Connect with us

Europe

“လေယာဉ်တက္ကစီ” ကို ဥရောပတွင် ၂၀၂၄ ခုနှစ်၌ အစောဆုံး ပြေးဆွဲနိုင်မည်ဟုဆို

ဂျာမနီ ကုမ္ပဏီတစ်ခုက စင်ကာပူနိုင်ငံ Marina ပင်လယ်အော်တွင် ”လေယာဉ်တက္ကစီ” တစ်စင်းအား စမ်းသပ်မောင်းနှင်နေသည်ကို ၂၀၁၉ ခုနှစ် အောက်တိုဘာ ၂၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ မေ ၂၁ ရက် (ဆင်ဟွာ)

“လေယာဉ်တက္ကစီ” ကို အစောဆုံး ၂၀၂၄ ခုနှစ်တွင် အသုံးပြုနိုင်မည်ဟု ဥရောပလေကြောင်းလုံခြုံရေးအေဂျင်စီ (EASA) က မေ ၁၉ ရက်၌ ပြောကြားခဲ့သည်။

ဂျာမနီ ကုမ္ပဏီတစ်ခုက စင်ကာပူနိုင်ငံ Marina ပင်လယ်အော်တွင် ”လေယာဉ်တက္ကစီ” တစ်စင်းအား စမ်းသပ်မောင်းနှင်နေသည်ကို ၂၀၁၉ ခုနှစ် အောက်တိုဘာ ၂၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဥရောပကုမ္ပဏီလုပ်ငန်း (၆)ခုက ခရီးသည်တင် မြို့ပြလေကြောင်း သယ်ယူပို့ဆောင်ရေးယာဉ် သို့မဟုတ် မောင်းသူမဲ့ ကုန်တင်လေယာဉ်ကို သုတေသနပြုထုတ်လုပ်ထားသည်ဟု ကြေညာထားကြောင်း ရိုက်တာသတင်းများအရ သိရသည်။
“စီးပွားဖြစ်လေကြောင်းတက္ကစီတွေကို ၂၀၂၄ ခုနှစ် ဒါမှမဟုတ် ၂၀၂၅ ခုနှစ်မှာ စတင်အသုံးပြုနိုင်မယ်လို့ ထင်ပါတယ်” ဟု ဥရောပလေကြောင်းလုံခြုံရေးအေဂျင်စီ (EASA) အကြီးအကဲ Patrick KY ကပြောသည်။

ဥရောပလေကြောင်းလုံခြုံရေးအေဂျင်စီ (EASA) သည် ဥရောပသမဂ္ဂလေကြောင်းကြီးကြပ်ရေးဌာန တစ်ခုဖြစ်ပြီး အရည်အသွေးစိစစ်ခြင်း၊ စည်းမျဉ်းစည်းကမ်းနှင့် စံချိန်စံနှုန်းသတ်မှတ်ခြင်းများအပါအဝင် လေကြောင်းဘေးကင်း လုံခြုံရေးကို အဓိက တာဝန်ယူဆောင်ရွက်လျက်ရှိသည်။ ၎င်းဌာနက ၂၀၃၀ ခုနှစ် မတိုင်မီ သက်ဆိုင်ရာဒေသများရှိ မြို့ပြလေကြောင်း သယ်ယူပို့ဆောင်ရေးဈေးကွက်သည် ယူရိုငွေ (၄.၂) ဘီလီယံအထိ ရှိမည်ဟု ခန့်မှန်းထားပြီး အလုပ်အကိုင်အခွင့်အလမ်း (၉)သောင်းခန့်ကို ပံ့ပိုးပေးနိုင်မည်ဟု ယူဆထားသည်။

အချို့မြို့များတွင် လေကြောင်းသယ်ယူပို့ဆောင်ရေးယာဉ်၏ ဒီဇိုင်းအသိအမှတ်ပြုလုပ်ငန်းစဉ်များကို ဥရောပလေကြောင်းလုံခြုံရေးအေဂျင်စီ (EASA)က စတင်လုပ်ဆောင်နေပြီဖြစ်ပြီး ၂၀၂၄ ခုနှစ်ခန့်တွင် ပထမအသုတ် ခွင့်ပြုလက်မှတ်ထုတ်ပေးနိုင်မည်ဟု မှန်းထားကြောင်း Patrick KY က ဆိုသည်။

