Connect with us

International Organizations

မြောက်ကိုရီးယားနိုင်ငံတွင် အသစ်တီထွင်သည့် တာဝေးပစ်ခရုစ်ဒုံးကျည် စမ်းသပ်ပစ်လွှတ်မှု အောင်မြင်ဟု ဆို

မြောက်ကိုရီးယား ကာကွယ်ရေးသိပ္ပံအကယ်ဒမီက စက်တင်ဘာ ၁၁ ရက်နှင့် ၁၂ ရက်များတွင် အသစ်တီထွင်ထုတ်လုပ်သော တာဝေးပစ်ခရုစ်ဒုံးကျည်များအား စမ်းသပ်ပစ်လွှတ်နေသည်ကို KNCA၏ စက်တင်ဘာ ၁၃ ရက်တွင် ထုတ်ပြန်သည့် ဓါတ်ပုံအတွင်း တွေ့ရစဉ်(ဆင်ဟွာ)

ပြုံယမ်း၊ စက်တင်ဘာ ၁၃ ရက်(ဆင်ဟွာ)

မြောက်ကိုရီးယား ကာကွယ်ရေးသိပ္ပံအကယ်ဒမီက စက်တင်ဘာ ၁၁ ရက်နှင့် ၁၂ ရက်များတွင် အသစ်တီထွင်ထုတ်လုပ်သည့် တာဝေးပစ်ခရုစ်ဒုံးကျည် စမ်းသပ်ပစ်လွှတ်ရာ အောင်မြင်မှုရရှိကြောင်း မြောက်ကိုရီးယားဗဟိုသတင်းအေဂျင်စီ (KCNA) သတင်းဌာနက စက်တင်ဘာ ၁၃ ရက်တွင် ဖော်ပြခဲ့သည်။

ပစ်လွှတ်ခဲ့သည့် တာဝေးပစ်ခရုစ်ဒုံးကျည်၏ ပျံသန်းချိန်သည် (၇,၅၈၀)စက္ကန့်ရှိပြီး သတ်မှတ်ထားသည့် ကီလိုမီတာ (၁,၅၀၀)ပြင်ပ ပစ်မှတ်များကို အတိအကျ ပစ်ခတ်နိုင်ခဲ့ကြောင်း သတင်းတွင် ဖော်ပြထားသည်။ အသစ်သုတေသနပြုထုတ်လုပ်ထားသော တာဘိုင်လေမှုတ်စက်အင်ဂျင်၏တွန်းအား စသည့် စံချိန်စံညွှန်းများ၊ ဒုံးကျည်ပျံသန်းမှုထိန်းချုပ်နိုင်စွမ်းနှင့်အဆုံးသတ်လမ်းညွှန် တိကျမှန်ကန်နိုင်စွမ်း အားလုံးသည် ဒီဇိုင်းရေးဆွဲထားမှုနှင့် အပြည့်အဝ ကိုက်ညီကြောင်း စမ်းသပ်ပစ်လွှတ်မှုရလဒ်များတွင် ဖော်ပြထားသည်။

ယင်းလက်နက်စနစ် တီထွင်ထုတ်လုပ်ခြင်းသည် မဟာဗျူဟာအရ အရေးပါကြောင်း ၊ အမျိုးသားလုံခြုံရေး၊ မြောက်ကိုရီးယားအပေါ် ရန်လိုသော အင်အားစုများ၏ စစ်ရေးလှုပ်ရှားမှုကို အားကောင်းသည့်ဖိနှိပ်ဟန့်တားမှု နောက်တစ်ခုဖြစ်ကြောင်း KCNAက ဖော်ပြထားသည်။ (Xinhua)

———————————–
(Chinese Version)
(国际)朝鲜成功试射新研发的远程巡航导弹
2021-09-13 09:08:49
新华社平壤9月13日电(记者江亚平 洪可润)据朝中社13日报道,朝鲜国防科学院11日和12日分别成功试射了新研发的远程巡航导弹。
报道说,发射的远程巡航导弹飞行7580秒,精确打击了设定在1500公里外的目标。试射结果显示,新研发的涡轮鼓风式发动机推进力等技术指标、导弹的飞行控制性能以及末端制导命中正确性等全部满足设计要求。
朝中社说,这一武器系统的研发具有重大战略意义,朝鲜在更坚定地保障国家安全、强有力压制敌对势力反朝军事活动方面又有了一个有效遏制手段。(完)

图说1:这张朝中社9月13日提供的拼版图片显示的是朝鲜国防科学院11日和12日分别试射新研发的远程巡航导弹。 新华社/朝中社