Connect with us

Asia

မလေးရှားနိုင်ငံတွင် နေ့စဉ်ထပ်တိုးသည့် ကိုဗစ်အတည်ပြုလူနာဦးရေ ၃ ရက်ဆက်တိုက် ၁၀,၀၀၀ ကျော်ရှိလာ

မလေးရှားနိုင်ငံ Selangor ပြည်နယ်တွင် ဒေသခံပြည်သူများအား ကိုရိုနာဗိုင်းရပ်စ်စစ်ဆေးမှုများ ပြုလုပ်ပေးနေသည်ကို ဇူလိုင် ၁၅ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ကွာလာလမ်ပူ၊ ဇူလိုင် ၁၆ ရက် (ဆင်ဟွာ)

မလေးရှားနိုင်ငံတွင် ဇူလိုင်လ ၁၅ ရက် နေ့လယ်ပိုင်းအထိ ၂၄ နာရီအတွင်း ထပ်တိုး ကိုဗစ်အတည်ပြုလူနာ ၁၃,၂၁၅ ဦးရှိရာ ကပ်ရောဂါဖြစ်ပွားသည့် ကာလတစ်လျှောက်အမြင့်ဆုံးစံချိန်တင်ခဲ့သလို ၃ ရက်ဆက်တိုက် နေ့စဉ်ထပ်တိုးအတည်ပြုလူနာ ၁၀,၀၀၀ ကျော်ရှိလာခြင်း ဖြစ်ကြောင်း မလေးရှားကျန်းမာရေးဝန်ကြီးဌာန၏ ယင်းနေ့တွင် ထုတ်ပြန်သည့် ကိန်းဂဏန်းအချက်အလက်များ၌ ဖော်ပြထားသည်။ ဇူလိုင် ၁၅ ရက်က မလေးရှားတွင် အသစ်ထပ်တိုးသေဆုံးသူ ၁၁၀ ဦးဖြင့် စုစုပေါင်း သေဆုံးသူ ၆,၆၁၃ ဦးအထိ ရှိလာပြီး စုစုပေါင်းအတည်ပြုလူနာ ၈၈၀,၇၈၂ ဦးရှိလာကြောင်း သိရသည်။

ကိန်းဂဏန်းအချက်အလက်များအရ ဇူလိုင် ၁၅ ရက်တွင် အစီရင်ခံသည့် ထပ်တိုးအတည်ပြုလူနာများတွင် ၉၆ ရာခိုင်နှုန်းသည် ရောဂါလက္ခဏာအနည်းငယ်ပြသူ သို့မဟုတ် လက္ခဏာမပြသောရောဂါကူးစက်ခံရသူများ ဖြစ်ကြောင်း သိရသည်။ ကူးစက်ပြန့်ပွားမှုအခြေအနေကို ကြည့်မည်ဆိုလျှင် မြို့တော် ကွာလာလမ်ပူနှင့်အနီးရှိ Selangor ပြည်နယ်တွင် ထပ်တိုးအတည်ပြုလူနာ ၇,၆၁၉ ဦး၊ Negeri Sembilan ပြည်နယ်တွင် ထပ်တိုးလူနာ ၁,၆၀၃ ဦး ရှိသည်။

ကူးစက်မှု ပို၍ မြန်ဆန်သည့် ဗီဇပြောင်း ဒယ်လ်တာ (Delta) ကိုရိုနာဗိုင်းရပ်စ်က ထပ်တိုးလူနာ တစ်ဟုန်တိုး မြင့်တက်လာခြင်း၏ အကြောင်းရင်းတစ်ခုဖြစ်ကြောင်း မလေးရှား ကျန်းမာရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူး Noor Hisham Abdullahက ယင်းနေ့တွင် ကျင်းပသည့် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။ (Xinhua)

————————————————
(Chinese Version)

(国际疫情)马来西亚连续三天单日新增新冠病例过万

新华社吉隆坡7月15日电(记者林昊 王大玮)马来西亚卫生部15日公布的疫情数据显示,截至当天中午,该国过去24小时新增新冠确诊病例13215例,再创疫情暴发以来的新高,也是连续第三天单日新增病例过万例,累计确诊880782例;新增死亡110例,累计6613例。

数据显示,15日报告的新增确诊病例中有96%是轻症患者或无症状感染者。从分布来看,首都吉隆坡及相邻的雪兰莪州新增确诊病例共7619例,邻近的森美兰州新增1603例。马来西亚卫生部总监努尔•希沙姆在当天举行的新闻发布会上表示,传染能力更强的德尔塔等变异毒株蔓延是该国新增确诊病例激增的原因之一。(完)

图说1:7月15日,医护人员在马来西亚雪兰莪州的沙阿兰为当地居民进行新冠病毒检测。新华社发(张纹综摄)