Connect with us

Europe

ဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ် Delta ၏ ကူးစက်ပြန့်ပွားမှုကို ကာကွယ်ရန် ဩစတြေးလျတွင် နောက်ထပ်မြို့တစ်မြို့အား လော့ခ်ဒေါင်းချ

ဩစတြေးလျနိုင်ငံ အနောက်ပိုင်း ပါ့သ်မြို့၏ လမ်းမြင်ကွင်းတစ်နေရာအား ဧပြီ ၂၄ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း၊ ဇွန် ၃၀ ရက်(ဆင်ဟွာ)

ဩစတြေးလျနိုင်ငံ အရှေ့ပိုင်း ဆစ်ဒနီမြို့နှင့် မြောက်ပိုင်း ဒါဝင်မြို့ကို လော့ခ်ဒေါင်းချပြီးနောက် အနောက်ပိုင်းရှိ ပါ့သ်မြို့ကို ဇွန် ၂၉ ရက်တွင် လော့ခ်ဒေါင်း (၄)ရက်ချခဲ့ရာ ဗီဇပြောင်း ကိုရိုနာဗိုင်းရပ် Delta၏ ကူးစက်ပြန့်ပွားမှုကို တားဆီးရန်အတွက် ဖြစ်ကြောင်း သိရသည်။အနောက်ဩစတြေးလျပြည်နယ် မြို့တော် ပါ့သ်ရှိ အတည်ပြုလူနာ (၃)ဦးသည် ဆစ်ဒနီတွင် ဖြစ်ပွားသည့် ကိုဗစ်လူနာနှင့်ဆက်စပ်မှုရှိသည်ကို တွေ့ရရှိပြီးနောက် ဒေသခံအစိုးရက ပါ့သ်မြို့နှင့်အနီးရှိ ဖီးလ်ဒေသနေပြည်သူများအား မလိုအပ်လျှင်အပြင်သို့မထွက်ကြရန် အမိန့်ချခဲ့ကြောင်း ရိုက်တာ သတင်းတွင် ဖော်ပြထားသည်။

ကိုဗစ်ထပ်တိုးလူနာဦးရေများပြားလာခြင်းကြောင့် ဩစတြေးလျနိုင်ငံ နယူး ဆောက်သ် ဝေးလ်ပြည်နယ်က ဇွန် ၂၆ ရက်တွင် အကြီးဆုံးဆစ်ဒနီမြို့အပါအဝင် ဒေသအများအပြားကို လော့ခ်ဒေါင်းအခြေအနေရှိကြောင်း ကြေညာခဲ့သည်။ ဆစ်ဒနီမြို့လယ်ခေါင် လူသူကင်းရှင်းသည့်လမ်း မြင်ကွင်းအား ယင်းနေ့တွင် တွေ့ရစဉ်(ဆင်ဟွာ)

Delta ဗီဇပြောင်းကိုရိုနာဗိုင်းရပ်စ်က”နောက်ထပ် သားရဲတိရစ္ဆန်အသစ်တစ်မျိုးပဲ”၊ “ကျွန်တော်တို့ ကံကောင်းနိုင်ပါတယ်ဆိုတဲ့ စိတ်မျိုးမထားသင့်ဘူး”ဟု အနောက်ဩစတြေးလျပြည်နယ် အုပ်ချုပ်ရေးမှူး Mark McGowanက ဇွန် ၂၈ ရက် ညပိုင်း သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ဩစတြေးလျတွင် ယခုအကြိမ်ဖြစ်ပွားသည့် အစုလိုက်အပြုံလိုက်ကူးစက်မှုတွင် စုစုပေါင်းအတည်ပြုလူနာ (၁၅၀)နီးပါးရှိသည်။ ပထမဆုံး လူနာကို ဇွန် ၁၆ ရက်တွင် တွေ့ရှိရခြင်းဖြစ်ပြီး ဆစ်ဒနီက ကာကွယ်ဆေး မထိုးနှံထားသေးသည့် ယာဉ်မောင်းတစ်ဦးဖြစ်သည်။ ၎င်းသည် နိုင်ငံခြားသားလေယာဉ်အမှုထမ်းတစ်ဦးကို ပို့ဆောင်စဉ် Delta ဗိုင်းရပ်စ်ကူးစက်ခြင်းဖြစ်နိုင်ကြောင်း၊ ထိုကာလများအတွင်း နှာခေါင်းစည်းတပ်ဆင်ထားမှုမရှိကြောင်း သိရသည်။

