Connect with us

Europe

ဝေဟင်စောင့်ကြည့်ရေးဆိုင်ရာ သဘောတူညီချက်မှ ဒီဇင်ဘာ ၁၈ ရက်တွင် ရုရှား နုတ်ထွက်မည်ဟုဆို

ရုရှားနိုင်ငံ မော်စကိုမြို့တွင် ကျင်းပသည့် Victory Day စစ်ရေးပြအခမ်းအနားတွင် လေယာဉ်များ သရုပ်ပြပျံသန်းနေသည်ကို မေ ၉ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

မော်စကို၊ ဇွန် ၁၉ ရက် (ဆင်ဟွာ)

ဝေဟင်စောင့်ကြည့်ရေးဆိုင်ရာ သဘောတူညီချက် (Open Skies Treaty)မှ ဒီဇင်ဘာ ၁၈ ရက်တွင် ရုရှား နုတ်ထွက်မည်ဖြစ်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ဇွန် ၁၈ ရက်တွင် ကြေညာခဲ့သည်။

ဝေဟင်စောင့်ကြည့်ရေးဆိုင်ရာ သဘောတူညီချက်(Open Skies Treaty)မှ နုတ်ထွက်မည့် ဆုံးဖြတ်ချက်ကို သက်ဆိုင်ရာသို့ အကြောင်းကြားသွားမည်ဖြစ်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန၏ ယင်းနေ့ ထုတ်ပြန်သည့် ကြေညာချက်တွင် ဖော်ပြထားသည်။ အကြောင်းကြားစာပို့ပြီး (၆)လအကြာ ဒီဇင်ဘာ ၁၈ ရက်တွင် အဆိုပါသဘောတူညီချက်မှ တရားဝင် နုတ်ထွက်သွားမည် ဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့်နှစ် ဝေဟင်စောင့်ကြည့်ရေးဆိုင်ရာ သဘောတူညီချက်(Open Skies Treaty)မှ အမေရိကန် နုတ်ထွက်မည်ဟု ကြေညာပြီးနောက်ပိုင်း ရုရှားက ယင်းသဘောတူညီချက်မှ နုတ်ထွက်ရန် ပြည်တွင်းလုပ်ငန်းဆောင်တာများကို မဖြစ်မနေစတင်လုပ်ဆောင်ခဲ့ရကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။ ထို့နောက် ယင်းပြဿနာကိုဖြေရှင်းရန် ရုရှားအနေဖြင့် စိတ်ရှည်စွာဖြင့် တံခါးဖွင့်ပေးထားခဲ့ကြောင်း ၊ ယခုနှစ် မေ ၂၇ ရက်တွင် သဘောတူညီချက်၌ ပြန်လည်ပါဝင်မည်မဟုတ်သည့် ဆုံးဖြတ်ချက်ကို အမေရိကန်က ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနအား အကြောင်းကြားခဲ့ခြင်းကြောင့် သဘောတူညီချက်မှ မဖြစ်မနေ ရုရှား နုတ်ထွက်ရခြင်း ဖြစ်ကြောင်း သိရသည်။

ဝေဟင်စောင့်ကြည့်ရေးဆိုင်ရာ သဘောတူညီချက်(Open Skies Treaty) ယိုယွင်းပျက်စီးမှုတွင် အမေရိကန်က အလုံးစုံ တာဝန်ရှိသည်ဟု ကြေညာချက်တွင် ဖော်ပြထားသည်။ အမေရိကန်သည် ၎င်းအကျိုးရှိနိုင်သည့်အခြေအနေမျိုးတွင်သာ စစ်ရေးကဏ္ဍ ပွင့်လင်းမြင်သာရန် အဆိုပြုခြင်း ဖြစ်ပြီး ထိုသို့မဟုတ်ပါက နုတ်ထွက်ခြင်းနှင့်အတားအဆီးလုပ်ဆောင်လျက်ရှိရာ ဥရောပလုံခြုံရေး၊ မဟာမိတ်တို့၏စိုးရိမ်မှုနှင့် မိမိအပေါ်သက်ရောက်မှုကို လုံးဝထည့်သွင်း စဉ်းစားခြင်းမရှိဟု ဆိုသည်။

တစ်ဖက်သတ်အားသာအောင် ဆောင်ရွက်သည့် မည်သည့်ကြိုးပမ်းမှုမဆိုနှင့် ရုရှား၏အကျိုးစီးပွား၊ အလေးထားသည့်လုပ်ဆောင်ချက်များကို လျစ်လျူရှုခြင်းသည် ရှုံးနိမ့်မှုသာဖြစ်လိမ့်မည်ဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။ အနောက်နိုင်ငံအနေဖြင့် နည်းပညာအားသာချက်ကို အားကိုး၍ ရုရှားကို ရှောင်ကွင်းရန်နှင့်ဖယ်ကြဉ်ရန် လုပ်ဆောင်ခြင်းသည် အောင်မြင်မည်မဟုတ်ကြောင်း ၊ ရုရှားနှင့်မဟာမိတ်တို့၏ လုံခြုံရေးအကျိုးစီးပွားကို ထည့်သွင်းချိန်ဆခြင်းမပြုပါက ၎င်းတို့၏လုံခြုံရေးသည်လည်း အာမခံမှုမရှိသည်ကို အနောက်မဟာမိတ်များ နားလည်သင့်ကြောင်း ဖော်ပြထားသည်။

