Connect with us

China

လှိုင်းဒဏ်လေဒဏ် အခက်အခဲအကျပ်အတည်းများကြား လက်တွဲပူးပေါင်းရှေ့ဆက်ကြရမည့် ၂၀၂၂ ခုနှစ် အာရှ-ပစိဖိတ်ဒေသ အလားအလာ

မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တွင် Sinovac ကိုဗစ်ကာကွယ်ဆေး ထုတ်ပိုးမှုများ ပြုလုပ်နေသည်ကို ၂၀၂၁ ခုနှစ် အောက်တိုဘာ ၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇန်နဝါရီ ၁၄ ရက်(ဆင်ဟွာ)

နှစ်သစ်အစကနဦးကာလတွင် ဒေသတွင်းဘက်စုံစီးပွားရေးမိတ်ဖက်ဆက်ဆံမှုသဘောတူညီချက်(RCEP) အသက်ဝင် အကောင်အထည်ဖော်ဆောင်ခြင်းသည် အာရှ-ပစိဖိတ်ဒေသ တံခါးဖွင့်ပူးပေါင်းဆောင်ရွက်မှု၏ သမိုင်းမှတ်တိုင်သစ် ဖြစ်လာသည်။ ယခုနှစ်တွင် တရုတ်နိုင်ငံက BRICS နိုင်ငံ ခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးပွဲ၊ APEC ခေါင်းဆောင်များ အလွတ်သဘောအစည်းအဝေး၊ G20 ထိပ်သီးအစည်းအဝေးနှင့် SCO ထိပ်သီးအစည်းအဝေးများကို အာရှတိုက်နိုင်ငံများတွင် ကြီးမှူးကျင်းပမည်ဖြစ်ရာ ကမ္ဘာလုံးဆိုင်ရာ စီမံအုပ်ချုပ်မှု “အာရှ အချိန်” ကျရောက်လာမည် ဖြစ်သည်။ ယခုနှစ်သည် တရုတ်-ဂျပန် နှစ်နိုင်ငံဆက်ဆံရေး ပုံမှန်ပြန်လည်ဖြစ်မြောက်လာသည့် နှစ် ၅၀ ပြည့်၊ တရုတ်-တောင်ကိုရီးယား သံတမန်ဆက်ဆံရေးထူထောင်သည့် နှစ် ၃၀ ပြည့် အခါသမယဖြစ်ရာ တရုတ်နိုင်ငံနှင့် အိမ်နီးချင်း အာရှ-ပစိဖိတ် နိုင်ငံများ၏ ဆက်ဆံရေးသည် အနာဂတ်ကိုရှေးရှုသည့် အစပျိုးမှုသစ်တွင် ရောက်ရှိနေသည်။

တစ်ချိန်တည်းတွင်ပင် အာရှ-ပစိဖိတ်ဒေသ၌ စိန်ခေါ်မှုများစွာ ကြုံတွေ့ရဆဲဖြစ်ရာ ဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ် အိုမီခရွန်၏ ကူးစက်ပြန့်ပွားလာမှု၊ အမေရိကန်အရောင်ဆိုးချဲ့ထွင်နေသည့် “နိုင်ငံကြီး ယှဉ်ပြိုင်မှု” နှင့် “အသိုင်းအဝိုင်းအသေး” သံတမန်ရေး၊ နိုင်ငံအများအပြား ရွေးကောက်ပွဲကျင်းပမှုမှ ဒေသတွင်းရေးရာ စသည့်အလားအလာများနှင့်အတူ အာဖဂန်နစ္စတန်၏ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းနွံကျွံနေသည့် အခက်အခဲများ ရှိနေဆဲဖြစ်သည်။

ငြိမ်းချမ်းရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေး ခေတ်ကာလကို ဖော်ဆောင်ရာတွင် ၂၀၂၂ ခုနှစ် အာရှပစိဖိတ်ဒေသသည် လှိုင်းဒဏ်လေဒဏ်များကြား ပူးပေါင်းဆောင်ရွက်မှုဖြင့် ရှေ့ဆက်ရမည့် အရေးကြီးသည့်နှစ်လည်း ဖြစ်ပေသည်။

