Connect with us

North America

ရုရှား-အနောက်နိုင်ငံများ ဆွေးနွေးမှု လမ်းဆုံးပြီလား?

ဂျီနီဗာ၊ ဇန်နဝါရီ ၁၁ ရက်(ဆင်ဟွာ)

အမေရိကန်-ရုရှား မဟာဗျူဟာ တည်ငြိမ်ရေး တစ်ရက်ကြာ အသစ်တစ်ကြိမ် တွေ့ဆုံဆွေးနွေးမှုကို ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့တွင် ဇန်နဝါရီ ၁၀ ရက်က ကျင်းပခဲ့သည်။ ရုရှား ဒုတိယနိုင်ငံခြားရေးဝန်ကြီး Sergei Ryabkovနှင့် အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Wendy Sherman တို့က နှစ်နိုင်ငံ ကိုယ်စားလှယ်အဖွဲ့များကို ဦးဆောင်၍ ဆွေးနွေးပွဲကို တက်ရောက်ခဲ့ကြရာ နှစ်ဖက်တွေ့ဆုံဆွေးနွေးမှု၏ အဓိကအရေးကိစ္စများတွင် တိုးတက်သည့်ရလဒ်မရှိခဲ့ကြောင်း သိရသည်။နေတိုး အရှေ့သို့ချဲ့ထွင်ခြင်းကိစ္စရပ် မဖြေရှင်းနိုင်ခဲ့

ယခုအကြိမ် ဆွေးနွေးမှုက ခက်ခဲပြီးအချိန်ကြာမြင့်ကြောင်း၊ ကျွမ်းကျင်မှု၊နက်နဲမှုနှင့်အသေးစိတ်အကြောင်းအရာတွေပါရှိရာ အဓိက ဆွေးနွေးသည့် ကိစ္စရပ်များ မဖြေရှင်းနိုင်သေးကြောင်း ၊ နေတိုး အရှေ့သို့ ချဲ့ထွင်ခြင်းအပေါ် နှစ်ဖက်ဆွေးနွေးခြင်းက တိုးတက်မှုမရရှိခဲ့ကြောင်း Sergei Ryabkovက ယင်းနေ့ ဆွေးနွေးပွဲအပြီး ကျင်းပသော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

အမေရိကန်နိုင်ငံ သမ္မတ ဂျိုးဘိုင်ဒန် နှင့် ရုရှားနိုင်ငံ သမ္မတ ပူတင်တို့ ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့တွင် တွေ့ဆုံဆွေးနွေးနေသည်ကို ၂၀၂၁ ခုနှစ် ဇွန် ၁၆ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

စဉ်းစားဆင်ခြင်မှု၊ ဥပဒေအနှစ်သာရရှိသည့် အာမခံချက်မျိုး ရုရှားဘက်က လိုအပ်ရာ ယူကရိန်းနှင့်ဂျော်ဂျီယာကို နေတိုးအဖွဲ့ထဲ မည်သည့်အခါမျှ ထည့်သွင်းမည် မဟုတ်ဟူသော အာမခံမှုဖြစ်ကြောင်း၊ ယင်းကိစ္စက ရုရှားအတွက် အဓိကကျသည့် အမျိုးသားလုံခြုံရေးအရေးကိစ္စဖြစ်ပြီး ဤပြဿနာဖြေရှင်းရန် အချိန်ဆွဲထားခြင်းသည် လုံးဝသည်းညည်းခံ၍မရကြောင်း Sergei Ryabkovက ဆိုသည်။ လက်ရှိဆွေးနွေးသည့်အဆင့်တွင် အမေရိကန်နိုင်ငံအနေဖြင့် အကြီးမားဆုံး တာဝန်အသိစိတ်ရှိဖို့ တိုက်တွန်းကြောင်း၊တစ်ချိန်တည်းမှာပင် နေတိုးအနေဖြင့်လည်း တွေ့ဆုံဆွေးနွေးမှုကို လမ်းဆုံးသို့ မတွန်းပို့ဖို့ တိုက်တွန်းကြောင်း၊ ရုရှား၏အကြုံပြုချက်ကို ရှေးရှု၍ လျှောက်လှမ်းသင့်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ဆွေးနွေးပွဲနှင့်စပ်လျဉ်း၍ Wendy Sherman က ဇန်နဝါရီ ၁၀ ရက် ဂျီနီဗာမှ တယ်လီဖုန်းဖြင့် မီဒီယာများအား ရှင်းလင်းပြောကြားခဲ့သည်။ ရုရှားတောင်းဆိုသည့် လုံခြုံရေးအဆိုပြုချက်များကို “ပြတ်ပြတ်သားသား ငြင်းပယ်”ခဲ့ကြောင်း ၊ ယူကရိန်းကို နေတိုးအဖွဲ့သို့ မထည့်သွင်းခြင်း၊ ယူကရိန်းနှင့်လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုအား ရပ်တန့်ခြင်း စသည်တို့အပါအဝင်ကြောင်း ၊ သက်ဆိုင်ရာ အဆိုပြုချက်များက နေတိုး၏”တံခါးဖွင့်”မူဝါဒနှင့် ဆန့်ကျင်နေကြောင်း ဆိုသည်။ ဥရောပလုံခြုံရေးဆုံးဖြတ်မှုတွင် ယူကရိန်းနှင့်နေတိုး၏ ပါဝင်မှုရှိရမည်ဟု အမေရိကန်အနေဖြင့် ယူဆကြောင်း ၎င်းက ပြောကြားခဲ့သည်။

