Connect with us

Africa & Middle East

လက်ဘနွန်နိုင်ငံသို့ ငြိမ်းချမ်းရေးခရီးစဉ်သွားရောက်သည့် တရုတ်နိုင်ငံ ဘက်စုံအင်ဂျင်နီယာတပ်ဖွဲ့ ကုလသမဂ္ဂ၏စက်ပစ္စည်းစစ်ဆေးမှု အောင်မြင်

လက်ဘနွန်နိုင်ငံတောင်ပိုင်း စင်နီယာကျေးရွားရှိ တရုတ်နိုင်ငံ ငြိမ်းချမ်းရေးထိန်းသိမ်းမှုတပ်ဖွဲ့တွင် လက်ဘနွန်အခြေစိုက် ကုလသမဂ္ဂယာယီတပ်ဖွဲ့ (UNIFIL)ဌာနချုပ် စိစစ်ရေးအဖွဲ့က စက်ပစ္စည်းကိရိယာများအား လာရောက်စစ်ဆေးစိစစ်နေသည်ကို နိုဝင်ဘာ ၂၆ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ဘေရွတ်၊ နိုဝင်ဘာ ၂၉ ရက်(ဆင်ဟွာ)

လက်ဘနွန်နိုင်ငံသို့ ငြိမ်းချမ်းရေးခရီးစဉ်သွားရောက်သည့် အသုတ် ၂၀ မြောက် တရုတ်နိုင်ငံ ဘက်စုံ အင်ဂျင်နီယာတပ်ဖွဲ့သည် ပြီးခဲ့သည့်ရက်က ကုလသမဂ္ဂ၏ ယခုနှစ်နောက်ဆုံး စက်ပစ္စည်းများစစ်ဆေးမှုကို ကဏ္ဍစုံထူးချွန်အဆင့်ဖြင့် အောင်မြင်ခဲ့ကြောင်း သိရသည်။

လက်ဘနွန်နိုင်ငံတောင်ပိုင်း စင်နီယာကျေးရွားရှိ တရုတ်နိုင်ငံ ငြိမ်းချမ်းရေးထိန်းသိမ်းမှုတပ်ဖွဲ့တွင် လက်ဘနွန်အခြေစိုက် ကုလသမဂ္ဂယာယီတပ်ဖွဲ့ (UNIFIL)ဌာနချုပ် စိစစ်ရေးအဖွဲ့က မော်တော်ယာဉ်စသည့်တို့အား လာရောက်စစ်ဆေးစစ်ဆေးနေသည်ကို နိုဝင်ဘာ ၂၆ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

လက်ဘနွန်နိုင်ငံတောင်ပိုင်း စင်နီယာကျေးရွားရှိ တရုတ်နိုင်ငံ ငြိမ်းချမ်းရေးထိန်းသိမ်းမှုတပ်ဖွဲ့တွင် လက်ဘနွန်အခြေစိုက် ကုလသမဂ္ဂယာယီတပ်ဖွဲ့ (UNIFIL)ဌာနချုပ် စိစစ်ရေးအဖွဲ့က စက်ပစ္စည်းကိရိယာများအား လာရောက် ဓါတ်ပုံရိုက်ကူးမှတ်တမ်းတင်စစ်ဆေးနေသည်ကို နိုဝင်ဘာ ၂၆ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

လက်ဘနွန်နိုင်ငံတောင်ပိုင်း စင်နီယာကျေးရွားရှိ တရုတ်နိုင်ငံ ငြိမ်းချမ်းရေးထိန်းသိမ်းမှုတပ်ဖွဲ့တွင် လက်ဘနွန်အခြေစိုက် ကုလသမဂ္ဂယာယီတပ်ဖွဲ့ (UNIFIL)ဌာနချုပ် စိစစ်ရေးအဖွဲ့က မီးသတ်သုံးပစ္စည်းကိရိယာများအား လာရောက် ဓါတ်ပုံရိုက်ကူးမှတ်တမ်းတင်စစ်ဆေးနေသည်ကို နိုဝင်ဘာ ၂၆ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