အပြောင်းအလဲ ကဏ္ဍ (၄)ခု ဂရုပြုရမည်

ပြီးခဲ့သည့်နှစ် နှစ်ကုန်ပိုင်း၊ ယခုနှစ်သစ်အစကာလတွင် အိုမီခရွန် တရကြမ်း ကူးစက်မှုများကြောင့် အာရှ-ပစိတ်ဖိတ်နိုင်ငံ အများအပြားတွင် ကပ်ရောဂါတစ်ကျော့ပြန်ဖြစ်ပွားစေခဲ့ရာ စီးပွားရေး ပြန်လညနာလန်ထူရန်နှင့် ကုန်ပစ္စည်ပံ့ပိုးမှုကွင်းဆက် ပြန်လည်အားယူလည်ပတ်နေမှု ပြတ်တောက်စေမည့် အန္တရာယ်နှင့် ရင်ဆိုင်နေရသည်။ ကပ်ရောဂါကာကွယ်ထိန်းချုပ်ရေး နှင့်စီးပွားရေးပြန်လည်နာလန်ထူနိုင်ရေးအကြား မည်သို့ ထိန်းညှိဆောင်ရွက်ရမည်မှာ ၂၀၂၂ ခုနှစ် အာရှ-ပစိဖိတ်ဒေသ နိုင်ငံအသီးသီး ရင်ဆိုင်ရမည့် ပြင်းထန်သည့် စမ်းသပ်မှုတစ်ခုဖြစ်နေသည်။

တာလီဘန်တို့ အာဏာရပြီးနောက် အာဖဂန်နစ္စတန်တွင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းများကြုံတွေ့နေရရာ အမေရိကန်၏ တစ်ဖက်သတ်ပိတ်ဆို့မှုများနှင့် ငွေကြေးတားဆီးပိတ်ဆို့မှုများက စစ်ဒဏ်ကို အပြည့်အဝ ခံစားခဲ့ရသည့် အာဖဂန်စီးပွားရေးအတွက် ဆင့်ကဲ ကျပ်တည်းမှု ဖြစ်စေသည်။ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းများ လျော့နည်းအောင် မဆောင်ရွက်နိုင်ပါက အာဖဂန်သည် မငြိမ်မသက်လှုပ်ခတ်မှုအခြေအနေသို့ ဆိုက်ရောက်နိုင်ရာ အစွန်းရောက်အကြမ်းဖက်အဖွဲ့အစည်းများအတွက် အခွင့်အရေးဖြစ်စေပြီး ဒေသတွင်းတည်ငြိမ်ရေးကို အန္တရာယ်ဖြစ်ပေါ်စေမည်ဖြစ်သည်။

တောင်ကိုရီးယားနိုင်ငံတွင် မတ်လ၌ သမ္မတရွေးကောက်ပွဲ ကျင်းပမည်ဟု ခန့်မှန်းထားရာ ရှုပ်ထွေးအကဲဆတ်လှသည့် ကိုရီးယားကျွန်းဆွယ်အခြေအနေအတွက် မရေရာသည့်အပြောင်းအလဲပို၍ တိုးပွားလာနိုင်သည်။ အာဏာပါတီ ဒီမိုကရက်တစ်ပါတီ၏ ရွေးကောက်ပွဲသမ္မတလောင်း Lee Jae-myung က မြောက်ကိုရီးယာနိုင်ငံကို အကန့်အသတ်ဖြင့် ပိတ်ဆို့မှုများအား ဖြေလျှော့ပေးသည့်တစ်ချိန်တည်းတွင်ပင် အဆင့်အလိုက် နျူကလီးယားစွန့်လွှတ်ရေးကို မြောက်ကိုရီးယားနှင့်တွေ့ဆုံဆွေးနွေးမည်ဟု ယူဆထားသော်လည်း အတိုက်အခံပါတီ ပြည်သူ့အင်အားပါတီ ရွေးကောက်ပွဲ သမ္မတလောင်း Yoon Suk-yeol က “နျူကလီးယားအရင်ကင်းစင်စေပြီးမှ လုံခြုံရေးအာမခံချက်ပေး” ရန်နှင့် မြောက်ကိုရီးယားအား အဆုံးစွန်ဖိအားပေးသည့် မူဝါဒ အယူအဆကို လက်ကိုင်ထားကြောင်း သိရသည်။ ဤရွေးကောက်ပွဲရလဒ်က ကိုရီးယားကျွန်းဆွယ်နျူကလီးယာအရေးအပေါ် သက်ရောက်နိုင်သလို အရှေ့မြောက်အာရှ အခင်းအကျင်းကိုလည်း သက်ရောက်မှုရှိနိုင်မည် ဖြစ်သည်။

