Connect with us

Europe

ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က အစိုးရဝန်ကြီးအဖွဲ့ ပြန်လည်ဖွဲ့စည်း

လန်ဒန်၊ စက်တင်ဘာ ၁၆ ရက်(ဆင်ဟွာ)

ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က အစိုးရအဖွဲ့ ပြန်လည်ဖွဲ့စည်းမည် ဖြစ်ကြောင်း စက်တင်ဘာ ၁၅ ရက်တွင် ကြေညာခဲ့ရာ နိုင်ငံခြားရေး၊ တရားစီရင်ရေး၊ ပညာရေးနှင့် အိမ်ရာဝန်ကြီးစသည့်နေရာများကို အပြောင်းအလဲပြုလုပ်ခဲ့သည်။ယခုအကြိမ် ကက်ဘိနက် ပြန်လည်ဖွဲ့စည်းခြင်းသည် အားကောင်း၍စည်းလုံးညီညွတ်သည့်အဖွဲ့ကို တည်ဆောက်ရန်နှင့် နိုင်ငံကို ကိုဗစ်ကပ်ရောဂါအခြေအနေမှ လွတ်မြောက်အောင် ပိုမိုကောင်းမွန်သည့် ထောက်ခံအားပေးမှုရှိစေရန်အတွက် ရည်ရွယ်ကြောင်း ဗြိတိန်ဝန်ကြီးချုပ်ရုံးက ယင်းနေ့တွင် ပြောကြားခဲ့သည်။

ဗြိတိန်နိုင်ငံ လန်ဒန်ရှိ ဝန်ကြီးချုပ်အိမ်တော်သို့ ရောက်ရှိလာသည့် အသစ်ခန့်အပ်ထားသော အိမ်ရာဝန်ကြီးMichael Goveအား စက်တင်ဘာ ၁၅ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

အသစ်ပြန်လည်ဖွဲ့စည်းသည့် ဝန်ကြီးအမည်စာရင်းများအရ မူလ နိုင်ငံခြားရေးဝန်ကြီး Dominic Raabကို ဒုတိယဝန်ကြီးချုပ်နှင့်တရားရေးဝန်ကြီးအဖြစ် ခန့်အပ်ခဲ့ပြီး နိုင်ငံခြားရေးဝန်ကြီးနေရာကို မူလနိုင်ငံတကာကုန်သွယ်ရေးဝန်ကြီး Liz Trussအား ခန့်အပ်ခဲ့ရာ ၎င်းမှာ ဗြိတိန်သမိုင်းတွင် ဒုတိယမြောက် အမျိုးသမီး နိုင်ငံခြားရေးဝန်ကြီး ဖြစ်လာခဲ့သည်။ ထို့အပြင် မူလ ဗြိတိန်ကိုဗစ်ကာကွယ်ဆေးထိုးနှံမှုအစီအစဉ် အကြီးအကဲNadhim Zahawiကို ပညာရေးဝန်ကြီးအဖြစ် လည်းကောင်း ၊ အစိုးရအဖွဲ့ရုံးဝန်ကြီး Michael Goveကို အိမ်ရာဝန်ကြီးအဖြစ်လည်းကောင်း ခန့်အပ်ခဲ့ပြီး မူလ ကာကွယ်ရေးဝန်ကြီး Ben Wallace ၊ ကျန်းမာရေးဝန်ကြီးSajid Javidနှင့် ပြည်ထဲရေးဝန်ကြီးPriti Patelတို့အား မူလရာထူးတွင်ပင် တာဝန်ထမ်းဆောင်စေခဲ့ကြောင်း သိရသည်။