ကွဲလွဲမှုများရှိသော်လည်း ဆက်လက်ဆွေးနွေးနိုင်

ယခုအကြိမ်တွေ့ဆုံမှုသည် နှစ်ဖက်အကြား တတိယအကြိမ်မြောက် ‌တွေ့ဆုံဆွေးနွေးခြင်း ဖြစ်သည်။ ပြီးခဲ့သည့်နှစ် ဇွန်လတွင် အမေရိကန် သမ္မတ ဘိုင်ဒန် နှင့် ရုရှားသမ္မတ ပူတင်တို့ ဂျီနီဗာတွင် တွေ့ဆုံပြီးနောက် ပူးတွဲကြေညာချက်ထုတ်ပြန်ခဲ့ရာ နှစ်နိုင်ငံအနေဖြင့် စစ်လက်နက်ထိန်းချုပ်ရေး၊ပဋိပက္ခအန္တရာယ်လျှော့ချရေးစသည့်တို့တွင် နှစ်ဖက်မဟာဗျူဟာတည်ငြိမ်ရေး တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်သွားမည်ဟု ကြေညာခဲ့သည်။ ပြီးခဲ့သည့်နှစ် ဇူလိုင်နှင့်စက်တင်ဘာလများတွင် အမေရိကန်-ရုရှား နှစ်ကြိမ် တွေ့ဆုံဆွေးနွေးပွဲကို ဂျီနီဗာတွင် ပြုလုပ်ခဲ့သည်။ တွေ့ဆုံမှုများတွင် ယူကရိန်းအရေးစသည့် ကဏ္ဍများကို အဓိကထား ဆွေးနွေးခဲ့ကြသည်။

ယခုကာလများတွင် ရုရှားနှင့်အမေရိကန် စသည့် အနောက်နိုင်ငံများ၏ ဆက်ဆံရေးသည် ယူကရိန်းကြောင့် ဆက်တိုက်တင်းမာမှုများ ဖြစ်ပေါ်လျက်ရှိသည်။ ယူကရိန်းကို ရုရှား ကျူးကျော်မည်ဟု အမေရိကန်နှင့်ယူကရိန်းဘက်က မပြတ်ပြောကြားနေသလို ရုရှားကလည်း အခြေအနေ ဆက်တိုက် ဆိုးဝါးလာရခြင်းသည် ရုရား၏ လုံခြုံရေးနယ်ကို နေတိုး ရှေ့တိုးဖိအားပေးနေခြင်းကြောင့် ဖြစ်ကြောင်း ပြောကြာခဲ့သည်။

