Connect with us

Africa & Middle East

ဘာကီးနားဖားဆို အာဏာသိမ်းစစ်တပ်က သမ္မတRoch Kaboreအား ရာထူးတာဝန်မှ ဖယ်ရှားကြောင်း ကြေညာ

ဘာကီးနားဖားဆိုနိုင်ငံ မြို့တော် အွာဂါဒိုးဂု၏လမ်းမပေါ်တွင် အတားအဆီးများအား မီးရှို့ထားသည်ကို ဇန်နဝါရီ ၂၃ ရက်က တွေ့ရစဉ်(ဓါတ်ပုံ-အင်တာနက်)

အွာဂါဒိုးဂု၊ ဇန်နဝါရီ ၂၅ ရက်(ဆင်ဟွာ)

စစ်တပ်က အာဏာရယူပြီး သမ္မတRoch Kaboreကို ရာထူးတာဝန်မှ ဖယ်ရှားလိုက်ကြောင်း ဘာကီးနားဖားဆို အာဏာသိမ်းစစ်တပ်က ဇန်နဝါရီ ၂၄ ရက် ညနေပိုင်း နိုင်ငံပိုင်တွင် ရုပ်သံမှတစ်ဆင့်ပြောကြားခဲ့သည်။

“လက်နက်အင်အားဖြင့် အစိုးရတာဝန်ကိုယူဆောင်သည့် မည်သည့်လုပ်ဆောင်ချက်မျိုးမဆို” ပြစ်တင်ရှုတ်ချကြောင်း ၊ ဘက်ပေါင်းစုံက ထိန်းထိန်းသိမ်းသိမ်းဖြင့် တွေ့ဆုံဆွေးနွေးမှုအမြန်ဆုံးလုပ်ဆောင်သွားကြရန် တိုက်တွန်းကြောင်း ကုလသမဂ္ဂ၊ အာဖရိကသမဂ္ဂစသည့်နိုင်ငံတကာ အဖွဲ့အစည်းများက ယင်းနေ့တွင်ပင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။

ဘာကီးနားဖားဆို အာဏာသိမ်းစစ်တပ်၏ ပြောကြားချက်တွင် ၎င်းတို့သည် သွေးထွက်သံယို၊သေဆုံးဒဏ်ရာရမှု မဖြစ်ပွားသည့် အခြေအနေမျိုးတွင် Roch Kabore၏နိုင်ငံရေးအာဏာကို အဆုံးသတ်လိုက်ခြင်း ဖြစ်ကြောင်း ဆိုသည်။ အစိုးရနှင့်လွှတ်တော်ကို ဖျက်သိမ်းကြောင်း၊ နိုင်ငံ၏ကုန်းကြောင်းလေကြောင်းနယ်စပ်များကို ပိတ်ထားကြောင်း၊ တစ်နိုင်ငံလုံး ညမထွက်ရအမိန့်ထုတ်ပြန်ထားကြောင်း အာဏာသိမ်းစစ်တပ်က ကြေညာခဲ့သည်။ “သင့်လျော်သည့်အချိန်အတွင်း” နိုင်ငံ၏အခြေခံဥပဒေကို ပြန်လည်ထိန်းသိမ်းမည့်အချိန်ဇယားထုတ်ပြန်သွားမည် ဖြစ်ကြောင်း ဆိုသည်။

“လက်နက်အင်အားဖြင့် အစိုးရတာဝန်ကိုယူဆောင်သည့် မည်သည့်လုပ်ဆောင်ချက်မျိုးမဆို” ပြစ်တင်ရှုတ်ချကြောင်း ၊ အာဏာသိမ်းစစ်တပ်က Roch Kabore၏ အသက်အန္တရာယ်လုံခြုံရေးနှင့်အစိုးရဌာနများ၏ပြီးပြည်စုံမှုကို အာမခံဖို့၊ ဘက်ပေါင်းစုံက ထိန်းထိန်းသိမ်းသိမ်းဆောင်ရွက်ပြီး တွေ့ဆုံဆွေးနွေးမှုများ အမြန်ဆုံးလုပ်ဆောင်ဖို့ တိုက်တွန်းကြောင်း ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဂူတာရက်စ်က ယင်းနေ့တွင် ပြောရေးဆိုခွင့်ရှိသူမှတစ်ဆင့် ကြေညာချက် ထုတ်ပြန်ခဲ့သည်။

