုတ်နိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုသည် ကြီးမားသော အောင်မြင်မှုနှင့် တရုတ်ပြည်သူများ၏ ပျော်ရွှင်မှုဘဝများကို စဉ်ဆက်မပြတ် မြှင့်တင်ပေးမှုနေသည့် တရုတ်ကွန်မြူနစ်၏ လမ်းစဉ်သည် ၎င်း၏ နိုင်ငံ့အခြေအနေများအတွက် အသင့်လျော်ဆုံးဖြစ်ကြောင်း ပြသနေသည်။ “တချို့အနောက်နိုင်ငံတွေက ဒီမိုဂရေစီမီးပြတိုက် အဖြစ်၊ တခြားသူတွေကို အကဲဖြတ်ပြီး ကမ္ဘာကြီးကို ကွဲပြားအောင် လုပ်ဖို့ ကြိုးစားနေတာက အလွန်ဆိုးရွားတဲ့ လုပ်ရပ်ဖြစ်ပြီး ဘယ်တော့မှ အောင်မြင်မှာ မဟုတ်ပါဘူး” ဟု ၎င်းက ထပ်မံပြောကြားခဲ့သည်။

“CPC ဗဟိုကော်မတီ၏ နှစ်တစ်ရာကြိုးပမ်းမှု၊ အဓိကကျသော အောင်မြင်မှုများနှင့် သမိုင်းဝင် အတွေ့အကြုံများဆိုင်ရာ ဆုံးဖြတ်ချက်” သည် တရုတ်ကွန်မြူနစ်ပါတီ၏ အမှန်တရားကို လက်တွေ့တွင် အမြဲ ကြိုးစားရှာဖွေနေခြင်းဖြစ်ကြောင်း၊ ပြည်သူများ၏ ရပ်တည်မှုနှင့် တာဝန်ကို ထမ်းဆောင်နေခြင်းကို ပြသနေပါကြောင်း တရုတ်နိုင်ငံဆိုင်ရာ လာအို သံအမတ်ကြီး ကန်ပေါင် (Kam Bao) က ပြောကြားခဲ့သည်။

“တရုတ်ကွန်မြူနစ်ပါတီ တည်ထောင်ချိန်ကစပြီး နှစ်ပေါင်း ၁၀၀ ကျော်အတွင်းမှာ အထူးသဖြင့် ၁၈ ကြိမ်မြောက် တရုတ်ကွန်မြူနစ်ပါတီ အမျိုးသားကွန်ဂရက်မှ စတင်ပြီး တရုတ်နိုင်ငံဟာ အလွန်ကြီးမြတ်သော ပြောင်းလဲမှု ဖြစ်ပေါ်ခဲ့ပါတယ်။ တရုတ်နိုင်ငံရဲ့ ဘက်စုံအမျိုးသားရေး စွမ်းအင်ဟာ အားကောင်းလာပြီး ပြည်သူတွေရဲ့ လူနေမှု အဆင့်အတန်း စဉ်ဆက်မပြတ် တိုးတက်ကောင်းမွန်လာကာ နိုင်ငံတကာနဲ့ ဒေသတွင်းသက်ရောက်မှုတွေ တိုးပွားလာခဲ့တယ်။ နိုင်ငံတကာနဲ့ ဒေသတွင်း ငြိမ်းချမ်းတည်ငြိမ်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ အပြန်အလှန် ချိတ်ဆက်မှုတွေအတွက် အရေးကြီးတဲ့ အင်အားစုတစ်ခု ဖြစ်လာတယ်” ဟု ကန်ပေါင်က ပြောသည်။

