Connect with us

Asia

ဖိလစ်ပိုင်နိုင်ငံတွင် ရိုင် တိုင်ဖွန်းမုန်တိုင်း တိုက်ခတ်မှုကြောင့် သေဆုံးသူ ၁၂ ဦးအထိရှိလာ

ဖိလစ်ပိုင်နိုင်ငံ၊ Surigao del Norte ပြည်နယ်တွင် ရိုင် တိုင်ဖွန်းမုန်တိုင်းကြောင့် ပျက်စီးသွားသော ဧရိယာကို ဒီဇင်ဘာ ၁၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

မနီလာ၊ ဒီဇင်ဘာ ၁၈ ရက် (ဆင်ဟွာ)

ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်းနှင့် အလယ်ပိုင်းဒေသများတွင် ဒီဇင်ဘာ ၁၇ ရက်က ရိုင် တိုင်ဖွန်းမုန်တိုင်း ဆက်လက်တိုက်ခတ်ခဲ့ပြီး လေပြင်းတိုက်ခတ်မှုနှင့် မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးမှုများဖြစ်ပေါ်ခဲ့ကာ ဖိလစ်ပိုင်မီဒီယာများ၏ဖော်ပြချက်အရ ရိုင် တိုင်ဖွန်းမုန်တိုင်းတိုက်ခတ်မှုကြောင့် သေဆုံးသူ ၁၂ ဦးအထိရှိလာကြောင်းသိရသည်။

ဖိလစ်ပိုင်နိုင်ငံ၊ Surigao del Norte ပြည်နယ်တွင် ရိုင် တိုင်ဖွန်းမုန်တိုင်းကြောင့် ပျက်စီးသွားသော ဧရိယာကို ဒီဇင်ဘာ ၁၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဖိလစ်ပိုင်နိုင်ငံ၊ Surigao del Norte ပြည်နယ်တွင် ရိုင် တိုင်ဖွန်းမုန်တိုင်းကြောင့် ပျက်စီးသွားသော လေဆိပ်အဆောက်အအုံကို ဒီဇင်ဘာ ၁၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဖိလစ်ပိုင်နိုင်ငံ၊ Surigao del Norte ပြည်နယ်တွင် ရိုင် တိုင်ဖွန်းမုန်တိုင်းကြောင့် ပျက်စီးသွားသော ဧရိယာကို ဒီဇင်ဘာ ၁၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဖိလစ်ပိုင်ကမ်းခြေစောင့်တပ်မှ တိုင်ဖွန်းမုန်တိုင်းဒဏ်ခံခဲ့ရသော ဒေသခံများကို ကယ်ဆယ်ခဲ့သည်ကို ဒီဇင်ဘာ ၁၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဖိလစ်ပိုင်ကမ်းခြေစောင့်တပ်မှ တိုင်ဖွန်းမုန်တိုင်းဒဏ်ခံခဲ့ရသော ဒေသခံများကို ကယ်ဆယ်ခဲ့သည်ကို ဒီဇင်ဘာ ၁၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ရိုင် တိုင်ဖွန်းမုန်တိုင်းသည် ဖိလစ်ပိုင်တောင်ပိုင်းရှိ Siargao ကျွန်းသို့ ဒီဇင်ဘာ ၁၆ ရက်မွန်းလွဲပိုင်းတွင် စတင်ချဉ်းကပ်လာရာ ကမ်းရိုးတန်းကျေးရွာတွင် နေထိုင်သူများသည် ဘေးလွတ်ရာသို့ ရွှေ့ပြောင်းကြရကြောင်းနှင့် ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်းနှင့် အလယ်ပိုင်း ဒေသများတွင် သစ်ပင်အချို့ ကျိုးကျကာ လမ်းများနှင့် အိမ်များ ပျက်စီးခဲ့ပြီး လျှပ်စစ်မီး ပြတ်တောက်ခဲ့ကြောင်း သိရသည်။

ဖိလစ်ပိုင်အလယ်ပိုင်းရှိ Bohol ပြည်နယ်မှ တာဝန်ရှိသူတစ်ဦးက ရေလွှမ်းမိုးမှုကြောင့် ဒေသခံများသည် အိမ်ခေါင်မိုးပေါ်တွင် တက်နေရပြီး ကယ်ဆယ်ရေးကို စောင့်ဆိုင်းနေကြောင်း ပြောကြားခဲ့သည်။ ယာဉ်ကြောပိတ်ဆို့မှုနှင့် လျှပ်စစ်ဓာတ်အားပြတ်တောက်မှုများကြောင့် လက်ရှိတွင် ဒေသန္တရအစိုးရဌာနများသည် အသေအပျောက်နှင့် ပစ္စည်းဆုံးရှုံးမှုများကို စိစစ်ရန် ခက်ခဲနေကြောင်း၊ ရိုင် တိုင်ဖွန်းမုန်တိုင်း သည် ဒီဇင်ဘာ ၁၈ ရက်နေ့တွင် ဖိလစ်ပိုင်နိုင်ငံမှ ထွက်ခွာမည်ဟု ဖိလစ်ပိုင် အမျိုးသား မိုးလေဝသဌာနက ထုတ်ပြန်ခဲ့သည်။

ဖိလစ်ပိုင်တွင် တိုင်ဖွန်းမုန်တိုင်းများ မကြာခဏ ဝင်ရောက်လေ့ရှိပြီး နှစ်စဉ် ပျမ်းမျှအားဖြင့် တိုင်ဖွန်း အလုံး ၂၀ ခန့် ဝင်ရောက်တိုက်ခတ်လေ့ရှိကြောင်း သိရသည်။ (Xinhua)
………………………………
(Chinese Version)

(国际)台风“雷伊”在菲律宾造成至少12人死亡
新华社马尼拉12月17日电(记者闫洁 刘锴)台风“雷伊”17日继续影响菲律宾南部和中部部分地区,带来大风和强降雨并引发洪水。据菲律宾媒体报道,“雷伊”已造成至少12人丧生。
“雷伊”16日下午在菲南部锡亚高岛登陆,数万名居民被迫疏散。在菲南部和中部部分地区,一些树木被折断,道路和房屋受损,数以万计居民遭遇停电。
菲中部保和省官员说,当地数百人因洪水被困屋顶,正等待救援。由于交通受阻和电力供应中断,地方政府部门目前难以及时核实具体人员伤亡和财产损失情况。菲律宾国家气象局报告,“雷伊”预计18日离开菲律宾本土。
菲律宾是台风灾害频发的国家之一,平均每年遭受约20场台风侵袭。(完)
图说1-这是12月17日在菲律宾北苏里高省航拍的遭台风“雷伊”破坏的区域。新华社发(菲律宾海岸警卫队供图)
图说2-这是12月17日在菲律宾北苏里高省航拍的遭台风“雷伊”破坏的区域。新华社发(菲律宾海岸警卫队供图)
图说3-这是12月17日在菲律宾北苏里高省拍摄的遭台风“雷伊”破坏的机场建筑。新华社发(菲律宾海岸警卫队供图)
图说4-这是12月17日在菲律宾北苏里高省航拍的遭台风“雷伊”破坏的区域。新华社发(菲律宾海岸警卫队供图)
图说5-12月16日,菲律宾海岸警卫队成员在卡加延德奥罗营救受台风影响的居民。(菲律宾海岸警卫队供图)
图说6- 12月16日,菲律宾海岸警卫队成员在卡加延德奥罗营救受台风影响的居民。(菲律宾海岸警卫队供图)