Connect with us

Environment, Disasters & Accidents

ရေဘေးအန္တရာယ် ကာကွယ်ရေးနှင့်ကူညီကယ်ဆယ်ရေးလုပ်ငန်းများ နည်းလမ်းသုံးသွယ်ဖြင့် ကောင်းမွန်အောင် ဆောင်ရွက်ရန် တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီ စီမံညွှန်ကြား

တရုတ်နိုင်ငံ ဟဲနန်ပြည်နယ်တွင် တရုတ်ပြည်သူလွတ်မြောက်ရေးတပ်မတော်နှင့်ရဲတပ်ဖွဲ့ဝင်များက ရေဘေးအန္တရာယ် ကယ်ဆယ်ရေးများ ပြုလုပ်နေသည်ကို ဇူလိုင် ၂၁ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း၊ ဇူလိုင် ၂၂ ရက်(ဆင်ဟွာ)

ဇူလိုင် ၂၁ ရက်က တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီ အမြဲတမ်းအစည်းအဝေးတွင် ရေဘေးအန္တရာယ် ကာကွယ်ရေးနှင့်ကူညီကယ်ဆယ်ရေး လုပ်ငန်းများကို အလျင်အမြန် ထိထိရောက်ရောက် စီမံခန့်ဆောင်ရွက်ခဲ့သလို ပြည်သူလူထု၏အသက်အိုးအိမ်စည်းစိမ် လုံခြုံရေးကို ဦးထိပ်ထားဆောင်ရွက်ရန် ညွှန်ကြားခဲ့ကြောင်း သိရသည်။ယခုရက်ပိုင်းများတွင် တရုတ်နိုင်ငံ နေရာအများအပြားတွင် မိုးသည်းထန်စွာ ရွာသွန်းခဲ့ရာ ဟဲနန်ပြည်နယ် အချို့ဒေသများတွင် အလွန်အမင်း မိုးသည်းထန်မှုကြောင့် ဆိုးဝါးသည့်ရေကြီးရေလျှံမှုများဖြစ်ပွားခဲ့ပြီး ကြုံခဲလှသည့် မြို့တွင်း ရေလျှံမှုများ ဖြစ်ပွားခဲ့သဖြင့် လူသေဆုံး ဒဏ်ရာရမှုနှင့် ပျက်စီးဆုံးရှုံးများ ဖြစ်ပွားခဲ့သည်။

တရုတ်နိုင်ငံ ဟဲနန်ပြည်နယ်တွင် တရုတ်ပြည်သူလွတ်မြောက်ရေးတပ်မတော်နှင့်ရဲတပ်ဖွဲ့ဝင်များက ရေဘေးအန္တရာယ် ကယ်ဆယ်ရေးများ ပြုလုပ်နေသည်ကို ဇူလိုင် ၂၁ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ရေဘေးအန္တရာယ် ကာကွယ်ရေးနှင့်ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် အဆိုပါအစည်းအဝေးတွင် သက်ဆိုင်ရာကျွမ်းကျင်ပညာရှင် အင်အားစုများ၊ ငွေကြေး၊ ထောက်ပံ့ရေးပစ္စည်းများ စုစည်း၍ ဟဲနန်၏ ရေဘေးအန္တရာယ်ကယ်ဆယ်ရေးလုပ်ငန်းကို ပံ့ပိုးကူညီရန်၊ အရေးကြီးနေရာများ၏ကူညီကယ်ဆယ်မှုများကို တိုးမြှင့်ဆောင်ရွက်ပြီး မြို့တွင်းရေလျှံမှုနှင့်ရွှံသဲရေ စီးဆင်းမှုစသည့် နောက်ဆက်တွဲဘေးအန္တရာယ်များကို ကြိုတင်ကာကွယ်ရန်၊ မိုးလေဝသစောင့်ကြည့်ရေး ကြိုတင်သတိပေးချက်များ အဆင့်မြှင့်တင်ဆောင်ရွက်ခြင်းဖြင့် ပုံမှန်မဟုတ်သည့် ရာသီဥတုများကြောင့် ဖြစ်ပွားလာနိုင်သည့် ဘေးအန္တရာယ်ကို ကြိုတင်ကာကွယ် ပြင်ဆင်မှုများ ပြုလုပ်ရန် လမ်းညွှန်ချက် သုံးရပ်ကို အတည်ပြုခဲ့ကြောင်း သိရသည်။