တရုတ်ကွန်မြူနစ်ပါတီမှ ခိုင်မာစွာ လက်ကိုင်ပြုထားသော ပြည်သူကိုဦးထိပ်ထားခြင်းသည် ဆင်းရဲနွမ်းပါးမှုလျှော့ချရေးနှင့် ကိုဗစ်ကပ်ရောဂါကူးစက်မှုကို တိုက်ဖျက်ရေး အဓိကဖြစ်ရပ်နှစ်ခု အောင်မြင်မှုတွင် ပေါ်လွင်လျက်ရှိကြောင်း တရုတ်နိုင်ငံဆိုင်ရာ အီဂျစ်သံအမတ်ကြီး Mohamed Badri က ဆိုသည်။ “ဆင်းရဲနွမ်းပါးမှု ပပျောက်ရေးဟာ လူသားအားလုံးရဲ့ ဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးကြီးဆုံး ပန်းတိုင်ဖြစ်ပါတယ်။ ကိုဗစ် ကပ်ရောဂါဟာ ယနေ့ ကမ္ဘာမှာ ရင်ဆိုင်နေရတဲ့ အဆိုးရွားဆုံး စိန်ခေါ်မှု ဖြစ်ပါတယ်။ တရုတ်နိုင်ငံရဲ့ အတွေ့အကြုံနဲ့ ပြည်သူကိုဦးထိပ်ထားတဲ့ အတွေးအခေါ်ဟာ ကမ္ဘာကို ကြီးမားတဲ့ ပံ့ပိုးကူညီမှုတွေ ပေးနိုင်မှာ သေချာပါတယ်။ ၁၉ ကြိမ်မြောက် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၏ ဆဋ္ဌမအကြိမ်မြောက် မျက်နှာစုံညီအစည်းအဝေးရဲ့ သဘောထားနဲ့ တရုတ်ကွန်မြူနစ်ပါတီ အောင်မြင်ရေးရဲ့ သော့ချက်အကြောင်း ပိုမိုနက်ရှိုင်းစွာ နားလည်သဘောပေါက်ပြီး ဒီအချက်ကို အီဂျစ်နိုင်ငံမှာ ဖော်ဆောင်သွားမယ်” ဟု ၎င်းက ပြောကြားခဲ့သည်။

တရုတ်နိုင်ငံဆိုင်ရာ မာဒါဂတ်စကာနိုင်ငံ သံအမတ်ကြီး Robinson က ၎င်း၏ဘိုးဘေးများသည် တရုတ်နိုင်ငံ၊ ကွမ်တုန်းပြည်နယ်၊ ဖူရှန်းမြို့မှ မာဒါဂတ်စကာသို့ ရောက်ရှိလာသော ရွှေ့ပြောင်းအခြေချသူများဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထို့ကြောင့် ၎င်းက “ဇာတိမြေ” ဖွံ့ဖြိုးတိုးတက်ရေးကို အထူးဂရုပြုအာရုံစိုက်ခဲ့သည်။ ဒေသခံပါတီဝင်များသည် ရွာသားများကို ဆင်းရဲနွမ်းပါးမှုမှ သာယာဝပြောမှုသို့ ဖော်ဆောင်ရန် ကျေးလက်အခြေခံဆောက်လုပ်ရေး လုပ်ငန်းများကို မြှင့်တင်ရန် အစီအမံအမျိုးမျိုးကို ကြိုးပမ်းခဲ့ကြသည်ကို တွေ့မြင်ရသောအခါတွင် တရုတ်နိုင်ငံအနေဖြင့် နယ်ပယ်အသီးသီးတွင် လျင်မြန်စွာ အပြောင်းအလဲများ ပြုလုပ်နိုင်ခဲ့သည်ကို နားလည်ခဲ့ရသည်ဟု ဆိုသည်။

