Connect with us

North America

လုံခြုံရေးအာမခံချက်ကို အနောက်နိုင်ငံများ လျစ်လျူရှုပါက လိုအပ်သည့် တန်ပြန်နည်းလမ်းများ ဆောင်ရွက်သွားမည်ဟု ရုရှားနိုင်ငံခြားရေးဝန်ကြီး ပြောကြား

ရုရှားရေတပ် ဘောလ်တစ်ပင်လယ် သင်္ဘောအုပ်စု ကာလင်နင်ဂရတ်ပြည်နယ်တွင် စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်နေသည်ကို ၂၀၁၅ ခုနှစ် အောက်တိုဘာ ၂၀ ရက်က တွေ့ရစဉ်(ဆင်ဟွာ)
မော်စကို၊ ဇန်နဝါရီ ၂၇ ရက်(ဆင်ဟွာ)
ရုရှားက လုံခြုံရေးအာမခံမှုအကြံပြုချက်ကို “အဆုံးမရှိ ဆွေးနွေးမှုတွင် ရောနှောခွင့်”ပြုမည် မဟုတ်ကြောင်းနှင့် အနောက်နိုင်ငံများ ပြန်ကြားခြင်းမရှိပါက လိုအပ်သည့်နည်းလမ်းများကို အသေးစိတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergey Lavrovက ဇန်နဝါရီ ၂၆ ရက်တွင် ပြောကြားခဲ့သည်။
ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergey Lavrovက ယင်းနေ့ အောက်လွှတ်တော်တွင် နိုင်ငံခြားရေးမူဝါဒဆိုင်ရာမိန့်ခွန်းပြောကြားစဉ် ထုတ်ဖော်ပြောကြားခဲ့ခြင်း ဖြစ်သည်။ အကယ်၍ အနောက်နိုင်ငံများက ရုရှားအဆိုပြုသည့် လုံခြုံရေးအာမခံမှုအကြံပြုချက်ကို အပြုသဘော အကြောင်းပြန်ခြင်းမရှိဘဲ “ကျူးကျော်မည့်လမ်းကြောင်း”ကိုသာ ဆက်သွားနေမည်ဆိုပါက လိုအပ်သည့် တန်ပြန်နည်းလမ်းများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၊ တောင်းဆိုချက်အကြောင်းပြန်လွှာကို ယခုအပတ်အတွင်း လက်ခံရရှိလိမ့်မည်ဟု မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။
တစ်ချိန်တည်းတွင်ပင် ၎င်းက ဥရောပတိုက်၏လုံခြုံရေးသည် ခွဲခြား၍မရသောမူရှိရာ တစ်နိုင်ငံ၏လုံခြုံရေးကို စတေးပြီးအခြားတစ်နိုင်ငံ၏လုံခြုံရေးကို အာမခံမှုမပြုသင့်ကြောင်း ပြောကြားခဲ့သည်။ ဥရောပလုံခြုံရေးနှင့်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့၏ မူဘောင်အောက်တွင် 《ဥရောပလုံခြုံရေးပဋိညာဉ်》နှင့်《အက်တာနာကြေညာချက်》တွင် ယင်းအချက်ကို အတိအလင်းသတ်မှတ်ထားပြီးဖြစ်ကြောင်း ဆိုသည်။
