Connect with us

Africa & Middle East

ဟူတီလက်နက်ကိုင်များက ဒရုန်းများ အသုံးပြုကာ ဆော်ဒီအာရေဗျရှိ နေရာအများအပြားကို တိုက်ခိုက်

ကိုင်ရို၊နိုဝင်ဘာ ၂၁ ရက် (ဆင်ဟွာ)

ယီမင်တွင် ဆော်ဒီဦးဆောင်သောနိုင်ငံပေါင်းစုံညွန့်ပေါင်းတပ်၏ စစ်ဆင်ရေးကို တုံ့ပြန်သည့်အနေဖြင့် ဟူတီလက်နက်ကိုင်တပ်ဖွဲ့များက နိုဝင်ဘာ ၂၀ ရက်တွင် ဆော်ဒီပိုင်နက်အတွင်း ဖောက်ခွဲရေးပစ္စည်းများ တင်ဆောင်ထားသည့် ဒရုန်းများအသုံးပြုပြီး တိုက်ခိုက်မှုပြုလုပ်ခဲ့ကြောင်း ဟူတီလက်နက်ကိုင်အဖွဲ့က ယင်းနေ့တွင် ပြောကြားခဲ့သည်။ဆော်ဒီအာရေဗျ ရုပ်မြင်သံကြားဌာန၏ ထုတ်ပြန်ချက်အရ နိုင်ငံပေါင်းစုံညွန့်ပေါင်းတပ်သည် နိုင်ဝင်ဘာ ၂၀ ရက်က ယီမင်နိုင်ငံရှိ Sana’a အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ဟူတီလက်နက်ကိုင်တပ်ဖွဲ့များထံမှ ဖောက်ခွဲရေးပစ္စည်းများ တင်ဆောင်ထားသည့် ဒရုန်းတစ်စီးကို ကြားဖြတ်ဟန့်တားခဲ့ပြီး ဟူတီလက်နက်ကိုင်တပ်ဖွဲ့များ၏ အခြားခြိမ်းခြောက်မှုများကို တုံ့ပြန်ဆောင်ရွက်လျက်ရှိကြောင်း နိုင်ငံပေါင်းစုံညွန့်ပေါင်းတပ်က ပြောကြားခဲ့သည်။ (Xinhua)
………………………………………………
(Chinese Version)

(新华简讯)也门胡塞武装使用无人机袭击沙特境内多个目标

新华社开罗11月20日电萨那消息:也门胡塞武装20日说,作为对沙特主导的多国联军在也门军事行动的回应,该武装当天使用载有炸弹的无人机对沙特阿拉伯境内多个目标发动袭击。   另据沙特阿拉比亚电视台报道,多国联军当天拦截了胡塞武装从也门萨那国际机场向沙特境内放飞的一架载有爆炸物的无人机,并正在应对“来自胡塞武装的其他威胁”。 (完)