အရှေ့တောင်အာရှတွင် ဖိလစ်ပိုင်နိုင်ငံက မေလ၌ တစ်နိုင်ငံလုံးနှင့်ဒေသဆိုင်ရာ ရွေးကောက်ပွဲများ ကျင်းပမည်ဟု သတ်မှတ်ထားသည်။ လက်ရှိ သမ္မတ ဒူတာတေးက ပြီးခဲ့သည့်နှစ်ပိုင်းများတွင် လက်တွေ့ကျသည့် သံခင်းတမန်ခင်းများကို ဆောင်ရွက်ခဲ့ရာ ညှိနှိုင်းဆွေးနွေးမှုဖြင့် တောင်တရုတ်ပင်လယ်အရေးကို ဖြေရှင်းရန် ကြိုးပမ်းခဲ့သည်။ သမ္မတသစ်အာဏာရလာပါက လက်တွေ့ကျသည့် သံခင်းတမန်ခင်းမူဝါဒကို ရှေ့ဆက်မည်လားဆိုသည်မှာ တောင်တရုတ်ပင်လယ်အရေး တည်ငြိမ်မှုနှင့် သက်ဆိုင်နေသည်။

အမေရိကန်၏ အနှောင့်အယှက်များက တည်ငြိမ်မှုကို ပျက်ပြားစေ

ဘိုင်ဒန်အစိုးရ အာဏာရပြီးနောက် “အင်ဒို-ပစိဖိတ် ဗျူဟာ”တွန်းအားပေးမှုများရှိရာ “နိုင်ငံကြီးယှဉ်ပြိုင်မှု” ဟူသော အရောင်ဆိုးပုံကြီးချဲ့ပြောကြားမှုများ ရှိလာခဲ့သည်။ ၎င်း၏လုပ်ဆောင်မှုတိုင်းတွင် ဒေသ တည်ငြိမ်အေးချမ်းကို ဖျက်ဆီးသူ၊ စည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက်မှုအား အနှောင့်အယှက်ပြုသူ၏ သရုပ်မှန်အတိုင်းသား ပေါ်လွင်လာသည်။

အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ်လေဆိပ်တွင် ပြင်ပထွက်ခွာရန်ကြိုးပမ်းနေသည့် လူထုအား ၂၀၂၁ ခုနှစ် ဩဂုတ် ၁၆ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

အာရှ-ပစိဖိတ်ဒေသတွင် အခြားသူအား ဖယ်ကျဉ်သည့် တံခါးပိတ် “အသိုင်းအဝိုင်းအသေး” လုပ်ဆောင်ရာတွင် အမေရိကန်-ဂျပန်-အိန္ဒိယ-ဩစတြေးလျ “လေးနိုင်ငံ ယန္တရား” အားဖြည့်ဆောင်ရွက်ရာတွင် ဖြစ်စေ၊ သုံးနိုင်ငံ လုံခြုံရေး မိတ်ဖက်ဆက်ဆံမှု “AUKUS မဟာမိတ်” ဖွဲ့ရာတွင်ဖြစ်စေ စစ်အေးခေတ်က အားပြိုင်မှု အငွေ့အသက်ကို ပိုပြီး ပြည့်နှက်စေသည်။ အရှေ့တောင်အာရှနိုင်ငံများသို့ အမေရိကန် အဆင့်မြင့်အရာရှိတို့အကြိမ်များစွာ လာရောက်လည်ပတ်ခဲ့ရာတွင် ဒေသနိုင်ငံများအား တစ်ဖက်ကိုရွေးရပ်တည်စေရန် စည်းရုံးရန် ကြိုးပမ်းခဲ့သော်လည်း လိုက်လျောညီထွေတုန့်ပြန်မှုက အနည်းငယ်သာ ရှိခဲ့သည်။