လက်ရှိတင်းမာနေသည့် ယူကရိန်းအခြေအနေကို ပြောကြားရာတွင် Sergey Lavrovက အနောက်နိုင်ငံအချို့ ယူကရိန်းမှ လူများထွက်ခွာရန် ဆောင်ရွက်နေသည့်တစ်ချိန်တည်းတွင်ပင် ယူကရိန်းသို့ လက်နက်တင်ပို့မှုများရှိရာ ယင်းလုပ်ရပ်က “စိတ်ကစဉ့်ကလျားဖြစ်သည့် စစ်ရေးရူးသွပ်မှု”ဖြစ်စေကြောင်း ပြောကြားခဲ့သည်။ အမေရိကန်သည် မင့်ခ်စ်သဘောတူညီချက်ကို ယူကရိန်းအစိုးရလိုက်နာဖို့ မတိုက်တွန်းသည့်အပြင် နောက်ကျောက ရုရှားကို ရန်စဖို့ မြှောက်ပင့်ပေးနေကြောင်း ဆိုသည်။
Ukrinform၏ ဇန်နဝါရီ ၂၆ ရက် သတင်းဖော်ပြချက်များအရ ယခုကာလများအတွင်း ရုရှားလုံခြုံရေးအာမခံမှုအကြံပြုချက်ကို စာလွှာနှင့်အကြောင်းပြန်ဖို့ ပြင်ဆင်နေရာ ယင်းအကြောင်းပြန်လွှာတွင် ယူကရိန်း၏အရေးကို ထည့်သွင်းစဉ်းစားထားရာ ထို့အပေါ် ယူကရိန်းက ဆန့်ကျင်ကန့်ကွက်သွားမည် မဟုတ်ကြောင်း ယူကရိန်းနိုင်ငံခြားရေးဝန်ကြီး Dmytro Kulebaက ယင်းနေ့တွင် ကျင်းပသော အွန်လိုင်း သတင်းစာရှင်းလင်းပွဲတွင် ဖော်ပြထားသည်။
Dmytro Kulebaက လက်ရှိ ယူကရိန်း-ရုရှားနယ်စပ်တွင် စုစည်းထားသည့် ရုရှားစစ်တပ်အင်အား များပြားသော်လည်း ယူကရိန်းကို ဘက်စုံ ထိုးစစ်ဆင်ဖို့ မလုံလောက်သေးကြောင်း ဆိုသည်။ရုရှားအနေဖြင့် လက်ရှိ ယူကရိန်းကို ဘက်စုံထိုးစစ်ဆင်သည်”အရေးကြီးတိုက်ပွဲစံညွှန်း”မျိုး ဖော်ပြထားခြင်း မရှိကြောင်း ၎င်းက အလေးထားပြောကြားခဲ့သည်။
အမေရိကန်မှ ပံ့ပိုးပေးသော တတိယအသုတ် စစ်လက်နက်ခဲယမ်းပစ္စည်းများ ဇန်နဝါရီ ၂၅ ရက်က ယူကရိန်းသို့ ရောက်ရှိခဲ့ပြီဖြစ်ကြောင်း Dmytro Kulebaက ဆိုသည်။ ယူကရိန်းက နေတိုးအဖွဲ့ဝင်မဟုတ်၊ နေတိုးစုပေါင်းကာကွယ်ရေးနှင့်အကျုံးမဝင်သော်လည်း အမေရိကန်၊ ဗြိတိန် စသည့် နေတိုးအဖွဲ့ဝင်နိုင်ငံများက စစ်ရေးအကူအညီများပေးကာ ယူကရိန်းဆွေးနွေးမှုရပ်တည်ချက်ကို ပံ့ပိုးပေးနေကြောင်း ၎င်းက ပြောကြားခဲ့သည်။
ယခုကာလများတွင် ရုရှား-ယူကရိန်းဆက်ဆံရေး အဟုန်ထိုး ဆိုးဝါးလာပြီး နှစ်ဖက်စလုံးက နှစ်နိုင်ငံနယ်စပ်ဒေသအသီးသီးတွင် စစ်အင်အားအများအပြား ဖြန့်ကျက်ထားသည်။ အမေရိကန်၊ ယူကရိန်းနှင့်နေတိုးက ယူကရိန်းအရှေ့ဘက်နယ်စပ်ဒေသအနီးတွင် ရုရှားစစ်အင်အားအလုံးအရင်းချထားခြင်းက ကျူးကျော်မည့်အနေအထားရှိနေကြောင်း ဆိုပြီး ရုရှားကတော့ ထို့အပေါ် ငြင်းဆိုထားကာ နေတိုး၏လှုပ်ရှားမှုများကသာ ရုရှားနယ်စပ်လုံခြုံရေးကို ခြိမ်းခြောက်နေခြင်းဖြစ်ကြောင်းနှင့် နယ်မြေကာကွယ်ရေးအတွက် မိမိနိုင်ငံ နယ်နမိတ်အတွင် တပ်ဖွဲ့စီမံခွင့် ရုရှားတွင်ရှိကြောင်း အလေးထားပြောကြားခဲ့သည်။