ဇန်နဝါရီ ၁၀ ရက် တွေ့ဆုံဆွေးနွေးမှုတွင် Sergei Ryabkovက ရုရှားအနေဖြင့် ယူကရိန်းကို ထိုးစစ်ဆင်ဖို့ဆန္ဒမရှိသလို ထိုသို့ဆောင်ရွက်၍လည်း မရကြောင်း အလေးထားပြောကြားခဲ့သည်။

Wendy Shermanက သံတမန်နည်းလမ်းနှင့် ယူကရိန်းအရေးကို ဖြေရှင်းခြင်းအား ကြိုဆိုကြောင်း၊ သို့သော်လည်း ရုရှား-ယူကရိန်း နယ်စပ် တင်းမာမှုလျော့နည်းအောင် ရုရှားဘက်က လက်တွေ့ဆောင်ရွက်မှသာ ယူကရိန်းအရေးသည် လက်တွေ့တိုးတက်မှုရှိလာနိုင်မည်ဖြစ်ကြောင်း ဆိုသည်။ အကယ်၍ ရုရှားက ယူကရိန်းကို နောက်တစ်ဆင့်ကျူးကျော် ဝင်ရောက်လာမည်ဆိုပါက အလျော်အစားကြီးသည့် နောက်ဆက်တွဲဆိုးကျိုးများကို ရင်ဆိုင်ရမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

Sergei Ryabkovက ရုရှား-အမေရိကန် တွေ့ဆုံဆွေးနွေးမှုက လုံးဝမျှော်လင့်ချက်ကင်းမဲ့သည်တော့ မဟုတ်ကြောင်း ၊ ရုရှား-အမေရိကန်၊နေတိုး တို့၏ လုံခြုံရေးအာမခံမှုသဘောတူညီချက် အခြေခံက တည်ရှိနေကြောင်း ဆိုသည်။

“အနှစ်သာရရှိသည့် တန်းတူညီတူ တွေ့ဆုံဆွေးနွေးမှုများ”ကို ရုရှားနှင့်အတူ အားထားလုပ်ဆောင်သွားမည်ဖြစ်ပြီး ဆွေးနွေးမှုတွင်ပါဝင်သည့် အကြောင်းအရာများကို အမြန်ဆုံး နောက်တစ်ဆင့် ညှိနှိုင်းဆွေးနွေးသွားမည် ဖြစ်ကြောင်း ဆိုသည်။

နိုင်ငံရေးအားပြိုင်မှု ဆက်လက်တည်ရှိနေ

ရုရှား-အမေရိကန် လုံခြုံရေး တွေ့ဆုံဆွေးနွေးမှုအပြီး ဇန်နဝါရီ ၁၂ ရက်တွင် ရုရှား-နေတိုး တွေ့ဆုံဆွေးနွေးမှုကို ဘယ်လ်ဂျီယမ်နိုင်ငံ ဘရပ်ဆဲလ်မြို့တွင် ကျင်းပမည် ဖြစ်ပြီး ဇန်နဝါရီ ၁၃ ရက်တွင် ရုရှား-ဥရောပလုံခြုံရေးနှင့်ပူးပေါင်းဆောင်ရွက်မှုအဖွဲ့(OSCE)က ဩစတြီးယားနိုင်ငံ ဗီယင်နာတွင် တွေ့ဆုံဆွေးနွေးမည်ဖြစ်သည်။

ရုရှားနှင့်အမေရိကန် စသည့် အနောက်နိုင်ငံများအကြား မဟာဗျူဟာ အပြန်အလှန် ယုံကြည်မှု ရေရှည်မရှိခြင်း အကြောင်းတရားများကြောင့် ရုရှားနှင့်အနောက်နိုင်ငံများ၏ ပဋိပက္ခသည် အရင်းအမြစ်မှ ကောင်းမွန်အောင်ဖြေရှင်းရန် ခဲယဉ်းနေခြင်း ဖြစ်ကြောင်း သုံးသပ်သူ အချို့က ထောက်ပြပြောကြားခဲ့သည်။ တွေ့ဆုံဆွေးနွေးလိုမှုကို ရုရှားနှင့်အမေရိကန် နှစ်နိုင်ငံလုံးက ပြသကြသော်လည်း ယူကရိန်းအရေး နိုင်ငံရေးအားပြိုင်မှုက ရုရှားနှင့်အမေရိကန်စသည့် အနောက်နိုင်ငံများတွင် ရှိနေဆဲဖြစ်ကြောင်း ဆိုသည်။

