Connect with us

Asia

ဖိလစ်ပိုင်နိုင်ငံအစိုးရက Sinovac ကိုဗစ်ကာကွယ်ဆေးကို အားဖြည့်ကာကွယ်ဆေးအဖြစ် အသုံးပြုရန် ခွင့်ပြု

မနီလာ၊ နိုဝင်ဘာ ၁၇ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံထုတ် Sinovac ကိုဗစ်ကာကွယ်ဆေးကို အားဖြည့်ကာကွယ်ဆေးအဖြစ် အသုံးပြုရန် ခွင့်ပြုလိုက်ကြောင်း ဖိလစ်ပိုင်အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဌာန အကြီးအကဲ Enrique Domingo က နိုဝင်ဘာ ၁၆ ရက် တွင် ကြေညာခဲ့သည်။
ဖိလစ်ပိုင် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးက Sinovac အပါအဝင် ကိုဗစ်ကာကွယ်ဆေး ၄ မျိုးကို အရေးပေါ်အသုံးပြုရန် ပြင်ဆင်ခွင့်ပြုခဲ့ပြီး ၎င်းတို့အား အားဖြည့်ကာကွယ်ဆေးအဖြစ် ဖိလစ်ပိုင်တွင် အသုံပြုရန် ခွင့်ပြုလိုက်ကြောင်း Enrique Domingo က ယင်းနေ့တွင် ရုပ်မြင်သံကြား၌ ပြောကြားခဲ့သည်။

ကာကွယ်ဆေး နှစ်လုံး ထိုးနှံပြီးသည့် ကျန်းမာရေးဝန်ထမ်းများကို နိုဝင်ဘာ ၁၇ ရက်မှစတင်၍ အားဖြည့်ကာကွယ်ဆေး ထိုးနှံပေးမည်ဖြစ်ကြောင်း ဖိလစ်ပိုင် ကျန်းမာရေးဝန်ကြီးဌာနက ဆိုသည်။ ရှေ့တန်းရောက်ကျန်းမာရေးဝန်ထမ်းများအပြင် ကျန်းမာရေးအန္တရာယ်ဖြစ်နိုင်မှုရှိသည့် လူအုပ်စု၊ သက်ကြီးရွယ်အိုစသည့် ကူးစက်မှုအန္တရာယ်မြင့်မားသည့်လူစုများကို ဆက်လက်၍အားဖြည့်ကာကွယ်ဆေးထိုးနှံပေးမည်ဖြစ်ကြောင်း သိရသည်။ ဖိလစ်ပိုင်နိုင်ငံ အစိုးရက ကာကွယ်ဆေးထိုးနှံမှုအစီအစဉ်ကို အရှိန်မြှင့်တင်ဆောင်ရွက်လျက်ရှိသည်။ ဖိလစ်ပိုင်ကျန်းမာရေးဝန်ကြီးဌာန၏ ကိန်းဂဏန်းများအရ နိုဝင်ဘာ ၁၆ ရက်အထိ ဖိလစ်ပိုင်နိုင်ငံတွင် ကိုဗစ်ကာကွယ်ဆေးနှစ်လုံး အပြည့်အဝထိုးနှံပြီးသူ ၃၁.၈သန်းရှိရာ နိုင်ငံလူဦးရေ၏ ၂၉ ရာခိုင်နှုန်းရှိကြောင်း သိရသည်။ (Xinhua)

——————————–
(Chinese Version)

(国际疫情)菲律宾政府批准科兴疫苗作为加强针接种

2021-11-17 11:15:21
新华社马尼拉11月17日电(记者闫洁 刘锴)菲律宾食品与药物管理局局长恩里克·多明戈16日宣布,已经批准中国科兴公司生产的新冠疫苗作为加强针在菲律宾接种。

多明戈在当天播出的电视讲话中说,菲食品与药物管理局已修改包括科兴疫苗在内的4款疫苗的紧急使用授权,批准它们作为加强针在菲律宾接种。
菲律宾卫生部说,所有已接种两剂新冠疫苗的医护人员自17日起可开始接种加强针。除一线医护人员外,有潜在健康风险的人群、老年人等高风险群体也将陆续接种加强针。

菲政府正加速推进疫苗接种计划。菲卫生部数据显示,截至11月16日,超过3180万菲律宾人已接种完两剂疫苗,约占总人口的29%。(完)
图说1:7月27日,医务人员在菲律宾圣胡安一个新冠疫苗接种点为一名居民接种疫苗。 新华社发(乌马利摄)