စစ်ရေးကဏ္ဍတွင် “လွတ်လပ်စွာ သွားလာရေး (FONOPs)” လှုပ်ရှားမှုဟု ခေါ်ဆိုကာ အမေရိကန်နိုင်ငံသည် စစ်ရေယာဉ်၊ လေယာဉ်များကို စေလွှတ်၍ မဟာမိတ်များနှင့်အတူ တောင်တရုတ်ပင်လယ်နှင့် အနီးတစ်ဝိုက်ပင်လယ်ပြင်တွင် စစ်ရေးလေ့ကျင့်မှုများပြုလုပ်ခဲ့ရာ အာရှ-ပစိဖိတ်ဒေသ၌ ပဋိပက္ခရန်စမှုအဖြစ် “အင်အား ပြသမှု” များ ပြုလုပ်ခဲ့သည်။ အမေရိကန်-ဗြိတိန်-ဩစတြေးလျ (“AUKUS မဟာမိတ်”) သုံးနိုင်ငံသည် နိုင်ငံတကာစည်းမျဉ်းစည်းကမ်းများအား မျက်ကွယ်ပြုပြီး နျူကလီးယားရေငုပ်သင်္ဘော ပူးပေါင်းဆောင်ရွက်မှုများ တွန်းအားပေးဆောင်ရွက်ခဲ့ရာ ဒေသတွင်း စစ်လက်နက်ပြိုင်ဆိုင်မှုနှင့် နျူကလီးယားပြန့်ပွားမှု အန္တရာယ်အတွက် တွန်းပို့မှု ပို၍ ဖြစ်စေခဲ့သည်။

နိုင်ငံအသီးသီးက ဖွံ့ဖြိုးတိုးတက်‌ရေးပူးပေါင်းဆောင်ရွက်မှုကို ရှေးရှုမျှော်မှန်းကြ

စိန်ခေါ်မှုအမျိုးမျိုး တည်ရှိနေသော်လည်း စည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အတူကြံဆကြိုးပမ်းရေးသည် အာရှ-ပစိဖိတ်ဒေသ နိုင်ငံများ၏ တူညီသည့်သဘောထားဖြစ်နေသည်။

အမေရိကန်၏ ဂိုဏ်းဂဏဖွဲ့ရန် မဲဆွယ်စည်းရုံးရေးဆင်းနေခြင်း၊ ဒေသတွင်း ကွဲပြဲမှုနှင့် အားပြိုင်မှုများဖြစ်အောင် ဖန်တီးရန်ကြိုးပမ်းနေခြင်းများကို ရင်ဆိုင်ရာတွင် နိုင်ငံအများစုက ကိုယ်ပိုင် ဘက်မလိုက်၍ မျှတသောသံတမန်ရေးကို ထိန်းသိမ်းမည်ဟု အတိအလင်း ထုတ်ဖော်ပြောကြားခဲ့သလို ဒေသတွင်းငြိမ်းချမ်းတည်ငြိမ်ရေးကို ထိန်းသိမ်းကာကွယ်ရန် ပြင်းပြသည့် ဆန္ဒရှိကြမြဲဖြစ်သည်။ မလေးရှား ဒုတိယနိုင်ငံခြားရေးဝန်ကြီး Kamarudin Jaffar က မလေးရှားနိုင်ငံအနေဖြင့် ဘက်မလိုက် အလယ်အလတ်လမ်းစဉ်တွင် ရပ်တည်မည်ဖြစ်ပြီး တရုတ်နှင့် အမေရိကန်ကြား ရွေးချယ်မည်မဟုတ်ကြောင်း ပြောကြားခဲ့သည်။ ဗီယက်နမ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Le Thi Thu Hang က ဗီယက်နမ်နိုင်ငံသည် တစ်ခြားနိုင်ငံကို ထိပ်တိုက်အားပြိုင်ရန် အခြားသောနိုင်ငံနှင့် လက်တွဲမည်မဟုတ်ကြောင်း ထပ်မံအလေးထားပြောကြားခဲ့သည်။