အာဖရိကသမဂ္ဂ ဥက္ကဋ္ဌMoussa Fakiက လည်း ဘာကီးနားဖားဆိုစစ်တပ်၏လက်နက်ဖြင့်အာဏာလုယူရန် ကြံစည်မှုကို ပြင်းထန်စွာပြစ်တင်ရှုတ်ချကြောင်း ၊ စစ်တပ်နှင်လက်နက်ကိုင်အင်အားစုများက နိုင်ငံလုံခြုံရေးကို ကာကွယ်ကြရန်၊ နိုင်ငံ၏ပြီးပြည့်စုံမှုကို ထိန်းသိမ်းရန်၊ Roch Kabore၏ လုံခြုံရေးကို အာမခံချက်ပေးရန် တိုက်တွန်းကြောင်း ကြေညာချက်ထုတ်ပြန် ပြောကြားခဲ့သည်။ လက်ရှိအကျပ်အတည်းကို ဘက်ပေါင်းစုံက နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုဖြင့် ဖြေရှင်းကြရန်အတွက်လည်း ကြေညာချက်တွင် တိုက်တွန်းထားသည်။

ဘာကီးနားဖားဆိုသည် အာဖရိကတိုက် အနောက်ပိုင်းတွင် တည်ရှိသည်။ မြို့တော်အွာဂါဒိုးဂုနှင့် အခြားမြို့များရှိ စစ်တပ်စခန်းများတွင် ဇန်နဝါရီ ၂၃ ရက် နံနက်ပိုင်းက သေနတ်ပစ်ခတ်သံများ ထွက်ပေါ်ခဲ့ပြီး ဇန်နဝါရီ ၂၄ ရက်တွင် Roch Kaboreသည် စစ်တပ်၏ ထိန်းသိမ်းမှုကို ခံခဲ့ရသည်။ (Xinhua)

…………………………………………-
(Chinese Version)

(国际)详讯:布基纳法索政变军人宣布解除总统卡博雷的职务
2022-01-25 07:35:09
新华社洛美1月24日电(记者田耘)瓦加杜古消息:布基纳法索政变军人24日下午在国家电视台发表讲话说,军方已夺取政权,并解除总统卡博雷的职务。联合国、非洲联盟等国际组织当天发表声明,谴责“任何通过武力接管政府的行为”,敦促各方保持克制并尽快开展对话。
布基纳法索政变军人在讲话中说,他们在未出现流血伤亡的情况下“终止了”卡博雷政权。政变军人还宣布解散政府和国民议会,关闭该国陆空边界,在全国实施宵禁,并表示将在“合理期限内”提出恢复国家宪法秩序的时间表。
联合国秘书长古特雷斯当天通过发言人发表声明,强烈谴责“任何通过武力接管政府的行为”,呼吁政变军人确保卡博雷的人身安全和政府机构的完整性,敦促各方保持克制并尽快开展对话。
非盟委员会主席法基也发表声明,强烈谴责布基纳法索政变军人武力夺取政权的企图,呼吁该国军队和各武装力量保卫国家安全,维护国家完整,确保卡博雷等人的安全。声明呼吁布基纳法索各方通过政治对话解决当前危机。
布基纳法索位于非洲西部。该国首都瓦加杜古和其他几个城市的军营23日清晨传出激烈枪声。当地媒体24日报道说,卡博雷已被军人扣押。(参与记者:王建刚、汪平)(完)
图说:当地时间2022年1月23日,布基纳法索首都瓦加杜古,街头燃烧的路障。