Delta ဗီဇပြောင်းကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါအခြေအနေကို ပိုမိုဆိုးဝါးလာစေမည်ကို စိုးရိမ်ခြင်းကြောင့် ဩစတြေးလျတွင် ယနေ့အထိ ပြည်နယ်(၃)ခုက မြို့တော်များကို လော့ခ်ဒေါင်းချမှတ်ခဲ့သလို အခြား မြို့အများစုတွင်လည်း ရောဂါကာကွယ်တားဆီးရေးနည်းလမ်းများ ဆောင်ရွက်လျက်ရှိရာ တစ်နိုင်ငံလုံးရှိ လူဦးရေ(၈၀)ရာခိုင်နှုန်းပေါ်သက်ရောက်မှုရှိကြောင်း သိရသည်။

ဩစတြေးလျနိုင်ငံ၏ လူဦးရေသည်(၂၅)သန်းခန့်ရှိရာ ယနေ့အထိ စုစုပေါင်းကိုဗစ်လူနာ (၃၁,၀၀၀)အောက်နှင့် သေဆုံးသူ (၉၁၀)ဦး ရှိသော်လည်း ကိုဗစ်ကာကွယ်ဆေးထိုးနှံမှုလုပ်ငန်းများ နှေးကွေးလျက်ရှိသည်။ အေပီသတင်းများအရ ဩစတြေးလျတွင် ကိုဗစ်ကာကွယ်ဆေးထိုးနှံပြီးသူသည် တစ်နိုင်ငံလုံး၏ (၅)ရာခိုင်နှုန်းသာ ရှိကြောင်း သိရသည်။

အသက် (၆၀)နှစ်အောက် အရွယ်ရောက်သူများကို AstraZeneca ကိုဗစ်ကာကွယ်ဆေးထိုးနှံခွင့်ပြုကြောင်း ဩစတြေးလျအစိုးရက ဇွန် ၂၈ ရက် ညပိုင်းတွင် ကြေညာခဲ့သည်။ AstraZeneca ကာကွယ်ဆေးနှင့်စပ်နွယ်သည့် သွေးခဲမှုဖြစ်မည်ကို စိုးရိမ်သည့်အတွက် ဩစတြေးလျတွင် ပြီးခဲ့သည့် နှစ်ပတ်က အသက်(၆၀)နှင့်အထက်ရှိသူများကိုသာ ကာကွယ်ဆေး ထိုးနှံခွင့်ပြုထားကြောင်း သိရသည်။ (Xinhua)

——————————————–
(Chinese Version)

防变异病毒德尔塔蔓延 澳大利亚又一城市“封城”

新华社北京6月30日电(记者陈丹)继东部城市悉尼和北部城市达尔文“封城”后,澳大利亚西部城市珀斯29日开始“封城”,为期4天,以遏制新冠变异病毒德尔塔毒株蔓延。

路透社报道,西澳大利亚州首府珀斯确诊三例与悉尼本轮疫情相关的新冠病例后,当地政府下令珀斯和邻近的皮尔地区居民非必要原因不外出。
西澳州州长马克•麦高恩28日深夜在记者会上说,德尔塔毒株是“又一头新的野兽”,“我们不能心存侥幸”。
澳大利亚本轮聚集性感染累计确诊病例已接近150例。首个病例16日发现,是悉尼一名没有接种疫苗的司机。他疑似在接送一名外籍机组人员时感染德尔塔毒株,其间据信没有戴口罩。

由于担心德尔塔毒株导致疫情恶化,澳大利亚迄今三个州首府“封城”,其余大多数城市已采取某种形式的防控措施,全国约80%人口受影响。
澳大利亚人口约2500万,迄今累计新冠确诊病例低于3.1万例,累计死亡病例910例,但新冠疫苗接种推进缓慢。美联社报道,澳大利亚完成疫苗接种的人数只占全国人口5%。

澳大利亚政府28日晚些时候宣布允许60岁以下成年人接种阿斯利康新冠疫苗。出于对接种阿斯利康疫苗后发生血栓的担忧,澳大利亚两周前只建议60岁以上人群接种阿斯利康疫苗。

图说1:澳大利亚西部城市珀斯从4月24日凌晨开始实施三天封城。图为当日在珀斯拍摄的冷清的街道。(新华社发,周丹摄)
图说2:由于新冠病例增多,澳大利亚新南威尔士州6月26日宣布包括第一大城市悉尼在内的多个地区再次进入封城状态。图为当日拍摄的悉尼市中心空旷的街道。(新华社记者白雪飞摄)