ဂျီနီဗာ လုံခြုံရေးမူဝါဒဆိုင်ရာ သုတေသနဌာန ညွှန်ကြားရေးမှူး၊ OSCE ယခင်အတွင်းရေးမှူးချုပ် Thomas Gremingerက အမေရိကန်-ရုရှား ဤသို့တွေ့ဆုံးဖလှယ်မှုက အပြုသဘောဆောင်သည့် လက္ခဏာကို ထုတ်ပြခြင်း ဖြစ်သော်လည်း နှစ်ဘက်ကွဲလွဲမှုများက “လျင်မြန်စွာဖြေရှင်းမည့်နည်းလမ်းမရှိ”ကြောင်း ၊ အသေးစိတ်ရလဒ်များက အလွယ်တကူဖြစ်မြောက်ခဲကြောင်း ဆိုသည်။

“အသစ်တစ်ကြိမ်တွေ့ဆုံဆွေးနွေးမှုက နှစ်ဘက်အကြား အတူဂရုပြုကြတဲ့ ကိစ္စရပ်များကို ရှင်းလင်းပြောကြားဖို့နဲ့ မျှော်မှန်းချက်တွေကို ဖလှယ်ဖို့ အခွင့်အရေး ဖြစ်ပါလိမ့်မယ်။ တစ်ချိန်တည်းမှာပဲ ဥရောပနိုင်ငံအားလုံး အထူးသဖြင့် တိုက်ရိုက်သက်ဆိုင်မှုရှိတဲ့နိုင်ငံအားလုံး တွေ့ဆုံဆွေးနွေးမှုမှာပါဝင်လာဖို့က အထူး အရေးကြီးပါတယ်”ဟု ၎င်းက ဆိုသည်။

ဂျီနီဗာရှိ နိုင်ငံတကာနှင်ဖွံ့ဖြိုးတိုးတက်ရေး သုတေသနဌာန ပါမောက္ခ Keith Krauseက အမေရိကန်သည် ရုရှားနှင့်ဆက်ဆံရေးကို ပြန်ပြီး ညှိနှိုင်းချိန်ညှိချင်သည်မှာ မှန်ကန်ကြောင်း ၊ သို့သော် ထိုသို့ဆောင်ရွက်ရန်မှာ အချိန်ရှည်ကြာနှေးကွေးစွာသွားရမည့် ဖြစ်စဉ် ဖြစ်ကြောင်း ဆိုသည်။ အမေရိကန်-ရုရှား လက်ရှိတွင် ကွဲလွဲမှုကြီးများ ရှိနေသည်တစ်ချိန်တည်းတွင်ပင် နှစ်ဖက်၏ ဘုံအကျိုးစီးပွားကလည်း အလွန်တိကျရှင်းလင်းမှုရှိကြောင်း ၊ နှစ်ဖက်အကြား သဘောတူညီချက်တစ်စုံတစ်ရာ ရရှိရန်အလားအလာ ပွင့်လင်းမှုမရှိသေးသော်လည်း တွေ့ဆုံဆွေးနွေး ထိန်းသိမ်းထားရှိပြီး အန္တရာယ်အခြေအနေကို ထိန်းချုပ်ရန်မှာ မျှော်လင့်ရာ ဖြစ်ကြောင်း ဆိုသည်။ (Xinhua)

……………………………………
(English Version)

全球连线 | 俄罗斯与西方再对话,两家会把天聊死么?
2022-01-11 16:55:04
新华社日内瓦1月11日电 为期一天的美俄新一轮战略稳定对话10日在瑞士日内瓦举行。俄罗斯副外长里亚布科夫与美国常务副国务卿舍曼分别率两国代表团出席,双方在谈判主要问题上未取得进展。
北约东扩悬而未决