ဗြိတိန်နိုင်ငံ လန်ဒန်ရှိ ဝန်ကြီးချုပ်အိမ်တော်မှ ထွက်လာသည့် အသစ်ခန့်အပ်ထားသော နိုင်ငံခြားရေးဝန်ကြီး Liz Trussအား စက်တင်ဘာ ၁၅ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ဗြိတိန်နိုင်ငံ လန်ဒန်ရှိ ဝန်ကြီးချုပ်အိမ်တော်မှ ထွက်လာသည့် ပြည်ထဲရေးဝန်ကြီးနေရာတွင် တာဝန်ဆက်လက်ထမ်းဆောင်မည့် Priti Patelအား စက်တင်ဘာ ၁၅ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ဗြိတိန်နိုင်ငံ လန်ဒန်ရှိ ဝန်ကြီးချုပ်အိမ်တော်သို့ ရောက်ရှိလာသည့်
ကျန်းမာရေးဝန်ကြီးနေရာတွင် တာဝန်ဆက်လက်ထမ်းဆောင်မည့် Sajid Javidအား စက်တင်ဘာ (၁၅)ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ဗြိတိန်နိုင်ငံ လန်ဒန်ရှိ ဝန်ကြီးချုပ်အိမ်တော်သို့ ရောက်ရှိလာသည့်
ကာကွယ်ရေးဝန်ကြီးနေရာတွင် တာဝန်ဆက်လက်ထမ်းဆောင်မည့်Ben Wallace အား စက်တင်ဘာ ၁၅ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ဗြိတိန်နိုင်ငံ လန်ဒန်ရှိ ဝန်ကြီးချုပ်အိမ်တော်မှ ထွက်လာသည့် အသစ်ခန့်အပ်ထားသော ဒုတိယဝန်ကြီးချုပ်နှင့်တရားရေးဝန်ကြီးDominic Raab အား စက်တင်ဘာ ၁၅ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ယခုအကြိမ် အစိုးရဝန်ကြီးအဖွဲ့ ပြန်လည်ဖွဲ့စည်းမှုတွင် ဂရုပြုဖွယ်အကောင်းဆုံးမှာ နိုင်ငံခြားရေးဝန်ကြီးနေရာ၏ အပြောင်းအလဲဖြစ်ကြောင်း ဗြိတိန်မီဒီများ၏ ဖော်ပြချက်များအရ သိရသည်။ထိုမတိုင်မီ Dominic Raabသည် အာဖဂန်အရေးရုတ်ခြည်းပြောင်းလဲမှုကို ဖြေရှင်းရန် အချိန်မီ အားလပ်ရက် အနားယူရာမှ လုပ်ငန်းခွင် ပြန်လည်မဝင်ရောက်ခဲ့ခြင်းကြောင့် ဝေဖန်မှုများနှင့် ရင်ဆိုင်ခဲ့ရသည်။ Liz Trussသည် ဥရောပသမဂ္ဂမှ ဗြိတိန်နုတ်ထွက်ရေးအတွက် နိုင်ငံအများအပြားနှင့် ကုန်သွယ်ရေးသဘောတူညီချက်ရယူနိုင်ခဲ့သည့်အတွက် အာဏာရပါတီ ကွန်ဆာဗေးတစ်ပါတီအတွင်း နာမည်ကောင်းရရှိထားသူ ဖြစ်သည်။

ပြီးခဲ့သည့်နှစ် ဖေဖော်ဝါရီ ၁၃ ရက်က ဘောရစ်ဂျွန်ဆင်သည် ဥရောပသမဂ္ဂမှ ဗြိတိန်နုတ်ထွက်ပြီးနောက် ပထမဆုံးအကြိမ် အစိုးရဝန်ကြီးအဖွဲ့ ပြင်ဆင်ဖွဲ့စည်းရာတွင် ထိုစဉ်က ဘဏ္ဍာရေးဝန်ကြီးရာထူးမှ နုတ်ထွက်သွားသော Sajid Javid ၏နေရာတွင် Rishi Sunak အား အစားထိုးခန့်အပ်ခဲ့ကြောင်း သိရသည်။ (Xinhua)

………………………………………
(English Version)

(国际)英国首相改组内阁

新华社伦敦9月15日电(记者许凤)英国首相约翰逊15日宣布改组内阁,外交、司法、教育和住房大臣等多个职位被调整。
英首相办公室当天表示,此次内阁改组旨在建立一个“强有力和团结的团队”,以更好地支持国家走出新冠疫情。
根据新内阁名单,原外交大臣拉布出任副首相兼司法大臣,外交大臣一职由原国际贸易大臣特拉斯接任,特拉斯由此成为英国历史上第二位女性外交大臣。此外,原分管英国新冠疫苗接种项目的官员扎哈维任教育大臣,原内阁办公厅大臣戈夫任住房大臣。原国防大臣华莱士、卫生大臣贾维德和内政大臣帕特尔留任。
据英国媒体报道,此次内阁改组最引人关注的是外交大臣易人。拉布此前曾因没有及时结束休假返岗应对阿富汗局势骤变而饱受批评。特拉斯则凭借其在英国“脱欧”后与多国达成贸易协议的表现,赢得执政党保守党内部普遍好评。
去年2月13日,约翰逊曾于英国正式“脱欧”后首次进行内阁调整,任命苏纳克为财政大臣,接替当天辞职的贾维德。(完)
图说1:9月15日,新任命的教育大臣扎哈维离开英国伦敦的唐宁街10号首相府。新华社记者 韩岩 摄
图说2:9月15日,新任命的住房大臣戈夫抵达英国伦敦的唐宁街10号首相府。新华社记者 韩岩 摄
图说3: 9月15日,新任命的外交大臣特拉斯离开英国伦敦的唐宁街10号首相府。新华社记者 韩岩 摄
图说4:9月15日,留任的内政大臣帕特尔离开英国伦敦的唐宁街10号首相府。新华社记者 韩岩 摄
图说5:9月15日,留任的卫生大臣贾维德抵达英国伦敦的唐宁街10号首相府。新华社记者 韩岩 摄
图说6: 9月15日,留任的国防大臣华莱士抵达英国伦敦的唐宁街10号首相府。新华社记者 韩岩 摄
图说7:9月15日,新任命英国副首相兼司法大臣拉布离开英国伦敦的唐宁街10号首相府。新华社记者 韩岩 摄