အာဖဂန်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းကို ရင်ဆိုင်ရာတွင် နိုင်ငံတကာအသိုက်အဝန်းက လှုပ်ရှားမှုများ ပြုလုပ်နေကြပြီဖြစ်သည်။ တရုတ်၊ ရုရှား၊ အီရန်၊ ပါကစ္စတန်စသည့် နိုင်ငံများသည် အာဖဂန်နစ္စတန်အတွက် စားသောက်ကုန်၊ ဆေးဝါးနှင့် ဆောင်းရာသီ အသုံးအဆောင်အထောက်အပံ့ပစ္စည်းများ အသီးသီးကူညီပံ့ပိုးနေသလို ကုလသမဂ္ဂ၊ အစ္စလာမ်မစ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ စသည့် နိုင်ငံတကာနှင့်ဒေသအဖွဲ့အစည်းက အာဖဂန်အတွက် အကူအညီအထောက်အပံ့များ ပေးအပ်လျက်ရှိသည်။
အာဖဂန်အား လူသားချင်းစာနာ‌ထောက်ထားမှုဆိုင်ရာ အကူအညီနှင့် အခြေခံလိုအပ်ချက်များ ပံ့ပိုးပေးခြင်းသည် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ပိတ်ဆို့မှုဆုံးဖြတ်ချက်ကို ချိုးဖောက်ခြင်းမဟုတ်ကြောင်း အဆုံးအဖြတ်ကို ကုလသမဂ္ဂလုံခြုံရေးကောင်စီက အတည်ပြုခဲ့သည်။

လာအိုနိုင်ငံ ဗီယင်ကျန်းမြို့သို့ မောင်းနှင်မည့် ဟွိုင်ဟွာ့-ဗီယင်ကျန်း နိုင်ငံတကာ ကုန်စည်ရထားကြီးအား တရုတ်နိုင်ငံ ဟူနန်ပြည်နယ် ဟွိုင်ဟွာ့ အပြည်ပြည်ဆိုင်ရာ ကုန်းတွင်းဆိပ်၌ ဇန်နဝါရီ ၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကပ်ရောဂါ အဖန်တလဲလဲ တစ်ကျော့ပြန်ဖြစ်ပွားနေမှုများကို ရင်ဆိုင်ရာတွင် ကိုဗစ်ကာကွယ်ဆေး တစ်ဆင့်တိုးကာ အားဖြည့်ဆောင်ရွက်ခြင်းစသည့် ပြည်သူ့ကျန်းမာရေးပူးပေါင်းဆောင်ရွက်မှုများကို နိုင်ငံအသီးသီးက ဆောင်ရွက်လျက်ရှိသည်။ ကာကွယ်ဆေးအား ကမ္ဘာ့ပြည်သူ့ထုတ်ကုန်ပစ္စည်းဖြစ်စေရမည်ဟုသော ကတိကဝတ်ကို တရုတ်နိုင်ငံက အကောင်အထည်ဖော်ရာတွင် အာရှ-ပစိဖိတ်ဒေသ ဖွံ့ဖြိုးဆဲနိုင်ငံများကို ကာကွယ်ဆေးပမာဏအများအပြားပံ့ပိုးပေးခဲ့ရုံသာမက မလေးရှား၊ ပါကစ္စတန်စသည့် နိုင်ငံများနှင့် ဒေသန္တရ ကာကွယ်ဆေးထုတ်လုပ်မှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်လျက်ရှိရာ ဒေသကပ်ရောဂါတိုက်ဖျက်ရေးအတွက် စည်းလုံးညီညွတ်သည့်အင်အားကို ထပ်လောင်းအားဖြည့်ဆောင်ရွက်လျက်ရှိသည်။

တစ်ကမ္ဘာလုံးအတိုင်းအတာအရ ကြည့်မည်ဆိုလျှင် အာရှ-ပစိဖိတ်ဒေသည် ကပ်‌ရောဂါထိန်းချုပ်ရေး အထိုက်အလျောက် ပို၍ ကောင်းမွန်သည့် ဒေသဖြစ်သည်။ ဒေသတွင်း ဘက်စုံစီးပွားရေး မိတ်ဖက်ဆက်ဆံမှု သဘောတူညီချက် (RCEP) သတ်မှတ်ကာလတွင် အသက်ဝင်လာခဲ့ရာ ကမ္ဘာ့အကြီးဆုံး လွတ်လပ်သော ကုန်သွယ်ရေးဇုန်ကြီး တရားဝင် စတင်ခရီးနှင် ဖော်ဆောင်ပြီးဖြစ်ရာ အာရှ-ပစိဖိတ်ဒေသ စီးပွားရေး ပေါင်းစည်းရန်အတွက် တစ်ဆင့်တိုးတွန်းအား ဖြစ်စေသလို ကပ်ရောဂါအလွန် စီးပွားရေးပြန်လည်ရှင်သန်ရန်အတွက် အားကောင်းသည့် တွန်းအား ဖြစ်စေခဲ့သည်။ တရုတ်နိုင်ငံအစိုးရက ကြေညာထားသည့် တိုးချဲ့တံခါးဖွင့်နည်းလမ်းသစ်များကို ဆက်တိုက်ဆိုသလို ဖော်ဆောင်သွားမည်ဖြစ်ရာ အာရှ-ပစိဖိတ်ဒေသတွင် ပို၍နီးကပ်သော၊ လက်တွေ့ကျသော ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှု ပုံစံသစ်အတွက် ပံ့ပိုးသည့် တွန်းအားဖြစ်စေမည် ဖြစ်သည်။