လက်ဘနွန်နိုင်ငံတောင်ပိုင်း စင်နီယာကျေးရွားရှိ တရုတ်နိုင်ငံ ငြိမ်းချမ်းရေးထိန်းသိမ်းမှုတပ်ဖွဲ့တွင် လက်ဘနွန်အခြေစိုက် ကုလသမဂ္ဂယာယီတပ်ဖွဲ့ (UNIFIL)ဌာနချုပ် စိစစ်ရေးအဖွဲ့က စက်ပစ္စည်းကိရိယာများအား လာရောက်စစ်ဆေးစိစစ်နေသည်ကို နိုဝင်ဘာ ၂၆ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ယခုအကြိမ်စစ်ဆေးမှုတွင် ပင်မစက်ပစ္စည်းများ၊ ကိုယ်တိုင်ထိန်းသိမ်းမှုရှိစက်ပစ္စည်းများနှင့်အထွေထွေထောက်ပို့ရေးစက်ပစ္စည်းများဟူ၍ သုံးပိုင်းပါဝင်ကြောင်း သိရသည်။ လက်ဘနွန်အခြေစိုက် ကုလသမဂ္ဂယာယီတပ်ဖွဲ့ (UNIFIL)ဌာနချုပ်မှ စိစစ်ရေးအဖွဲ့စေလွှတ်ပြီး လက်ဘနွန်ငြိမ်းချမ်းရေးခရီးစဉ်အဖြစ် တရုတ်နိုင်ငံမှ စေလွှတ်သော အသုတ် ၂၀ မြောက် ဘက်စုံ အင်ဂျင်နီယာတပ်ဖွဲ့ရှိ လက်နက်ခဲယမ်း၊ မော်တော်ယာဉ်စက်ပစ္စည်း၊ စစ်တန်းလျားတပ်ဖွဲ့သုံးပစ္စည်းများ၊ ရေသန့်စက်၊ ရုံးသုံးပစ္စည်း စသည့် တို့အား စစ်ဆေးစိစစ်မှုများပြုလုပ်ခဲ့ရာ စက်ပစ္စည်းအမျိုးအစားအသီးသီး၏အရေအတွက်၊အရည်အသွေးနှင့် ထိန်းသိမ်းထားရှိမှုနည်းလမ်းများအား အသေးစိတ်သုံးသပ်မှုများ ပြုလုပ်ခဲ့သည်။

စစ်ဆေးစိစစ်မှုတွင် တပ်ဖွဲ့ဝင်အရာရှိစစ်သည်များက မိမိတာဝန်ကျရာနေရာတွင် သက်ဆိုင်ရာစက်ပစ္စည်းကိရိယာများ၏ အရေအတွက်၊အရည်အသွေးနှင့်လက်နက်ပစ္စည်းနည်းပညာ၊နည်းဗျူဟာများအား တိကျစွာ ရှင်းလင်းပြောကြားခဲ့ပြီး သရုပ်ပြဆောင်ရွက်ခဲ့သည်။

လက်ဘနွန်နိုင်ငံ ငြိမ်းချမ်းရေးခရီးစဉ် တရုတ်နိုင်ငံဘက်စုံအင်ဂျင်နီယာတပ်ဖွဲ့ တပ်ခွဲမှူး ကောင်းကျီချန်က “စက်ပစ္စည်းစစ်ဆေးမှုက စိန်ခေါ်မှုတစ်ခုပါပဲ၊ ဒါပေမယ့် ကျွန်တော်တို့ရဲ့ရည်ရွက်ချက်က စိစစ်မှုကို အဆင်ပြေပြေအောင်မြင်ဖို့တင်မဟုတ်ပါဘူး။ ဒီလို စစ်ဆေးမှုကတစ်ဆင့် ရှုပ်ထွေးတဲ့ပတ်ဝန်းကျင်မှာ စက်ပစ္စည်းကိရိယာထိန်းသိမ်းမှု ပိုပြီး အဆင့်မြှင့်တင်နိုင်ဖို့၊ ပြည်ပငြိမ်းချမ်းရေးခရီးစဉ်တာဝန်တွေကို ဆောင်ရွက်ရာမှ မိမိကိုယ်ကိုကာကွယ်ထိန်းသိမ်းနိုင်တဲ့စွမ်းရည်ကို ပြန်လည်သုံးသပ်စိစစ်နိုင်ဖို့ ၊ ကဏ္ဍစုံ ငြိမ်းချမ်းရေးထိန်းသိမ်းမှုတာဝန်တွေကို အာမခံမှုရှိနိုင်စေဖို့ ရည်ရွယ်ခြင်း ဖြစ်တယ် ”ဟု ဆိုသည်။