တရုတ်နိုင်ငံ ဟဲနန်ပြည်နယ်တွင် တရုတ်ပြည်သူလွတ်မြောက်ရေးတပ်မတော်နှင့်ရဲတပ်ဖွဲ့ဝင်များက ရေဘေးအန္တရာယ် ကယ်ဆယ်ရေးများ ပြုလုပ်နေသည်ကို ဇူလိုင် ၂၁ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ကူညီကယ်ဆယ်ရေး အင်အားစုများကို စုစည်းရာတွင် တရုတ်နိုင်ငံ အမျိုးသားရေဘေးအန္တရာယ်ကာကွယ်ရေးနှင့် မိုးခေါင်ရေရှားတိုက်ဖျက်ရေး ဌာန ညွှန်ကြားမှုဌာနချုပ်မှ ညွှန်ကြားကူညီပံ့ပိုးများ ပြုလုပ်နိုင်ရန်အတွက် ဟဲနန် နှင့် ဟဲပေပြည်နယ်သို့ ပညာရှင်အဖွဲ့ (၂) ဖွဲ့ စေလွှတ်ထားကြောင်း အရေးပေါ်စီမံခန့်ခွဲရေးဌာနမှ သိရသည်။

တရုတ်နိုင်ငံ ဟဲနန်ပြည်နယ်တွင် တရုတ်ပြည်သူလွတ်မြောက်ရေးတပ်မတော်နှင့်ရဲတပ်ဖွဲ့ဝင်များက ရေဘေးအန္တရာယ် ကယ်ဆယ်ရေးများ ပြုလုပ်နေသည်ကို ဇူလိုင် ၂၁ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

မီးသတ်ကယ်ဆယ်ရေးအဖွဲ့က အနီးရှိဒေသများမှ မီးသတ်တပ်ဖွဲ့ဝင် (၁,၈၀၀) နှင့် ရေယာဉ် အစီး (၂၅၀)ကို ကူညီရန် စုစည်းထားပြီဖြစ်ကြောင်း သိရသည်။ တစ်ချိန်တည်းမှာပင် အင်ဂျင်နီယာ ကယ်ဆယ်ရေးအင်အားစုများကလည်း ကူညီကယ်ဆယ်ရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်လျက်ရှိရာ ရေဘေးဒဏ်သင့်အဓိကဒေသများ၏ ရွှံ့နွံရှင်းလင်းရေး၊ ရေနုတ်မြောင်းနှင့်လမ်းရှင်းလင်းရေး၊ တာတမံခိုင်ခံ့အောင် ဆောင်ရွက်ခြင်း စသည့် လုပ်ငနးများကို တစ်ပြိုင်တည်း ဆောင်ရွက်လျက်ရှိသည်။

တရုတ်နိုင်ငံ ဟဲနန်ပြည်နယ်တွင် တရုတ်ပြည်သူလွတ်မြောက်ရေးတပ်မတော်နှင့်ရဲတပ်ဖွဲ့ဝင်များက ရေဘေးအန္တရာယ် ကယ်ဆယ်ရေးများ ပြုလုပ်နေသည်ကို ဇူလိုင် ၂၁ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ဇူလိုင် ၂၁ ရက် ၁၄ နာရီအထိ မီးသတ်ကယ်ဆယ်ရေးအဖွဲ့က စေလွှတ်သည့် တပ်ဖွဲ့ဝင် အကြိမ်ရေ (၂၃,၇၀၀)၊ ရေယာဉ် အကြိမ်ရေ (၃,၁၂၁)ရှိရာ ပိတ်မိနေသူ စုစုပေါင်း (၆,၄၅၉)ဦးကို ကယ်ဆယ်နိုင်ခဲ့ပြီး လူပေါင်း (၁၅,၃၀၀)ကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ကြောင်း သိရသည်။

ဆည်မြောင်းဝန်ကြီးဌာနက ဇူလိုင် ၂၁ ရက် ၂ နာရီတွင် ရေဘေးနှင့်မိုးခေါရေရှားကာကွယ်ရေး အရေးပေါ်အဆင့် Ⅳ မှ Ⅲကို တိုးမြှင့်ခဲ့သည်။ ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်ပြီးနောက် ဟဲနန်ပြည်နယ် ကျိန့်ကျိုးမြို့ ချိန်ချွမ်းရေလှောင်ကန်နှင့် ကောကျားကျု ရေလှောင်ကန်၏ ရေအမှတ် ဆက်တိုက် ကျလာပြီဖြစ်ကြောင်း ၊ နောက်ဆက်တွဲစောင့်ကြည့်စစ်ဆေးမှု ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

တရုတ်နိုင်ငံ ဟဲနန်ပြည်နယ်တွင် တရုတ်ပြည်သူလွတ်မြောက်ရေးတပ်မတော်နှင့်ရဲတပ်ဖွဲ့ဝင်များက ရေဘေးအန္တရာယ် ကယ်ဆယ်ရေးများ ပြုလုပ်နေသည်ကို ဇူလိုင် ၂၁ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