အကျိုးပြုအထောက်အပံ့ဖြစ်စေသည့် အကြောင်းတရားများက အာရှ-ပစိဖိတ်ဒေသကို ၂၀၂၂ ခုနှစ် ကမ္ဘာစီးပွားရေးတိုးတက်မှု ရှေ့ဆောင်အဖြစ်ဆက်လက် တွန်းအားဖြစ်စေမည်ဖြစ်သလို ကမ္ဘာ့ဗဟို အရှေ့သို့ ရွှေ့လျားခြင်းအတွက် တစ်ဆင့်လျှောက်လှမ်းမှု ဖြစ်စေမည်ဟု တရုတ်လူမှုသိပ္ပံအကယ်ဒမီ အာရှ-ပစိဖိတ်နှင့် ကမ္ဘာလုံးဆိုင်ရာမဟာဗျူဟာ သုတေသနဌာန နိုင်ငံကြီးဆက်ဆံရေး သုတေသနရုံး တာဝန်ခံ ကျုံးဖေးထိန်က ဆိုသည်။ နှစ်သစ်တွင် အာရှ-ပစိဖိတ်ဒေသ နိုင်ငံများက ဆွေးနွေးညှိနှိုင်းမှုဖြင့် ကွဲလွဲမှုပဋိပက္ခများကို ဖြေရှင်းပြီး ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှုကို ပြည်ပရေးရာ အရေးကြီးလုပ်ငန်းဦးတည်ရာအဖြစ် ခိုင်မာစွာထားရှိကာ တစ်လှေတည်းစီး တစ်ခရီးတည်းသွား၊ ခက်ခဲသည့် အချိန်ကာလများကို အတူကျော်ဖြတ်ကာ နိုင်ငံအသီးသီး တိုးတက်ဖွံ့ဖြိုးရေးအတွက် ကောင်းမွန်သည့်အနေအထားကို ဖန်တီးနိုင်ကြမည်ဟု ယုံကြည်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)