“တရုတ်ကွန်မြူနစ်ပါတီက တရုတ်ပြည်သူတွေကို ပြတ်သားတဲ့သတ္တိ၊ မျိုးချစ်စိတ်ဓာတ်နဲ့ ဦးဆောင်ကာ အံ့ဖွယ်ကောင်းတဲ့ ဖွံ့ဖြိုးတိုးတက်ရေး တစ်ခုပြီးတစ်ခု ဖန်တီးပေးခဲ့တယ်။ တရုတ်ပြည်ရဲ့ ဖွံ့ဖြိုးတိုးတက်မှု အတွေ့အကြုံက အလွန်တန်ဖိုးကြီးပြီး သင်ယူထိုက်တယ်။ တရုတ်ကွန်မြူနစ်ပါတီဟာ လာမယ့်ရာစုမှာ ကြီးကျယ်ခမ်းနားတဲ့ အောင်မြင်မှုတွေ ရရှိနိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်” ဟု Robinson က ဆိုသည်။ (Xinhua)

………………………………………………
(Chinese Version)
(外事)“坚持人民至上”是中国共产党成功的关键——多国驻华大使热议学习中共十九届六中全会精神
新华社记者伍岳
“我认为,世界各国的朋友,包括俄罗斯在内,只要想同中国进一步发展友好关系,都应该了解中共十九届六中全会精神。因为如果不了解中国共产党的目标和追求,就不可能读懂中国。”俄罗斯驻华大使杰尼索夫19日在参加宣介会时这样说。

当日,中共中央对外联络部以线上线下相结合的方式举办中共十九届六中全会精神专题宣介会。 来自全球160多个政党和组织机构的500多位代表以及近100位在京驻华使节出席。 中联部部长宋涛以及有关专家学者向外方作宣讲,全面介绍解读全会的重大意义、丰富内涵和世界影响。 多国政党领导人、驻华大使在宣介会上表示,“坚持人民至上”是中国共产党取得历史性成就的重要原因,也是各国执政党最应该学习的经验之一。

杰尼索夫表示,中国共产党始终坚持人民至上,十分令人钦佩。 “我认为,正是因为人民至上的思想,中国共产党才能取得包括消除绝对贫困和全面建成小康社会在内的一系列无与伦比的成就。”

采访中,杰尼索夫还谈到了中国的全过程人民民主,他说,民主不应该是生搬硬套或者被强加给一个国家,而应当是一个国家倾听本国民众的呼声、自然而然的选择。 中国的经济发展取得了非常大的成就,中国人民生活的幸福感不断提升,这都说明中国的民主是最适合本国国情的。 “一些西方国家拼命想当‘民主灯塔’,妄图自己来评判他人、分割世界,这是非常恶劣的行径,绝不会得逞。”

老挝驻华大使坎葆同样谈到了中国共产党的人民情怀。 她说,《中共中央关于党的百年奋斗重大成就和历史经验的决议》展现了中国共产党始终坚持在实践中寻找真理,坚持人民立场和为人民服务。

“中国共产党成立百年来,特别是中共十八大以来,中国实现了翻天覆地的变化。中国的综合国力全面增强,人民生活水平不断提高,国际和地区影响力持续扩大,成为维护和促进国际地区和平、稳定、发展、互联互通的重要力量。”坎葆说。

在埃及驻华大使穆罕默德•巴德里看来,中国共产党所坚持的“人民至上”理念,在脱贫攻坚和抗击新冠肺炎疫情两件大事上得到了集中体现。 他说:“消除贫困是对全人类发展来说最重要的一个目标,新冠肺炎疫情是全世界现今面临的最严峻挑战,中国的经验和以人为本的理念无疑会为世界作出突出贡献。我期待通过学习中共十九届六中全会精神,更深地理解中国共产党取得成功的钥匙,并将它带回埃及。”

马达加斯加驻华大使罗班松说,自己的祖辈是从中国广东佛山来到马达加斯加的移民,因此他格外关注“家乡”的发展状况。 当他看到当地党员干部尝试了多种措施带动乡亲们脱贫致富、推进乡村建设时,他立刻就明白了为什么中国能够在各领域取得日新月异的变化。
“中国共产党带领中国人民以决绝的勇气和爱国情怀,创造出了一个又一个的发展奇迹。中国的发展经验具有重大意义,值得学习借鉴,我也相信中共将会在下一个百年新征程中创造更大的成就。”罗班松说。 (完)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.