ကုလသမဂ္ဂ စက်ပစ္စည်းကိရိယာစိစစ်မှုသည် တပ်ဖွဲ့စေလွှတ်သည့်နိုင်ငံများမှ ပံ့ပိုးသည့် ကိုယ်တိုင်ထိန်းသိမ်းမှုရှိစက်ပစ္စည်းများနှင့် ပင်မစက်ပစ္စည်းကိရိယာများက ငြိမ်းချမ်းရေးထိန်းသိမ်မှုလုပ်ငန်းစဉ်များ၏တောင်းဆိုသည့်လိုအပ်ချက်နှင့်ကိုက်ညီမှုရှိမရှိ ဘက်စုံသုံးသပ်ခြင်းဖြစ်ပြီး တပ်ဖွဲ့စေလွှတ်သည့်နိုင်ငံသို့ ပံ့ပိုးသော ငြိမ်းချမ်းရေးထိန်းသိမ်းမှုဆိုင်ရာ စက်ပစ္စည်း ကိရိယာများ ငွေကြေးဖြည့်ဆည်းမှု၏ အခြေခံနည်းလမ်း၊အထောက်အထား ပံ့ပိုးမှုတစ်ခုဖြစ်ကြောင်း သိရသည်။ (Xinhua)

…………………………………………
(Chines Version)
(国际)中国赴黎维和多功能工兵分队通过联合国装备核查
2021-11-28 21:57:11
新华社贝鲁特11月28日电(孔康谊 梁裕源)中国第20批赴黎巴嫩维和多功能工兵分队日前顺利通过联合国本年度最后一次装备核查,并取得全优的总评成绩。
本次核查内容涉及主要装备,自我维持装备和综合保障装备三大类。由联合国驻黎巴嫩临时部队(联黎部队)司令部派出的核查组,对中国第20批赴黎维和多功能工兵分队配备的武器弹药、车辆机械、营房设施、净水设备、办公用品等装备器材进行核查,详细评估各类装备器材的数质量情况和维护保养方案。
核查过程中,分队官兵结合自身岗位,准确介绍所配物资器材的数质量情况和武器装备技战术性能,并现场对装备器材进行了操作演示,给核查组留下了深刻印象。
中国赴黎维和多功能工兵分队勤务保障连连长高极强说:“装备核查是一次挑战,但我们的目标不只是顺利通过,而是通过装备核查更好地提升复杂环境下的装备维护水平,检视执行海外维和任务的自我保障能力,确保分队能够遂行多样化的维和任务。”
据了解,联合国装备核查是对出兵国所提供的自我维持装备和主要装备能否满足维和要求而进行的综合性评估,是向出兵国政府所提供的维和设施、装备予以经济补偿的根本方法和依据。(完)

图说1:11月26日,在黎巴嫩南部辛尼亚村中国维和营,联黎部队司令部核查人员对中国赴黎维和多功能工兵分队的装备进行核查。新华社发(梁裕源摄)
图说2:11月26日,在黎巴嫩南部辛尼亚村中国维和营,车辆等装备等待联黎部队司令部核查。 新华社发(梁裕源摄)新华社发(梁裕源摄)
图说3:11月26日,在黎巴嫩南部辛尼亚村中国维和营,联黎部队司令部核查人员对中国赴黎维和多功能工兵分队的设备进行拍照记录。 新华社发(梁裕源摄)
图说4:11月26日,在黎巴嫩南部辛尼亚村中国维和营,联黎部队司令部核查人员检查中国赴黎维和多功能工兵分队的消防设施。新华社发(梁裕源摄)
图说5:11月26日,在黎巴嫩南部辛尼亚村中国维和营,联黎部队司令部核查人员对中国赴黎维和多功能工兵分队的工程机械设备进行核查。 新华社发(梁裕源摄)