里亚布科夫当天在结束对话后举行的新闻发布会上表示,此次谈判过程艰难、时间漫长、内容专业、深入且具体,然而谈判的主要问题仍然悬而未决,双方未就禁止北约东扩问题取得进展。
拼图:左为里亚布科夫,右为舍曼。

里亚布科夫说,俄方需要的是理智的、有法律意义的保障,保障乌克兰和格鲁吉亚永远不会成为北约成员国,这对俄罗斯而言是一个关键的国家安全问题,俄方不能容忍在解决这个问题上拖延。他表示,俄呼吁美国在当前谈判阶段展现出最大责任感,同时呼吁北约不要将对话带入死胡同,而应朝着俄罗斯的建议迈进。
舍曼10日在日内瓦通过电话会议向媒体介绍对话情况时说,美方在对话中“断然拒绝”了俄方提出的一系列安全提议,包括要求北约不得吸收乌克兰为成员、终止与乌方安全合作等,相关提议有悖于北约的“开放门户”政策。美方认为,欧洲安全问题的决策过程必须有乌克兰和北约的参与。
有分歧但可以继续谈
这一轮会晤是双方的第三轮对话。去年6月,美国总统拜登和俄罗斯总统普京在日内瓦会晤后发表联合声明,宣布两国将就军控和降低冲突风险等开展双边战略稳定对话。去年7月和9月,美俄已在日内瓦举行了两轮对话。

2021年6月16日,美国总统拜登(左)和俄罗斯总统普京在瑞士日内瓦的拉格朗热别墅举行会晤。(新华社发)
对话主要围绕乌克兰局势等议题展开。近来,俄罗斯与美国等西方国家的关系因乌克兰问题持续紧张。美国和乌克兰不断渲染俄罗斯“入侵”乌克兰的威胁,俄方则强调局势持续恶化是因为北约不断挤压俄罗斯安全空间。
在10日的对话当中,里亚布科夫强调,俄罗斯无意“进攻”乌克兰,也不可能这样做。

舍曼说,美国欢迎通过外交途径解决乌克兰问题,但只有在俄罗斯采取切实措施降低俄乌边境紧张局势的条件下,乌克兰问题的解决才能取得实质进展。如果俄“进一步入侵”乌克兰,将付出沉重代价并面临严重后果。
里亚布科夫认为,俄美对话并非毫无希望,俄罗斯与美国和北约就安全保障问题达成协议的基础是存在的。
舍曼表示,美方致力于与俄方进行“有意义的对等对话”,将尽快与俄方就当天对话中涉及的双边问题进行下一步讨论。
政治博弈持续
俄美安全对话之后的12日,俄罗斯与北约将在比利时首都布鲁塞尔举行对话。13日,俄罗斯与欧洲安全与合作组织将在奥地利首都维也纳对话。

分析人士指出,俄罗斯与美国等西方国家长期缺乏战略互信,多重因素令俄罗斯与西方矛盾难以得到根本改善。尽管俄美均展现出愿意对话的姿态,但俄罗斯与美国等西方国家围绕乌克兰问题的政治博弈将持续。

日内瓦安全政策研究中心主任、前欧洲安全与合作组织(欧安组织)秘书长托马斯•格雷明格表示,美俄这种会面和交流传递出一种积极信号,但双方的分歧“没有快速解决方案”,具体成果不会一蹴而就。“新一轮对话将是双方阐明共同关切、交流共同期望的机会。同时,让所有欧洲国家尤其是直接相关国家尽快参与对话也非常重要。”

日内瓦国际与发展研究所教授基思•克劳斯表示,美国的确试图重新调整与俄罗斯的关系,但这将是一个漫长而缓慢的过程。美俄目前分歧巨大,但与此同时,双方的共同利益也很明确。尽管双方达成某种协议的前景并不明朗,但双方通过对话管控风险的势头将有望保持。(记者:聂晓阳、姜雪兰、黄河、华迪、陈嫱、邓仙来、郑昊宁;报道员:玛蒂娜•福斯;剪辑:孙硕;编辑:王丰丰、孙浩、唐志强、王玉、何毅、班威)
新华社国际部制作
新华社国际传播融合平台出品

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.