ဝေဟင်စောင့်ကြည့်ရေးဆိုင်ရာ သဘောတူညီချက်(Open Skies Treaty)ကို ၁၉၉၂ ခုနှစ်တွင် ချုပ်ဆိုခဲ့ရာ ၂၀၀၂ ခုနှစ်တွင် အသက်ဝင်ခဲ့သည်။သဘောတူညီချက်တွင် ပါဝင်လက် လက်မှတ်ရေးထိုးထားသည့် နိုင်ငံများအနေဖြင့် သတ်မှတ်ချက်အရ တစ်ဖက်နယ်မြေပိုင်နက်တွင် လက်နက်မပါဘဲ ဝေဟင်မှလေ့လာစောင့်ကြည့်နိုင်သည်။

ယင်းသဘောတူညီချက်သည် စစ်အေးကာလ အဆုံးသတ်ပြီးနောက်ပိုင်း ယုံကြည်မှုတည်ဆောက်သည့် အရေးကြီးနည်းလမ်းတစ်ခုဖြစ်ရာ ပွင့်လင်းမြင်သာမှုကို မြှင့်တင်၍ ထိပ်တိုက်ရင်ဆိုင်မှုအန္တရာယ်ကို လျှော့ချရာတွင် အထောက်အပံ့ဖြစ်စေခဲ့သည်။ အမေရိကန်၊ ရုရှားနှင့် နေတိုးအဖွဲ့ဝင်နိုင်ငံအများစုက ထိုသဘောတူညီချက်တွင် ပါဝင်လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။

၂၀၂၀ ပြည့်နှစ် မေလတွင် ထရမ့်က ဝေဟင်စောင့်ကြည့်ရေးဆိုင်ရာ သဘောတူညီချက်(Open Skies Treaty)ကို ရုရှားက ချိုးဖောက်သည်ဟု ပြစ်တင်စွပ်စွဲခဲ့ပြီး မကြာမီ သဘောတူညီချက်မှ နုတ်ထွက်မည်ဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက သက်ဆိုင်ရာနိုင်ငံများကို အကြောင်းကြားခဲ့သည်။ ထို့နောက် ယင်းနှစ် နိုဝင်ဘာလတွင် သဘောတူညီချက်မှ အမေရိကန် တရားဝင်နုတ်ထွက်ခဲ့သည်။ ယခုနှစ် ဇန်နဝါရီ ၁၅ ရက်တွင် ရုရှားက ဝေဟင်စောင့်ကြည့်ရေးဆိုင်ရာ သဘောတူညီချက်(Open Skies Treaty)နုတ်ထွက်ရေး ပြည်တွင်းလုပ်ငန်းစဉ်များကို စတင်ခဲ့ပြီး ဇွန် ၇ ရက်တွင် သဘောတူညီချက်မှ နုတ်ထွက်သည့် ဥပဒေမူကြမ်းကို ရုရှားသမ္မတ ပူတင်က လက်မှတ်ရေးထိုးခဲ့သည်။ (Xinhua)

———————————–
(Chinese Version)
(国际)俄外交部:俄罗斯将于12月18日退出《开放天空条约》
2021-06-19 04:05:21
新华社莫斯科6月18日电(记者李奥)俄罗斯外交部18日宣布,俄罗斯将于今年12月18日退出《开放天空条约》。
俄外交部当天发表声明说,俄方已将退出《开放天空条约》的决定通知所有相关方。俄方将在发出通知6个月后即12月18日正式退出这一条约。
声明表示,在去年美国宣布正式退出《开放天空条约》之后,俄罗斯被迫启动退出该条约的国内程序。此后俄方始终展现出耐心,并对这一问题持开放态度。今年5月27日,美方通知俄外交部,美方决定不再重返《开放天空条约》,使得俄方退出条约成为必然。
声明说,《开放天空条约》遭到破坏,其全部责任在美方。美方只在对其有利的情况下倡导军事领域透明化,反之则后退并制造障碍,全然不顾欧洲安全、盟友的担忧以及对自身的影响。
声明说,任何企图谋求单边优势、无视俄方利益和关切的行为都注定要失败。西方企图借助其“技术优势”绕过并排挤俄方的做法不会成功。西方伙伴应该明白,如果不将俄方及其盟友的安全利益纳入考量,其自身安全将无法得到保障。
《开放天空条约》于1992年签署,2002年起生效。条约缔约国可按规定对彼此领土进行非武装方式的空中侦察。该条约是冷战结束后重要的信任建立措施,有助于提升透明度和降低冲突风险。美国、俄罗斯和大部分北约国家签署了这一条约。
2020年5月,时任美国总统特朗普指责俄罗斯违反《开放天空条约》,美国国务院随即向该条约其他缔约国通报退约决定。俄方表示,美方的指责完全没有根据。同年11月,美国宣布正式退出该条约。今年1月15日,俄罗斯决定开启退出《开放天空条约》的国内程序。6月7日,俄总统普京签署退出《开放天空条约》法律草案。(完)

图说1:5月9日,在俄罗斯莫斯科举行的胜利日阅兵式上,俄“雨燕”、“勇士”飞行表演队成员分别驾驶米格-29、苏-30SM战机飞过红场上空。新华社记者苑欣芳摄