ဂျာမနီ Volocopter ကုမ္ပဏီနှင့် ပါရီလေဆိပ်တို့က “လေယာဉ်တက္ကစီ”ကို ၂၀၂၄ ခုနှစ် ပါရီအိုလံပစ်အားကစားပွဲကာလတွင် အသုံးပြုနိုင်ရန် မျှော်လင့်ထားကြသည်။

Patrick KY ၏ ပြောကြားချက်အရ မြို့ပြလေကြောင်းသယ်ယူပို့ဆောင်ရေးယာဉ်ကို အမြန်ဆုံးအသုံးပြုနိုင်မှုက မြို့လယ်ခေါင်အထက်ကောင်းကင်ယံတစ်လျှောက် ပျံသန်းနိုင်မှုရှိမရှိနှင့် ရထားလမ်းပို့ဆောင်ရေးအတွက် အန္တရာယ်ရှိမရှိ သုံးသပ်မှုပေါ်တွင် မူတည်ကြောင်း ဆိုသည်။

ဥရောပလေကြောင်းလုံခြုံရေးအေဂျင်စီ(EASA)၏ ပြီးခဲ့သည့်ရက်ပိုင်းက အီလက်ထရောနစ်လေယာဉ်အပေါ် အများ၏သဘောထားအမြင်ကို စစ်တမ်းကောက်ယူလေ့လာချက်အရ မြို့ (၆) မြို့ရှိ နေထိုင်သူများတွင် (၇၁) ရာခိုင်နှုန်းက လေယာဉ်တက္ကစီကဲ့သို့သော ဝန်ဆောင်မှုကို စိတ်ဝင်စားမှုရှိကြောင်း တွေ့ရှိရပြီး “လေယာဉ်တက္ကစီ” သို့မဟုတ် “မောင်းသူမဲ့ဒရုန်းယာဉ်”၏ ဘေးကင်းလုံခြုံမှုနှင့် အသံဆူညံမှုရှိမရှိကို အထူးအလေးထားကြကြောင်း သိရသည်။ (Xinhua)
———————————–
(Chinese Version)
欧洲最早2024年可打“飞的”
2021-05-20 15:48:14
新华社北京5月20日电(记者乔颖)欧洲航空安全局19日说,俗称“飞的”的空中出租车或最早2024年投入使用。
据路透社报道,超过6家欧洲企业已宣布研发客用城市空中交通工具或无人驾驶货机。欧洲航空安全局局长帕特里克•基说:“我相信,商用空中出租车可能在2024年或2025年开始投入使用。”
欧洲航空安全局是欧洲联盟航空监管机构,负责航空运营安全,包括资质认证、规则制定、标准推行。该机构估计2030年前相关地区的城市空中交通工具市场达42亿欧元(约合329亿元人民币),认为可提供9万个工作岗位。
基说,欧洲航空安全局已开始某些城市空中交通工具的设计认证程序,有望于2024年前后颁发首批证书。
德国初创企业沃洛科普特公司以及巴黎机场等方面希望“飞的”能在2024年巴黎奥运会期间投入运行。
依照基的说法,城市空中交通工具能否较快投入运行还取决于,对这些飞行器是否可飞越城市中心地带上空或是否对铁路运行构成威胁的评估。
欧洲航空安全局日前发布一项关于公众对电子飞行器态度的调查结果,生活在6个城市地带的调查对象中,71%对乘坐空中出租车或类似服务感兴趣。无论是“飞的”还是无人机,人们最关心的是安全和噪音问题,其他关注的问题包括城市空中交通工具对鸟类或昆虫的影响以及网络安全。

2019年10月22日,德国一家公司在新加坡滨海湾上空试飞一架“空中出租车”。(新华社发,邓智炜摄)