၂၀၂၁ ခုနှစ် ဒီဇင်ဘာလတွင် ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက အမေရိကန်၊ အခြားအနောက်နိုင်ငံများနှင့် လုံခြုံရေးအာမခံရေးတွေ့ဆုံဆွေးနွေးမှု ကြေညာချက် ထုတ်ပြန်ခဲ့ရာ နေတိုး ရှေ့ဘက်သို့တစ်ဆင့်ထပ်တိုးချဲ့ထွင်ခြင်းကို ဖယ်ရှားဖို့ ဥပဒေအာမခံချက်ပေးရန် တောင်းဆိုခဲ့သည်။ ထိုလတွင်ပင် ရုရှား-အမေရိကန် လုံခြုံရေးအာမခံမှုသဘောတူညီချက် ဥပဒေမူကြမ်းနှင့် ရုရှား-နေတိုးအဖွဲ့ဝင်နိုင်ငံများ လုံခြုံရေး အာမခံမှုနည်းလမ်းသဘောတူညီချက်ကို ရုရှားက အမေရိကန်သို့ ပေးအပ်ခဲ့သည်။ ယခုနှစ် ဇန်နဝါရီလတွင် အဆိုပါ လုံခြုံရေးဆိုင်ရာအကြံပြုချက်များကို ရုရှားက အမေရိကန်၊ နေတိုး၊ ဥရောပလုံခြုံရေးအဖွဲ့တို့နှင့် တွေ့ဆုံဆွေးနွေးခဲ့သော်လည်း လက်တွေ့ကျသည့်ရလဒ်မရရှိခဲ့ကြောင်း သိရသည်။ (Xinhua)
………………………………………
(Chinese Version)
(国际)俄外长:若安全保障要求被西方忽视俄将采取必要对策
2022-01-26 23:10:34
  新华社莫斯科1月26日电(记者华迪 黄河)俄罗斯外长拉夫罗夫26日表示,俄罗斯不允许将安全保障建议“卷入无休止的讨论之中”,若西方没有回应,俄方将采取具体措施。
  拉夫罗夫当天在俄罗斯国家杜马(议会下院)就外交政策发表演讲时指出,如果西方针对俄罗斯提出的安全保障建议没有建设性回复,且继续其“侵略路线”,那么俄罗斯将采取必要对策。俄希望本周内能收到回复。
  他同时指出,欧洲的安全不可分割原则,不应以牺牲一国安全为代价来确保另一国的安全。他说,欧洲安全与合作组织框架下的两份官方文件《欧洲安全宪章》和《阿斯塔纳宣言》都明确规定了这一点。
  在谈到当前持续紧张的乌克兰局势时,拉夫罗夫表示,一些西方国家从乌克兰撤离人员的同时,反而向乌克兰输送武器,这种行为正在引发“歇斯底里的军事狂热”。他说,美国不仅没有敦促乌克兰政府履行明斯克协定,反而正在怂恿后者直接挑衅俄罗斯。
  另据乌克兰国家通讯社26日报道,乌克兰外长库列巴当天举行线上新闻发布会时表示,美国近期将就俄罗斯安全保障建议做出书面回复,该书面回复考虑了乌克兰立场,其中涉及乌克兰的内容乌方不反对。
  库列巴表示,虽然目前集中在乌俄边境地区的俄军数量众多,但尚不足以对乌克兰发动全面进攻。他强调,目前俄方并没有显示出对乌发动全面进攻的“重要战斗指标”。
  库列巴说,美国提供的第三批军火已于25日运抵乌克兰。他说,虽然乌克兰不是北约成员国,不适用北约集体防御条款的保护,但美国、英国等北约成员国对乌提供的军事援助有助于增强乌方的谈判立场。
  近期,俄乌关系加速恶化,双方在两国边境地区部署了大量军事人员和装备。美国、乌克兰和北约声称俄罗斯在靠近乌东部边境地区集结重兵,有“入侵”之势。俄方予以否认,强调北约活动威胁俄边境安全,俄方有权在境内调动部队以保卫领土。
  2021年12月,俄外交部就与美国和其他西方国家开展安全保障对话发表声明,要求美国和北约为排除北约进一步东扩的可能提供法律保障。同月,俄罗斯向美方提交了俄美安全保障条约草案和俄与北约成员国安全保障措施协议。今年1月,俄罗斯分别与美国、北约和欧安组织就上述安全保障建议开展对话,但对话均未取得实质性成果。(参与记者:李东旭)(完)
图说1: 2015年10月20日,俄海军波罗的海舰队在加里宁格勒州赫梅廖夫卡靶场举行陆战队抢滩登陆演习。(新华社/俄新)