…………………………………………
(Chinese Version)
(国际)特稿:穿越风浪 合力前行——2022年亚太形势展望(详版)
2022-01-13 20:08:16
新华社北京1月13日电特稿:穿越风浪 合力前行——2022年亚太形势展望(详版)
新华社记者刘赞
新年伊始,区域全面经济伙伴关系协定(RCEP)生效实施,成为亚太开放合作新里程碑。今年,中国将主办金砖国家领导人会晤,亚太经合组织领导人非正式会议、二十国集团峰会以及上海合作组织峰会也将在亚洲国家召开,全球治理将迎来“亚洲时间”。这一年,也是中日邦交正常化50周年、中韩建交30周年,中国与周边亚太国家关系站在继往开来新起点。
同时,亚太地区也面临不少挑战:变异新冠病毒奥密克戎毒株持续扩散,美国渲染“大国竞争”搞“小圈子”外交,多国大选牵动地区热点问题走向,阿富汗深陷人道主义危机……
面对和平与发展的时代主题,2022年将是亚太穿越风浪、合力前行的关键一年。
(小标题)四项变数引人关注
年底年初,来势汹汹的奥密克戎毒株令亚太多国疫情大幅反弹,经济复苏和供应链恢复势头面临中断危险。如何在防控疫情和恢复经济之间维持平衡,仍将是2022年亚太地区各国面临的严峻考验。
塔利班掌权后的阿富汗正面临严重人道主义危机,美国单边制裁和资金冻结令饱受战争创伤的阿经济雪上加霜。如果人道主义危机得不到缓解,阿富汗有可能陷入动荡混乱,给极端恐怖组织可乘之机,危及地区安全稳定。
韩国拟于3月举行的总统选举给复杂敏感的朝鲜半岛局势增添变数。执政党共同民主党总统候选人李在明主张将有条件放松对朝制裁与朝方分阶段弃核同时进行,而在野党国民力量党总统候选人尹锡悦主张“先无核化、后安全保障”,对朝采取极限施压政策。这场选举的结果将影响到朝核问题走向乃至东北亚局势。
在东南亚,菲律宾定于5月举行全国和地方选举。现任总统杜特尔特过去几年奉行务实外交,通过协商解决南海问题。新总统上台后会否延续务实政策,关乎南海局势稳定。
(小标题)美国搅局破坏稳定
美国拜登政府上台后,推行“印太战略”,炒作渲染所谓“大国竞争”。种种行为充分暴露美国是地区和平稳定破坏者、团结合作搅局者的真面目。
美国在亚太搞封闭排他的“小圈子”,无论是强化美日印澳“四国机制”,还是组建三边安全伙伴关系“澳英美联盟”,都充满冷战对抗意味。美国高官还多次访问东南亚,意图拉拢地区国家选边站队,但应者寥寥。
在军事上,美国派舰机开展所谓“自由航行”行动,联合盟友在南海及周边海域举行军演,频繁在亚太“秀肌肉”、挑事端。美英澳三国蔑视国际规则推进的核潜艇合作,更是将地区置于军备竞赛和核扩散风险之中。
(小标题)各国期盼发展合作
尽管存在各种挑战,团结合作、共谋发展依然是亚太地区各国共识。
面对美国拉帮结派、在本地区制造分裂对抗的图谋,多个国家已经公开表明维持自主平衡外交、维护地区和平稳定的强烈意愿。马来西亚副外长卡马鲁丁•加法尔表示,马方秉持中立立场,不会在中美之间选边站队。越南外交部发言人黎氏秋姮重申,越南不与别国联手对抗其他国家。
应对阿富汗人道主义危机,国际社会已行动起来。中国、俄罗斯、伊朗、巴基斯坦等国分别向阿富汗提供了食品、药品、越冬物资等援助。联合国、伊斯兰合作组织等国际和地区组织也采取措施为援助阿富汗提供支持。联合国安理会通过决议,明确对阿开展人道援助和其他支持基本人道需求的活动不违反安理会制裁决议。
面对疫情反复,各国正进一步加强新冠疫苗等公共卫生合作。中国积极践行让疫苗成为全球公共产品的承诺,不仅向亚太发展中国家提供大量疫苗,还与马来西亚、巴基斯坦等多国开展疫苗本地化生产合作,为地区抗疫注入团结力量。
从世界范围看,亚太是疫情控制相对较好的地区。RCEP如期生效,世界最大自贸区正式启航,将进一步促进亚太区域经济一体化,为疫后经济复苏注入强劲动力。中国政府宣布的一系列扩大开放新举措也将相继落地,助推亚太地区形成更加紧密、务实的贸易合作新态势。
中国社会科学院亚太与全球战略研究院大国关系研究室主任钟飞腾认为,多项利好因素将使亚太地区在2022年继续引领全球经济增长,世界重心将进一步东移。新的一年,相信亚太各国将坚持通过对话协商解决分歧争端,坚持把发展合作作为对外工作重要方向,同舟共济、共克时艰,为各自发展振兴创造良好条件。(完)
图说1: 2021年10月5日,在马来西亚吉隆坡郊区的发马公司灌装工厂,工人包装本地灌装生产的中国科兴新冠疫苗。(新华社记者朱炜摄)
图说2:2021年8月30日,美军全部撤离阿富汗,美国发动的长达20年的阿富汗战争以失败告终。这是2021年8月16日,大量民众聚集在阿富汗喀布尔机场试图离开阿富汗。(新华社发)
图说3:1月6日,开往老挝万象的中老铁路(怀化—万象)国际货运列车在湖南怀化国际陆港准备发车。(新华社记者陈思汗摄)
…………………………………………