“ဇူလိုင် ၂၁ ရက် ညပိုင်းမှစ၍ ဟဲပေ၊ ဟဲနန်၊ ဆန်းရှီး ပြည်နယ်သုံးခု ထိစပ်သည့်ဒေသများတွင် မိုးရေများနိုင်တယ်။ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ပင်လယ်၊မြစ်ကြောင်းဒေသများကို အထူးဂရုပြုရမှာဖြစ်ပြီး မြစ်ဝါမြစ် အလယ်ပိုင်း၊ ဟွိုင်ဟော်မြစ်ညာမြစ်ဝှမ်ဒေသများတွင် ရေကြီးနိုင်မှုအခြေအနေအား ဂရုပြုရန် လိုအပ်ကြောင်း”ဗဟိုမိုးဇလဌာန အကြီးအကဲ ချန်ထောင်းက ဆိုသည်။

တရုတ်နိုင်ငံ ဆည်မြောင်းဝန်ကြီးဌာနနှင့် မိုးဇလဦးစီးဌာနမှ ဇူလိုင် ၂၁ ရက် ၁၈ နာရီက အနီရောင်အဆင့် ရေဘေးအန္တရာယ် သတိပေးချက်ကို ပူးတွဲသတိပေးချက်ထုတ်ပြန်ခဲ့ရာ ဇူလိုင် ၂၁ ရက် ၂၀ နာရီမှ ဇူလိုင် ၂၂ ရက် ၂၀ နာရီအတွင်း ဟဲပေပြည်နယ် အနောက်တောင်ပိုင်း၊ ဆန်ရှီးပြည်နယ် အရှေ့တောင်ပိုင်း၊ ဟဲနန်ပြည်နယ် မြောက်ပိုင်း စသည့် အချို့ဒေသများရေဘေးအန္တရာယ် ဖြစ်ပွားနိုင်ခြေများသည့် လိမ္မော်ရောင်အဆင့် ကြိုတင်သတိပေးချက် ထုတ်ပြန်ခဲ့ပြီး အချို့နေရာများတွင် ရေဘေးအန္တရာယ်ဖြစ်ပွားနိုင်ခြေ အလွန်များသည့် အနီရောင်အဆင့် သတိပေးချက် ထုတ်ပြန်ခဲ့ ကြောင်းသိရသည်။

ဒေသအသီးသီးတွင် အချိန်နှင့်တပြေးညီစောင့်ကြည့်မှုများ ပြုလုပ်ရန်၊ ရေဘေးအန္တရာယ်ကြိုတင် သတိပေးရန်နှင့် ဘေးလွတ်ရာသို့ ရွှေ့ပြောင်း ပေးသည့် ကြိုတင်ကာကွယ်မှုလုပ်ငန်းများလုပ်ဆောင်ကြရန် သက်ဆိုင်ရာဌာနများက သတိပေးထားကြောင်းလည်း သိရသည်။ (Xinhua)
———————————————————-
(Chinese Version)

(国务院常务会议解读)三方面举措做好防汛抢险工作

新华社北京7月21日电(记者黄垚、高敬)21日召开的国务院常务会议部署抓紧抓实防汛救灾工作,要求确保人民生命财产安全。
近日我国多地出现强降雨,河南局地又遭遇极端强降雨,发生严重洪涝灾害特别是罕见的城市内涝,造成重大人员伤亡和财产损失。
会议明确,一要组织相关专业力量,调集资金和物资,支持帮助河南全力抢险救灾;二要加大对重点地区防汛抗灾的支持,防范城市内涝和泥石流等次生灾害;三要加强气象监测预警,做足防范异常天气可能导致灾害的各项准备。

记者从应急管理部获悉,在调集救援力量方面,国家防总立即增派2个专家组分赴河南、河北指导帮助工作。消防救援队伍从周边地区跨区域调集消防指战员1800人和250艘舟艇驰援。同时组织工程抢险力量参与救援,支持重点地区清淤、排涝、道路疏通、加固堤防等工作。
水利部21日2时将水旱灾害防御Ⅳ级应急响应提升至Ⅲ级。经过抢险后,河南郑州常庄水库和郭家咀水库水位持续下降。水利部门表示,后续将加大对坝体险情观测,继续加大开挖力度,加大泄量降低水位。

当前我国正处“七下八上”主汛期和防汛关键期,据气象部门预报,近期部分地方仍有强降雨。
中央气象台首席预报员陈涛分析说:“21日夜间开始,河北、河南、山西三省交界地区降水集中。受强降水影响,需要重点关注海河流域、黄河中游、淮河上游流域汛情。”

水利部和中国气象局于21日18时联合发布红色山洪灾害气象预警:预计21日20时至22日20时,河北西南部、山西东南部、河南北部等地部分地区发生山洪灾害可能性大(橙色预警),局地发生山洪灾害可能性很大(红色预警)。
相关部门提醒,各地注意做好实时监测、防汛预警和转移避险等防范工作。(完)
新华社照片,郑州,2021年7月21日, 解放军和武警部队闻“汛”在河南多地展开抢险救灾 新华社发